Lit-ion ထက် ပိုကောင်းတဲ့ Graphene ဘက်ထရီကို စမ်းသပ်နေတဲ့ Samsung
ဖုန်းတစ်လုံးအတွက် ဘက်ထရီက မရှိမဖြစ် အရေးပါဆုံး ဆိုပေမယ့် လက်ရှိအနေထားအရ တာရှည်အသုံးခံဖို့ ဆွဲဆန့်လို့ မရပါဘူး။ အထူးသဖြင့် Lithium-ion ဘက်ထရီတွေဟာ သက်တမ်းတစ်ခုနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး သတ်မှတ်ထားတဲ့ Cycle ပြည့်သွားရင် အလိုလျောက် စွမ်းဆောင်ရည် ကျလာတတ်ပါတယ်။

ဘက်ထရီ ပိုခံအောင်လို့ Processor ကို Limit သွားလုပ်ပြီး ဖြေရှင်းခဲ့ပေမယ့် သိသိသာသာကို နှေးကွေးသွားတာကြောင့် Apple ၊ Samsung ဒဏ်ရိုက်ခံရတာကို မှတ်မိဦးမယ် ထင်ပါတယ်။
Lithium ဘက်ထရီတွေရဲ့ အားနည်းချက်တစ်ခုက အားသွင်းရင်ဖြစ်ဖြစ်၊ Power Drain များလာရင် ပူတက်လာတယ်။
Battery Cell တွေရဲ့ သဘာဝကိုက အပူနဲ့မတည့်ဘူးဆိုတော့ အားကုန်တာပိုမြန်တယ်၊ Heat ရှိနေသရွေ့ လျှပ်စစ်ပစ္စည်းမှန်သမျှ သက်ဆိုးမရှည်ဘူးဆိုတော့ Samsung အနေနဲ့ Breakthrough နည်းပညာတစ်ခုကို စမ်းသပ်နေဟန်ရှိပါတယ်။

ဒါကို Evan Blass က ဖော်ပြလိုက်တာဖြစ်ပြီး Galaxy ဖုန်းတွေမှာ Graphene ဘက်ထရီ သုံးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Graphene ဘာလဲ ပြောရရင် လျှပ်စစ်ထုတ်ပေးနိုင်တဲ့ Compound တစ်မျိုးဖြစ်သလို Lit-ion နဲ့ ယှဉ်ရင် ပို Conductive ဖြစ်တယ်၊ Elastic ဖြစ်တယ်လို့ သိရပါတယ်။
Lit-ion နဲ့ မတူတာက Graphene ဟာ Carbon နဲ့ပြုလုပ်ထားတာဖြစ်လို့ ကျစ်ကျစ်လျစ်လျစ် ပြုလုပ်နိုင်မယ့်အပြင် လျှပ်စစ် သိုလှောင်အားပိုများမယ်၊ Fast Charging လုပ်တဲ့အခါမှာလည်း Power Delivery Speed ပိုမြန်တယ်လို့လည်း Claim လုပ်ထားပါတယ်။

နောက်ပိုကောင်းတဲ့ အချက်က Battery Cell နဲ့စာရင် ကာဗွန်ဒြပ်စင်အသုံးပြုတာဟာ အပူထွက်နှုန်း သိသိသာသာကို ကွာခြားပါတယ်။
သတ္တု Body နဲ့ Carbon Fiber ၂ မျိုးမှာ Sustained Heat ကွာခြားသလို Graphene Battery ရဲ့ Surface Temperature ပိုနည်းမယ်လို့ ခန့်မှန်းရပါတယ်။
Evan Blass ကတော့ Graphene Battery ဟာ ပိုကောင်းတဲ့ အစားထိုးနည်းပညာဆိုပေမယ့် ထုတ်လုပ်မှု အကုန်ကျပိုများပြီး ဈေးကြီးတယ်လို့ ဆိုပါတယ်။ တကယ်လို့ Samsung အနေနဲ့ ထုတ်လုပ်ခဲ့မယ်ဆိုရင်တောင် ပမာဏများများနဲ့ Cost ကို လျှော့ချပေးနိုင်မှ အဆင်ပြေနိုင်မယ်လို့ သုံးသပ်ထားပါတယ်။
Source: GSMArena