Twitch ကနေ စွန့်ခွာသွားပြီဖြစ်တဲ့ Pro Player “Shroud” Grzesiek

Micheal “Shroud” Grzesiek လို့ အမည်တွင်နေတဲ့ Twitch Star တယောက်ကတော့ သူ့ကို နာမည်ကြီးစေတဲ့ Platform ကို စွန့်ခွာလိုက်ပြီ ဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။
ဒီလို ကြေညာချက် အပြီးမှာပဲ Twitch ကနေ Partner Badge ကို ဖယ်ရှားလိုက်တဲ့အပြင် Shroud Channel ကိုပါ ရပ်နားလိုက်ပြီလို့ Shroud Follower တွေနဲ့ Channel ကို စောင့်ကြည့်နေသူတွေအတွက် ထပ်ဆင့် ကြေညာခဲ့ပါတယ်။

Pro CS:GO Player Mike “Shroud”(Photo: Dot Esports)

အဲ့ဒါကြောင့် Shroud တစ်ယောက် ထွက်သွားပြီဆိုတာထက် Personal အရမ်းဆန်လွန်းတဲ့ ကနေဒါနိုင်ငံသား အပြုမူတွေကြောင့် ဆက်ဆံရေး ပြတ်တောက်သွားဟန် ရှိပါတယ်။
ပြဿနာ အရင်းခံကို Twitch ပြောရေးဆိုခွင့် ရှိသူက The Verge မှာ ပြောကြားခဲ့ပြီး ဘယ်လို ဖြစ်ခဲ့လဲဆိုရင်

“Grzesiek ဟာ မနေ့တစ်နေ့လုံး Search ကနေ ပျောက်သွားခဲ့တယ်ဆိုတာ ကျနော်တို့ Platform မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အသေးဖွဲလေးပါ။ Search List ကနေ Shroud အပါ တခြား Streamer တွေကိုပါ ရှာမရတော့တာက Bug ဖြစ်ခဲ့လို့ ကျနော်တို့ဘက်ကနေလည်း တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါတယ်”

Shroud ဟာ ပြဿနာဖြစ်ခဲ့တဲ့ သောကြာနေ့တစ်နေ့လုံး ပေါ်မလာခဲ့ပေမယ့် နောက်နေ့မှာတော့ ပုံမှန်အတိုင်း Search ကနေ ပြန်တက်လာခဲ့ပါတယ်။
ဒါကို ထောက်ကြည့်ရင် Personal ဆန်တာနဲ့ မသက်ဆိုင်ဘဲ ငွေအင်အား ပေါကြွယ်ဝတဲ့ Amazon နဲ့ Microsoft တို့ ယှဥ်ပြိုင်မှုက တိုက်ရိုက်ပတ်သက်မှု ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

ဘာလို့လဲဆိုတော့ အမေရိကန် ပြည်ထောင်စုရဲ့ ကာကွယ်ရေး စစ်ဌာနချုပ် ပင်တဂွန် (Pentagon) မှာ ပြုလုပ်ခဲ့တဲ့ ညှိနှိုင်းမှုတွေအရ JEDI Cloud စာချုပ်ကို ဒေါ်လာ ၁၀ ဘီလီယံ တန်ကြေးနဲ့ Microsoft အနိုင်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
အခု Pro Player ကြီး ထွက်မယ်လို့ Announce လုပ်တော့ Partner Badge ကို ဖြုတ်ပစ်လိုက်တယ်ဆိုတာက ခက်ထန်တဲ့ တုံ့ပြန်မှုလို့ ဆိုနိုင်ပါတယ်။

Tyler “Ninja” Blevins (Photo: Getty Images)

ဒီလို ပြုလုပ်တာမျိုး (ဂရုမစိုက်တာမျိုး) က ပထမဆုံး အကြိမ်မဟုတ်သလို Follower ၁၄ သန်းကျော်ရှိတဲ့ Ninja ထွက်သွားတုန်းကလည်း သူ့ Channel မှာ Porn ကားတွေ လွှင့်ပြီး လှောင်တာမျိုး လုပ်ခဲ့ဖူးပါတယ်။
Ninja ကို ထုတ်တယ်ဆိုတာကလည်း Fortnite ကမ္ဘာ့ဖလားမှာ Qualifier ပွဲစဥ်တောင် မဝင်နိုင်လိုက်တာကြောင့်လို့ Twitch ကပဲ နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ (အမှန်က အချိုသပ် သဘောနဲ့ “ပ” ထုတ်ခဲ့တာပါ)

အခုလို Counter-Strike: Global Offensive နဲ့ နာမည်ကြီးလာတဲ့ Shroud ကိုလည်း “ငါတို့ Channel မှာ မင်းမရှိလည်း အနေသာကြီးပါ” ဆိုတဲ့ သဘောနဲ့ Partner Badge ဖယ်ရှားလိုက်တယ်။
အဲ့ဒါကြောင့် အအောင်မြင်ဆုံးဖြစ်နေတဲ့ Twitch အနေနဲ့တောင် Pro Player တွေကို Respect မထားဘူးဆိုရင် ရေရှည်မှာ တမျိုးတဖုံ ပြောင်းလဲလာနိုင်ပါတယ်။

ဒီလို ပြောနိုင်တယ်ဆိုတာကလည်း Amazon ကြွက်သားနဲ့ အင်အားတောင့်နေသလို Starter တွေအတွက်လည်း Ads တွေကနေ ဝင်ငွေရှာနိုင်တာမျိုး၊ အခုဆိုရင် Watch Party ပုံစံမျိုး Streamer တွေကို ကစားခွင့် ပေးသွားမှာ ဖြစ်တဲ့အပြင် Amazon Prime Content တွေကို Viewer တွေလည်း ခံစားခွင့် ပေးလာမှာ ဖြစ်ပါတယ်။

အကြီးမားဆုံး ပြောင်းလဲစေမှာကတော့ Social Media တွေမှာ Broadcast လုပ်တာနဲ့ ပတ်သက်ပြီး Twitch တဖြစ်လည်း Amazon အာဏာရထားပြီဖြစ်တဲ့ မူပိုင်ခွင့်တွေပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲ MixerCaffeine Channel တွေ ရှိနေပါစေဦး Twitch ကို တော်လှန်ဖို့ဆိုတာ Netflix ၊ Amazon နဲ့ Disney+ တို့ ခြေချင်းလှိမ်နေတဲ့ တိုက်ပွဲကြီးလိုပဲ ဘာဖြစ်ဖြစ် ပိုက်ဆံနဲ့ လိုက်ပေါက်မှာပဲ ဖြစ်ပါတယ်။

Photo: The Verge

အဲ့ဒါကြောင့် Shroud နဲ့ Ninja တို့မကဘဲ Microsoft လို ကုမ္ပဏီ ဦးဆောင်ရင်တောင် Twitch ပျောက်သွားဖို့ မဖြစ်နိုင်ပါဘူး။ ပြန်ချုပ်ရရင်တော့

Shroud ထွက်သွားတာ “ပရိသတ်နဲ့ ဝင်ငွေ ရချင်ကောင်းရနိုင်ပေမယ့် Streaming ဆိုတာကြီးကို Professional Career အနေနဲ့ မစဥ်းစားသင့်ဘူးလို့” သဘောပေါက်မယ် ထင်ပါတယ်။

Source: TheVerge

Previous
Previous

ကိုယ့်အချက်အလက်ကို ခိုးပို့နေတဲ့ Android App တွေကိုသုံးနေလား

Next
Next

Password ပေါက်ကြားသွားရင်အသိပေးမယ့် Firefox နဲ့ Chrome Browser အသစ်