ရောင်းအားတွေထိုးတက်နေတဲ့ iPhone 11
ဈေးကွက်ရင်းနှီးမြှုပ်နှံမှု သုတေတီအဖွဲ့ဖြစ်တဲ့ Consumer Intelligence Research Partners ဟာ 2019 ခုနှစ် Q3 အတွက် iPhone ရောင်းအားကို ထုတ်ပြန်ခဲ့ပါတယ်။
US မှာရောင်းရတဲ့ 20% ခန့်သော iPhone ရောင်းအားတွေဟာ iPhone 11 Models တွေကနေလာတာဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် iPhone 11 Models တွေကိုဝယ်ယူလို့ရတာ နှစ်ပတ်ကျော်ပဲရှိပါသေးတယ်။

ဖုန်းဝယ်ဖို့စဉ်းစားကြတဲ့အခါမှာ သုံးသူ Consumer တွေဟာ ဈေးကိုအဓိထားကြည့်ကြတာဖြစ်တဲ့အတွက် အသစ်ထွက်ထားတာထဲက ဝယ်ရင် ဈေးအသင့်ဆုံးတွေကို ရွေးဝယ်ကြပါတယ်။ 20% ခန့်သော iPhone 11 Series တွေရဲ့ရောင်းအားကိုခွဲကြည့်တဲ့အခါမှာ
- iPhone 11: 9%
- iPhone 11 Pro: 6%
- iPhone 11 Pro Max: 4% ဆိုပြီးတွေ့ရပါတယ်။
ဒါကိုကြည့်မယ်ဆိုရင် iPhone 11 ရဲ့ရောင်းအားဟာ iPhone 11 Pro Series နှစ်ခုပေါင်းနဲ့သွားကပ်နေတာကို မြင်ရတာဖြစ်ပါတယ်။ iPhone 11 ဟာ ခုလောလောဆယ်ထွက်ထားတဲ့ iPhone တွေထဲမှာ ဈေးအသက်သာဆုံးဖြစ်နေပြီး သုံးသူအများစုနဲ့အသင့်တော်ဆုံးဖြစ်နေတာကြောင့် သူ့ရောင်းအားဟာ ဆက်လက်ထောင်တက်လာလိမ့်မယ်လို့လည်း ခန့်မှန်းမိပါတယ်။

တစ်ချက်ပြန်စဉ်းစားကြည့်မယ်ဆိုရင် မနှစ်ကထွက်ခဲ့တဲ့ တန်ဖိုးသင့် Flagship ဖြစ်တဲ့ iPhone XR ဟာလည်း 2019 နှစ်ဝက်အထိ ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံး Smartphone တစ်လုံးဖြစ်ခဲ့ပါတယ်။ အကယ်၍သာ ခုရောင်းအားကောင်းနေတဲ့ iPhone 11 နဲ့ iPhone XR ရဲ့ရောင်းအားနှစ်ခုကို ပေါင်းလိုက်မယ်ဆိုရင် US မှာ ရောင်းရတဲ့ iPhone ရောင်းအားရဲ့ ထက်ဝက်နီးပါးလောက်အထိရောက်သွားတယ်ဆိုပြီး CIRP ရဲ့ Partner နဲ့ Co-Founderဖြစ်သူကဆိုပါတယ်။
အသုံးပြုသူတွေဟာ Apple ရဲ့တန်ဖိုးကြီးဖုန်းတွေကို သိပ်မဝယ်တာကို အထင်းသားတွေ့ရှိရပြီး၊ တန်ဖိုးသင့် ဖုန်းတွေကိုသာ ဝယ်ယူမှုများလာပါတယ်။ ဒါဟာ ရောင်းအားကို မြှင့်တင်ပေးတာမှန်ပေမဲ့ Apple ရဲ့ ပျှမ်းမျှရောင်းရတန်ဖိုးဟာ 2018 Q4 မှာ $839 ရှိခဲ့ရာကနေ ယခု $783 ထိကျသွားတယ်လို့လည်း ဆိုထားပါတယ်။
Source: 9to5Mac ၊ Cult of Mac