Galaxy S10 အတွက် Fingerprint Security Update ထုတ်ပေးတော့မယ့် Samsung
Samsung ရဲ့ ထုတ်ပြန်ချက်အရ Samsung Galaxy S10, s10 Plus, S10 5G, Note10 နဲ့ Note 10 Plus တွေမှာ ဘယ်သူ့လက်နဲ့မဆို ဝင်လို့ရနေတဲ့ အားနည်းချက်ကြီး တစ်ခုဖြစ်နေပါတယ်။
ဒီအားနည်းချက်ဟာ Silicon Screen Protector တွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ကိုယ်က Fingerprint နဲ့သုံးတဲ့အခါ မှန်သည်မှားသည်ဖြစ်စေ ယခင်က Screen Protector ပေါ်မှာကျန်ခဲ့တဲ့လက်ဗွေကိုပဲ Software က မှားယွင်း ဖတ်မိတဲ့အတွက်ကြောင့် အမြဲဝင်လို့ရနေသလိုဖြစ်သွားစေပါတယ်။

အဆိုပါအားနည်းချက်ကို သိရှိကြောင်း Samsung ကထုတ်ပြန်ထားပြီး Software Update Fix ကို October တတိယပတ်မှာ ထုတ်ပေးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
Software Update မထွက်သေးခင်မှာတော့ In-display Fingerprint error ကိုဖြေရှင်းဖို့အတွက် ကိုယ်သုံးနေတဲ့ Screen Protector ကိုခဏဖြုတ်ပြီး ကိုယ် register လုပ်ဖူးခဲ့တဲ့ fingerprint တွေကိုအကုန်ဖျက်ပြီး အသစ်ပြန်ပြီး register လုပ်ပေးလို့လည်းရသလို၊ ကိုယ်က Screen Protector ကမနေ့ကမှ ဝယ်ထားလို့မဖြုတ်ချင်ဘူးဆိုရင် Settings > Lock Screen > Screen Lock Type ကို ဝင်ပြီး Fingerprints ကိုလည်း ခေတ္တပိတ်လိုက်လို့ရပါတယ်ဆိုပြီး အကြံပြုထားပါတယ်။
Samsung ဟာ S10 ကိုစပြီး မိတ်ဆက်တဲ့အခါတုန်းကလည်း In-display Fingerprint Scanner အကောင်းဆုံးအလုပ်လုပ်ဖို့အတွက် Screen Protector တွေကိုမသုံးဖို့ recommend ပေးထားဖူးပါတယ်။