November မှာ ထွက်လာမယ့် Xiaomi ရဲ့ Smartwatch အသစ်

Google ရဲ့ Wear OS ကိုမှီခိုပြီး Smartwatch Brand တွေအတော်များများ ထွက်လာတာကိုတွေ့ရပါတယ်။ Xiaomi ကလည်း ဒီ Wear OS ကိုအခြေခံပြီး Smartwatch တစ်ခုထွက်တော့မယ်ဆိုတာကို စတင်အသိပေးလိုက်ပြီဖြစ်ပါတယ်။

Xiaomi ဟာ သူတို့ရဲ့ Official Weibo Page မှာ Smartwatch ကိုပြထားတဲ့ ပုံတစ်ပုံနဲ့ “Xiaomi Watch” ဆိုတဲ့စာသားနဲ့တင်ထားတာကိုတွေ့ရပါတယ်။ နာရီရဲ့ပုံစံဟာ စတုရန်းဆန်ဆန်လေးထောင့်ကိုမှ ဘောင်အကွေးနဲ့ဖြစ်ပြီး ညာဘက်အပေါ်မှာတော့ Ring လေးပါပါတယ်။ အထက်နဲ့အောက်မှာကတော့ Watch Band ပါပါတယ်။ ဒီပုံစံဟာ Apple Watch နဲ့အတော်တူတာကိုလည်း သတိထားမိမှာဖြစ်ပါတယ်။

Xiaomi ရဲ့ Smartwatch အသစ်ဟာ Black နဲ့ Silver ဆိုပြီး အရောင်နှစ်မျိုးနဲ့လာနိုင်ချေရှိပါတယ်။ ပြီးရင် Mijia လို့ခေါ်တဲ့ Xiaomi Smartwatch Manufacturer ကတင်လို့က်တဲ့ ဓာတ်ပုံတွေထဲကအရဆိုရင် ဒီ Smartwatch အသစ်ဟာ 3D Curved Glass ကိုအသုံးပြုထားနိုင်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ပြီးရင် NFC နဲ့ eSIM ကိုလည်းထောက်ပံ့မှာဖြစ်သလို နာရီတစ်လုံးအနေနဲ့ Battery Capacity ကြီးကြီးနဲ့လာနိုင်ဖွယ်ရှိပါတယ်။

Xiaomi Mi Watch ဆိုပြီး အမည်ပေးနိုင်တယ်လို့ခန့်မှန်းထားပြီး Teaser ထဲမှာ နိုဝင်ဘာ ၅ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Source: BGR9to5Google

Previous
Previous

October 30 မှာ ရောင်းချသွားတော့မယ့် The New In-Ear AirPods Pro

Next
Next

ကျောဘက် ကင်မရာ ၅ လုံးနဲ့ ကြွားလုံးထုတ်လုပ်တဲ့ Xiaomi