October 30 မှာ ရောင်းချသွားတော့မယ့် The New In-Ear AirPods Pro
Apple ကဒီနေ့မှာဘဲ AirPods အသစ်ဖြစ်တဲ့ the new in-ear AirPods Pro ကိုမိတ်ဆက်ခဲ့ပါတယ်။ AirPods Pro ကို October 30 မှာစတင်ရောင်းချမှာဖြစ်ပြီး ဈေးကတော့ $249 (မြန်မာကျပ်ငွေ ၄သိန်းခန့်)ရှိမှာဖြစ်ပါတယ်။
AirPods အသစ်ဖြစ်တဲ့ AirPods Pro ရဲ့ဒီဇိုင်းဟာ Rumors တွေထဲကလိုပဲ အရင်ကထက် အနည်းငယ်သေးသွားပြီး သူ့ရဲ့ Charging Case ကလည်း အရင်ကထက် အနံသေးသွားတာကို တွေ့ရပါတယ်။
AirPods Pro မှာအထူးပြုခံရတဲ့ Feature ကတော့ Noise Cancellation Feature ပဲဖြစ်ပြီး In-ear ဒီဇိုင်းကိုမှ ပေါ့ပေါ့ပါးပါးနဲ့ ကျယ်ပြောတဲ့ အသံကို ပေးနိုင်မှာဖြစ်ပါတယ်။

AirPods Pro မှာ Microphones တွေက အဆင့်မြင့်နည်းပညာ ကိုအသုံးပြုထားပြီး ပြင်ပကအသံကို Detect လုပ်၊ Earbuds တွေက Cancel ပြန်လုပ်ပြီး စစ်ထုတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့် AirPods Pro ရဲ့ Noise Cancellation System ဟာပိုကောင်းလာသလို Beats Solo Pro Headphones တွေမှာ သုံးထားတာနဲ့ ခပ်ဆင်ဆင်ဖြစ်သွားပါတယ်။ AirPods Pro ရဲ့ Noise Cancellation ဟာ 200 times per second ထိတိုးထားတယ်လို့ Apple ကဆိုပါတယ်။
Apple ကနေပြီးတော့ Transparency Mode လို့ခေါ်တဲ့ Feature ဟာ ကိုယ်က သီချင်းနားထောင်နေရင်းနဲ့လည်း ပတ်ဝန်းကျင်က အသံကို ကြားစေနိုင်မှာဖြစ်ပါတယ်။ Adaptive EQ လို့ခေါ်တဲ့ Feature ဟာ ကိုယ့်ရဲ့နားရွက်အနေအထားအလိုက် သီချင်းသံကို အလိုအလျောက် Tune လုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးကောင်းတဲ့ အသံ Quality ကိုပေးနိုင်မယ်လို့ဆိုပါတယ်။ ပြီးရင် AirPods Pro Earbuds တွေ ရဲ့ Force Sensors တွေဟာလည်း Music Playback ကိုထိန်းချုပ်နိုင်သလို Transparency Mode ကိုအဖွင့်အပိတ်လုပ်နိုင်မှာဖြစ်ပါတယ်။
AirPods Pro ဟာ အရင်နှစ်တွေတုန်းက AirPods လိုမဟုတ်ဘဲ In-ear Silicon Tips သုံးခုနဲ့ပါလာမှာဖြစ်ပါတယ်။ အရွယ်အစား သုံးမျိုးရှိတဲ့ Earbud Tips လေးတွေထဲကနေမှ ကိုယ့်ရဲ့နားရွက်နဲ့ အဆင်အပြေဆုံး Size ကိုရွေးပြီးသုံးနိုင်မှာပါ။ ကိုယ်နဲ့ ဘယ်အရွယ်အစားက အသင့်တော်ဆုံးလည်းဆိုတာကို သိဖို့အတွက် Ear Tip Fit Test လို့ခေါ်တဲ့ Software Audio Test လည်းပါဝင်လာမှာဖြစ်တယ်လို့ဆိုပါတယ်။နောက် AirPods Pro ရဲ့အရင်ကထက် ပိုကောင်းသွာတဲ့အချက်ဟာ ရေစိုခံ ချွေးရွှဲခံသွားတာပဲ ဖြစ်ပါတယ်။

AirPods Pro ဟာ Wireless Charging နဲ့အလုပ်လုပ်နိုင်ပြီး အားသွင်းပေါက်ကိုတော့ Lightning Connector ပဲသုံးထားပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာ ကြိုးကတော့ USB-C to Lightning အမျိုးအစားပါဝင်လာမှာဖြစ်ပါတယ်။ Battery သက်တမ်းအနေနဲ့ဆိုရင်တော့ နားဆင်ချိန် ငါးနာရီလို့ဆိုထားပြီး Active Noise Cancellation ကိုသုံးရင်တော့ လေးနာရခွဲခံမယ်လို့ ဆိုထားပါတယ်။ Earbud ရဲ့ Charging Case ကတော့ Listening Time ကို ၂၄နာရီအထိ တိုးမြှင့်ပေးနိုင်တယ်လို့ဆိုထားပါတယ်။
AirPods Pro ကို Apple ရဲ့ Website တွေမှာ မှာယူလို့ရပြီဖြစ်ပြီး အောက်တိုဘာ ၃၀မှာ $249 နဲ့စတင်ဖြန့်ချီမှာဖြစ်ပါတယ်။ AirPods Pro ကိုအသုံးပြုဖို့အတွက် iOS 13.2 ကိုလိုအပ်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။