ဘော်ဒါတွေကို စနောက်နိုင်မယ့် အရိုးရှင်းဆုံး Tech Prank များ
Tech (နည်းပညာ) နဲ့ ပတ်သက်လို့ ဘာဆို ဘာမှ မသိတဲ့လူတွေကို စနောက်ရတာ တကယ်လည်း Funny ဖြစ်ပါတယ်။ ဒါတောင် မသိဘူးလား ဘာ၊ ညာနဲ့ ဆရာကြီး ဝင်လုပ်ရတာ Feel ရှိသလို သွားပြီး စနောက်ချင်တယ်၊ အလွယ်ကူဆုံး ဘာနဲ့ Prank နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာကြီး ဇောက်ထိုးဖြစ်သွားလို့၊ လုပ်ပေးပါဦး
ဒီ Prank ကတော့ မသိတဲ့လူကိုပဲဖြစ်ဖြစ် သိတဲ့လူကိုပဲဖြစ်ဖြစ် အတော်ကြောင်သွားအောင်လုပ်လို့ရမယ့် ပျော်စရာ Prank လေးဖြစ်ပါတယ်။ ကိုယ့်ကွန်ပြူတာ screen ကြီးက ဇောက်ထိုးဖြစ်နေတာကို ရုတ်တရက်မြင်လိုက်ရတာလောက် ကသိကအောက်ဖြစ်စရာရှိမယ်မထင်ပါဘူး။

Windows မှာဆိုရင် ကိုယ့်ရဲ့ Desktop ကို Right-Click နှိပ်ပြီး Display Settings (တချို့ Screen Resolution) ကိုဝင်ပါ ပြီးရင် Screen Orientation မှာဇောက်ထိုးပြောင်းလိုက်ရုံပါပဲ။
Mac မှာဆိုရင် Apple Menu > System Preferences > Displays ကိုသွားပြီး Rotation ကို 90º, 180º, 270º ဆိုပြီး ဇောက်ထိုးပြောင်းလိုက်လို့ရပါတယ်။
Mouse က ဘာလို့လည်နေတာလဲ? အဲ့ဒါ ဟန်းပြီးလေးနေတာလေ
စဉ်းစားကြည့်။ သုံးနေရင်း ကိုယ့် Cursor ကြီးကတစ်ခုခုကို Loading လုပ်နေသလိုကြီးဖြစ်နေရင် ဘယ်လောက်တောင်စိတ်ထဲမတင်မကျဖြစ်လိမ့်မလဲ။ အဲ့တာ ဒီ Prank လေးကိုသုံးပြီးတော့လည်း ကိုယ့်သူငယ်ချင်းတစ်ယောက်ယောက်ကို ဆေးထိုးပြီး ထိုင်ခွီနေလို့ရပါတယ်။

Windows မှာဆို Control Panel > Mouse > Pointers ကိုသွားပြီးတော့ Customise အောက်မှာ Normal ဆိုတာကို Browse ကနေပြီး ကြိုက်တာတစ်ခုခုပြောင်းလိုက်ပါ။
Macs မှာ ဒီလိုတော့ ကိုယ်ကြိုက်သလို Change လို့မရပါဘူး။ ဒါပေမယ့် Cursor ကိုတော့ဂျင်းထည့်လို့ရပါသေးတယ်။ System Preferences > Accessibility > Display ကိုသွားပြီး Cursor ဆိုတဲ့ Tab မှာ Size ကို Large ထိဆွဲပြီး ဆေးထိုးလို့ရပါတယ်။
You Are My Crush
ကိုယ်က Hi လို့ရေးလိုက်ပေမဲ့ ဟိုဘက်မှာ “I have the biggest crush on you” စသဖြင့်နဲ့ ဆေးထိုးလို့ကောင်းတဲ့စာသားမျိုးထည့်ပြီး သူငယ်ချင်းတစ်ယောက်ယောက်ကို ဆေးထိုးကြည့်ပါလား။ သူအသုံးများတတ်တဲ့ Phrase တွေကို တခြားပေါက်ကရစာသားတွေနဲ့ ပြောင်းထားပြီး သူ့ Reaction ဘယ်လိုလဲဆိုတာကိုစမ်းကြည့်ပေါ့။
iPhone မှာဆို Settings > General > Keyboard မှာ Auto-Correction ကိုအရင်ဖွင့်ထားပေးပါ။ ပြီးရင် Keyboard ထဲမှာပဲ Text Replacement ထဲမှာ + ကိုနှိပ်ပြီး ကိုယ်ကြိုက်တဲ့ ဆေးကျွေးထားလိုက်ပါ။

Android မှာဆို Settings > Language & input > Google Keyboard (ဒါမှမဟုတ် ကိုယ့်ရဲ့ Default Keyboard) > Text Correction > Personal Dictionary ထဲမှာ ဝင်ကလိပြီး ဆေးထိုးလိုက်ပါ။ (Keyboard Settings တစ်ခုနဲ့တစ်ခု မတူနိုင်တဲ့အတွက်ကြောင့် Step ကွဲနိုင်ပါတယ်။)
Mac မှာဆိုရင် System Preferences > Keyboard > Text မှာ + ကိုနှိပ်ပြီး ကိုယ်ကြိုက်သလိုပြင်လို့ရပါတယ်။
Windows မှာဆိုရင်တော့ သီးသန့်ကြီးလုပ်လို့ရတာမျိုးမရှိပါဘူး။ ဒါပေမယ့် Microsoft Office Word မှာ ဆေးထိုးလို့ရပါတယ်။ File (or Office button) > Options > Proofing > Auto Correct Options ကိုသွားပြီး ပြင်လို့ရပါတယ်။
Mouse က မရွေ့ဘူး
ဒါက ရိုးတဲ့ Prank တစ်ခုဖြစ်ပေမဲ့ စလို့ကောင်းပါတယ်။ သူသုံးတဲ့ Mouse ရဲ့အောက်က Sensor ကို စာရွက်တစ်ခုခုကပ်ပြီး သူသုံးနေတဲ့ Mouse ကိုအရူးလုပ်လိုက်လို့ရပါတယ်။

ငါ့ကွန်ပျူတာ Virus ကိုက်နေပြီ
ကိုယ်က ဆေးထိုးချင်တဲ့ သူရဲ့ Desktop ကို Screenshot ရိုက်လိုက်ပါ။ ပြီးရင် အဲ့ပုံကို Wallpaper အနေနဲ့လုပ်ပြီး Taskbar တွေ Icons တွေကို Hide လုပ်လိုက်ပါ။ ဒါဆို ကိုယ့် Desktop ပေါ်မှာ Icons တွေကရှိသယောင်ယောင်နဲ့ ဘာမှနှိပ်မရဝင်မရဖြစ်သွားပါလိမ့်မယ်။ ဒါမှမဟုတ် သူ့ Desktop ကအရမ်းရှုပ်ထွေးနေတာမျိုးဆိုရင် တချို့ App တွေကို Hide မလုပ်ပဲချန်ခဲ့လိုက်ပါ။ ဒါဆိုရင် နှိပ်ရတဲ့ဟာက နှိပ်ရပြီး နှိပ်မရတဲ့ဟာက နှိပ်မရဘူးဆိုပြီး ဦးနှောက်ခြောက်သွားပါလိမ့်မယ်။

ဒီ Prank တွေအားလုံးဟာ Safe ဖြစ်တဲ့အတွက် ဘာကိုမှထိခိုက်စရာအကြာင်းမရှိပါဘူး။ ကိုယ်ကသာ ခွီနေဖို့ပဲ အသင့်ပြင်ထားလိုက်ပါ။