5G မှာနောက်ကျနေပေမယ့် ဆရာကြီးလုပ်ပြတော့မယ့် 2020 iPhone

Apple ဟာ Innovation ဘက်မှာ သူ့ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Samsung တို့၊ Huawei တို့ထက် အမြဲနောက်ကျနေလေ့ရှိပါတယ်။ ခုလည်း Samsung နဲ့ Huawei တို့က 5G နည်းပညာကို စပြီးချဲ့ထွင်နေပြီဖြစ်ပေမဲ့ Apple ကတော့ သူ့ရဲ့ နောက်ဆုံး Mobile Flagship ဖြစ်တဲ့ iPhone 11 တွေအထိ 5G မရသေးပါဘူး။

Apple ဟာ နည်းပညာပိုင်ဆိုင်ရာ သစ်ဆန်းမှုမှာ နောက်ကျလေ့ရှိပေမယ့် အသစ်ထည့်သုံးမယ့် နည်းပညာတွေကိုတော့ တခြားပြိုင်ဘက်တွေ့ ပိုပြီး Master ဖြစ်တာကိုတော့ ငြင်းရခက်ပါလိမ့်မယ်။ ခုတစ်ခါမှာလည်း 2020 iPhone တွေမှာ ထည့်သုံးမယ်ဆိုတဲ့ 5G နည်းပညာကို “Most Advanced” ဖြစ်အောင်လုပ်တော့မယ့်ပုံပေါက်ပါတယ်။

Photo: Business Insider

Apple က 2020မှာ 5G iPhone တွေကို အလုံးရေ သန်း ၈၀ လောက် အထိ ရောင်းချဖို့ရှိတယ်လို့ ဆိုထားတဲ့အတွက်ကြောင့် အသစ်ထွက်လာမယ့် 2020 iPhone တွေမှာ 5G ပါလာဖို့ သေချာသလောက်ကိုဖြစ်နေပါပြီ။

Apple ရဲ့ 5G Chip ဟာ ကြားသိထားသလောက်ဆိုရင် Qualcomm ကနေထုတ်တဲ့ X55 Chip ကိုအသုံးပြုမှာဖြစ်ပါတယ်။ X55 Chipဟာ သိသိသာသာ ပိုပြီးမြန်ဆန်တဲ့ Download Speed တွေကို ပေးနိုင်မှာဖြစ်ပြီး Theoretically ဆိုရင်အမြင့်ဆုံး 7Gb/s ထိရှိတဲ့ မြန်နှုန်းကိုပေးနိုင်ပါတယ်။ ဒါ့အပြင် နောင်ကျရင် Apple ဟာ 5G Chip တွေကို သူတို့ကိုယ်တိုင်ထုတ်နိုင်အောင် လုပ်ဆောင်နေပါတယ်။

Photo: Android Police

2020 iPhone တွေဟာ 5G နည်းပညာကို သုံးလာမယ်ဆိုတဲ့ သတင်းတွေတင်မကပဲ အခြား စိတ်ဝင်စားစရာကောင်းတဲ့ Rumor တွေလည်းရှိပါတယ်။ 2020 iPhone တွေဟာ iPad Pro လိုမျိုး ပိုပြီး ထောင့်ကျမယ့်ဘောင်တွေပါလာဖို့ရှိပါတယ်။ ပြီးရင် A14 Processor ကိုလည်း 5nm Process သုံးပြီး ထုတ်လုပ်ဖွယ်ရှိတယ်လို့လည်း ဆိုထားပါတယ်။ ဒါအပြင် AR ဘက်ကို ပိုကောင်းအောင်လုပ်ပေးမယ့် 3D Sensor တွေအသုံးပြုထားတဲ့ rear-camera ကိုသုံးဖွယ်ရှိတယ်လို့လည်း ကြားသိရပါတယ်။

Source: Cult of MacMac Rumours

Previous
Previous

အနှောက်ယှက်ပေးလွန်းတဲ့ Bloatware တွေကို ဘယ်လို ဖျက်ကြမလဲ?

Next
Next

ဘော်ဒါတွေကို စနောက်နိုင်မယ့် အရိုးရှင်းဆုံး Tech Prank များ