Password ပေါက်ကြားသွားရင်အသိပေးမယ့် Firefox နဲ့ Chrome Browser အသစ်
Mozilla ဟာ Features အသစ်တွေနဲ့အတူ Firefox 70 ကိုမိတ်ဆက်ခဲ့ပါတယ်။ Version အသစ်မှာ Iconic Firefox Logo ပြောင်းသွားရုံတင်မကပဲ Privacy ကိုအထူးပြုထားတဲ့ features တွေအများကြီးပါလာတာကို တွေ့ရပါတယ်။

Social Tracking Protection, Privacy Protections Report, Lockwise Features စတဲ့ Privacy Features အသစ်တွေနဲ့အတူ အခြား Performance Improvements တွေလည်းပါဝင်လာပါတယ်။ ကိုယ်က Website တစ်ခုခု ကို သုံးနေတဲ့အခါမှာ လိုက်ပြီး Track နေတဲ့ Soical Media တွေရဲ့ Cookies တွေကို Block လုပ်နိုင်တဲ့ Features အသစ်ဟာ Privacy Sensitive ဖြစ်တဲ့သူတွေအတွက် အသုံးဝင်စေမှာဖြစ်ပါတယ်။
Firefox အသစ်မှာပါလာတဲ့ Lockwise ဆိုတာကတော့ Firefox ရဲ့ Password Management Service ဖြစ်ပြီး Password Generator နဲ့ Firefox Monitor ပါဝင်လာပါတယ်။ Firefox Monitor ဆိုတဲ့ Feature ကဘာမိုက်သလဲဆိုရင် ကိုယ်က Firefox မှာ Save ထားခဲ့ဖူးတဲ့ Password တစ်ခုခုဟာ Data Breach လို့ခေါ်တဲ့ Data ပေါက်ကြားမှုတွေမှာ ပါဝင်သွားတယ်ဆိုရင် သင့်ကို အသိပေးမှာဖြစ်ပါတယ်။
Firefox တင်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှထွက်ရှိထားတဲ့ Chrome 78 မှာလည်း Web Developer တွေအတွက်အသုံးဝင်တဲ့ API တွေ၊ Security Features အသစ်တွေပါလာတယ်။ ဒါ့အပြင် ကိုယ် Save ထားတဲ့ Password တွေ Data Breach တစ်ခုခုမှာ ပါဝင်ခဲ့ပြီဆိုရင် အသိပေးတဲ့ Feature လည်းပါဝင်လာပါတယ်။ ပုံမှန် Default အနေအထားအနေနဲ့ ပိတ်ထားမှာဖြစ်ပြီး ဖွင့်ချင်တယ်ဆိုရင်တော့ Chrome ရဲ့ Address Bar မှာ chrome://flags/#password-leak-detection လို့ရေးပြီး သွားဖွင့်ပေးလို့ရပါတယ်။

Firefox ရော Chrome ရောမှာ Data Breach Notification Tool ကိုအလုပ်လုပ်စေချင်ရင်တော့ ကိုယ်ရဲ့ Save ထားတဲ့ Password တွေကို သက်ဆိုင်ရာ Service တွေနဲ့ Sync ထားဖို့တော့လိုပါတယ်။
Source: The Next Web ၊ Venture Beat (Chrome ၊ Firefox)