ကိုယ့်အချက်အလက်ကို ခိုးပို့နေတဲ့ Android App တွေကိုသုံးနေလား

Google Play Store ဟာ Android သုံးသူတွေအများစု မှီခိုတဲ့ App Marketplace တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့တွေအားလုံးက App တစ်ခုခုကို ဒေါင်းတဲ့အခါ အဲ့ App ကနေပြီးကိုယ့်စီကနေဘာတွေယူသွားမလဲဆိုတာထက် အဲ့ App နဲ့ဘာလုပ်လို့ရမလဲကိုပဲ ဦးစားပေးစဉ်းစားတတ်တာများပါတယ်။ အချို့သော App Developer တွေဟာ သုံးတဲ့သူဘက်ကို သူတို့လိုချင်တဲ့ အရာတစ်ခုခုပေးလိုက်ပေမဲ့ အနောက်ဘက်ကနေပြီးတော့ သုံးသူရဲ့အချက်အလက်တွေကို တိတ်တခိုးစုဆောင်းနေတတ်တာမျိုးတွေရှိပါတယ်။

Security Research လုပ်တဲ့သူတွေဟာ Google Play Store မှာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကြော်ငြာသမားတွေဆီ တိတ်တခိုးရောင်းချနေတဲ့ App တွေ တွေ့ရှိခဲ့ပါတယ်။ အဲ့လို Apps တွေကို Adware လို့ခေါ်ပါတယ်။

အသုံးပြုသူတစ်ယောက်က Adware ပါတဲ့ App တစ်ခုခုကိုသွင်းမိတဲ့အခါ အဲ့ App ကနေပြီး Full-screen Ads တွေပေါ်လာစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ App တွေတာ ကောင်းသယောင်ယောင်ထင်နေရတဲ့အတွက် သူတို့ကနေဖြစ်နေတယ်ဆိုတာ သိဖို့မလွယ်ပါဘူး။

သုံးနေရင်းနဲ့ ရုတ်တရက်ပေါ်လာတဲ့ Full-screen Ads တွေဟာ တစ်ခါတည်းမဟုတ်ဘဲ အချိန်အနည်းငယ်ခြားခြားပြီး ပေါ်လာတတ်ပါတယ်။ တစ်ခါတလေကျရင် အဲ့လို App တွေက သူတို့ရဲ့ Shortcut Icon ကို Apps Display ကနေဖျက်ထားတတ်တာကြောင့် သုံးတဲ့သူအနေနဲ့ သိဖို့နေနေသာသာ ဖျက်ဖို့ပိုဝေးသွားစေပါတယ်။

Adware တွေဟာ Ads တွေပြပြီး ကိုယ့်အချက်အလက်တွေကို Background ကနေကြော်ငြာသမားတွေဆီပို့ပြီး ပိုက်ဆံရှာတတ်ပါတယ်။ ပိုဆိုးတာက အကယ်၍များ ကိုယ့်ဖုန်းက Unknown Source တွေကနေ App Install လုပ်တာကိုခွင့်ပြုထားတယ်ဆိုရင် Adware တွေကနေပြီး Malicious App တွေသွင်းပြီး ပိုဆိုးရွားလာစေနိုင်ပါတယ်။

ESET ဆိုတဲ့ Internet Security တစ်ခုက သုတေသီတွေဟာ Adware တွေ ပါတဲ့ Apps ၄၂ ခုလောက်ဟာ Google Play Store ပေါ်မှာ သူတို့စထွက်တဲ့ July 2018 ကနေစပြီး ဒေါင်းလုတ်ပေါင်း ၈သန်းကျော်လောက် ရှိနေပြီဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ အဲ့ထဲမှာ သင်လည်း ပါနေနိုင်ပါတယ်ဆိုတာ ဂရုပြုပါ။

Adware တွေအများစုကို Google မှဖျက်ပေးပြီးဖြစ်သော်လည်း ကျန်နေတာတွေရှိပါသေးတယ်။ ဒီပုံထဲမှာ ပါနေတဲ့ Apps တွေဟာ ESET ကနေပြီး အန္တရာယ်ရှိတဲ့ Adware တွေအဖြစ်သတ်မှတ်ထားပြီး ကိုယ့်ဖုန်းထဲမှာရှိတယ်ဆိုရင် Uninstall လုပ်ဖို့ Recommend ပေးပါတယ်။

ကိုယ့်မှာ ဒီ App တွေရှိနေတယ်ဆိုရင်တော့ Settings > Apps & notifications > See all apps ကိုဝင်ပြီးဖျက်ပစ်နိုင်ပါတယ်။

ဒီ Adware တွေရဲ့နောက်ကွယ်က Developer ဟာ Vietnam က ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ဖို့များတယ်လို့လည်း သိရပါတယ်။

Source: TechcrunchLifehackerWeLiveSecurity

Previous
Previous

ရောင်းအားတွေထိုးတက်နေတဲ့ iPhone 11

Next
Next

Twitch ကနေ စွန့်ခွာသွားပြီဖြစ်တဲ့ Pro Player “Shroud” Grzesiek