ကျောဘက် ကင်မရာ ၅ လုံးနဲ့ ကြွားလုံးထုတ်လုပ်တဲ့ Xiaomi

Xiaomi ကနေပြီးတော့ နောက် Flagship တစ်ခုအတွက်အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၅ ရက် နေ့မှာ ပွဲထုတ်ကြေညာသွားဖို့ရှိပါတယ်။ ဒီ Flagship ကို Xiaomi က Mi CC9 Pro လို့နာမည်ပေးထားပြီး Glabal Version အနေနဲ့ Xiami Mi Note 10 ဆိုပြီးထွက်လာတော့မှာ ဖြစ်ပါတယ်။

[youtube https://www.youtube.com/watch?v=scTeVM_1pyo?feature=oembed&w=459&h=344]

Xiaomi ကနေပြီးတော့ တင်နေတဲ့ Official Teaser တွေအရ Mi Note 10 ဟာ Camera ၅လုံးပါတဲ့ Penta Camera Systemကို အသုံးပြုထားတဲ့ ကမ္ဘာပထမဆုံး Smartphone တစ်လုံးဖြစ်လာမှာပါ။ ဒီ Camera အားလုံးမှာ Primary Shooter ကြီးက 108-megapixel ဖမ်းယူနိုင်မှာဖြစ်ပြီး Samsung ISOCELL Bright HMX Sensor ကိုသုံးထားမှာဖြစ်ပါတယ်။

Ultra-wide-angle Camera ကိုတော့ 20-megapixel သုံးထားပြီး Field of View ဟာ 117-degree အထိထောက်ပံ့နိုင်မှာဖြစ်ပါတယ်။ ပြီးရင်တော့ Telephoto Lens၊ Macro Camera နဲ့ 12-megapixel Protrait Shooter ပါမှာဖြစ်ပါတယ်။ Telephoto Lens ကတော့ 10x Hybrid Zoom နဲ့ 50x Digital Zoom အထိသုံးနိုင်မယ်လို့ဆိုထားပါတယ်။

ခုလက်ရှိအချိန်မှာတော့ Camera အသစ်ကလွဲရင် ကျန်တာဘာ Detail မှဖော်ပြထားတာမရှိပါဘူး။ ခန့်မှန်းသူတွေကတော့ Mi Note 10/ Mi CC9 Pro ဟာ 6/8/12 GB ဆိုပြီး RAM သုံးမျိုး၊ 64/128/256 GB ဆိုပြီး Memory သုံးမျိုးနဲ့ လာနိုင်ချေရှိတယ်လို့ဆိုပါတယ်။

ပြီးရင် CPU ရဲ့ Clock Speed ကတော့ 2.2 GHz ဖြစ်တဲ့အတွက်ကြောင့် Snapdragon 730G ကိုသုံးထားတာဖြစ်နိုင်ပါတယ်လို့ဆိုထားပါတယ်။ ပြီးရင် သူ့ရဲ့ Battery Capacity ဟာလည်း 5,170mAh လောက်နဲ့လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Source: GSMArenaNDTVXDA Developers

Previous
Previous

November မှာ ထွက်လာမယ့် Xiaomi ရဲ့ Smartwatch အသစ်

Next
Next

Exynos 990 Flagship Chip အသစ် မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Samsung