Pixel 3 ဆီရောက်လာမယ့် Pixel 4 ရဲ့ Top-Line Features များ
Google ဟာ Pixel 4 နဲ့အတူ အလွန်ကောင်းတဲ့ Features အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ Face Unlock, Motion Sense, Live Caption, New Google Assistant, Car Crash Detection, Astrophotography Mode, Dual Exposure Mode, Live HDR+ စတာတွေကတော့ အသစ်ပါလာတဲ့ Features တွေဖြစ်ပါတယ်။
Pixel 4 ဟာ Software ပိုင်းဆိုင်ရာ Features များသာမက Camera ပိုင်းနဲ့ဆိုင်တဲ့ features အသစ်တွေ များစွာပါလာတာကိုလည်း တွေ့ရမှာပါ။ အဆိုပါ Camera Features အသစ်တွေထဲကမှ လူကြိုက်များနေတာကတော့ Astrophotography Mode လို့ခေါ်တဲ့ ကြယ်တာယာတွေကို ဖမ်းယူရိုက်ကူးနိုင်မယ့် Mode ဖြစ်ပါတယ်။
ဓာတ်ပုံရိုက်နေတဲ့အချိန်အတွင်း အလင်းအမှောင်ကို ကိုယ့်စိတ်ကြိုက် နေရာနှစ်နေရာမှာ ချိန်နိုင်တဲ့ Double Exposure Mode လည်းပါလာပါတယ်။ နောက်တစ်ခုအကြိုက်တွေ့စေမှာကတော့ Live HDR+ လို့ခေါ်တဲ့ Google ရဲ့ HDR Processing ကိုရိုက်နေတဲ့အချိန်အတွင်းမှာ Live Preview မြင်နိုင်မယ့် Mode တို့ဖြစ်ပါတယ်။

Google ဟာ ဒီ Features အသစ်တွေကို အရှေ့က Pixel Generations တွေဖြစ်တဲ့ Pixel 3, Pixel 3a တွေအတွက်လည်း အသုံးပြုလို့ရအောင် စီစဉ်လျက်ရှိနေပါတယ်။ ယခုချိန်ထိ သိရသလောက် Top Shot, Live Caption, New Google Assistant, Astrophotography Mode စတဲ့ Top-line Features တွေကို Pixel 3 နဲ့ 3a အတွက် ဒီဇင်ဘာလောက်မှာထွက်မယ့် Software Update နဲ့အတူထည့်သွင်းလာလိမ့်မယ်လို့ ဆိုပါတယ်။
Features အများစုဟာ Software Update နဲ့အတူ အရင် Pixel Generation တွေအတွက်ပါလာမယ်ဆိုပေမဲ့လည်း Pixel 4 ရဲ့ Neural Core Co-processor အသစ် ကိုအခြေခံထားတဲ့ Camera Featuresတွေဖြစ်တဲ့ Dual Exposure နဲ့ Live HDR+ ကိုလည်းကောင်း၊ အခြား Features တွေဖြစ်တဲ့ Motion Sense, Car Crash Detection စတာတွေကိုလည်းကောင်း ထည့်ပေးလာနိုင်ဖွယ်တော့မရှိပါဘူး။
အဓိက အနေနဲ့ Pixel 4 ဟာ Camera အသစ်တစ်လုံးပိုပါလာတာက လွဲရင် Pixel 3 နဲ့ယှဉ်လိုက်ရင် ဘယ်လိုမှ အရမ်းကြီးအသစ်အဆန်းဖြစ်သွားတာမျိုးမရှိပါဘူး။ ဖုန်းနှစ်လုံးစလုံးက Pure Android Experience ကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့် Google ကနေပေးတဲ့ အကောင်းဆုံး Android Experience ကိုရတာချင်းတော့ တူမှာပါပဲ။ ဒါကြောင့် ကိုယ်က Pixel 3 ကနေ Pixel 4 ကို Upgrade လုပ်ချင်တယ်ဆိုရင် တန်ရဲ့လားဆိုတာကိုစဉ်းစားသင့်ပါတယ်။