Apple Card ကို စတင်အသုံးပြုနိုင်ပြီ

Apple ကနေ ပြီးခဲ့တဲ့ WWDC 2019 မှာတုန်းက Apple အနေနဲ့ ပထမဆုံး Credit Card Service ဖြစ်တဲ့ Apple Card ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Apple ကနေ ယခု Apple Card ကို ဒီနှစ်လယ်ပိုင်းလောက်မှာ စတင်အသုံးပြုနိုင်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Apple ကနေ ဒီ Apple Card Service ကို တရားဝင်အသုံးပြုနိုင်အောင် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ iOS 12.4 ဒါမှမဟုတ် iOS 13 Latest Beta တင်ထားတဲ့သူတွေအနေနဲ့ Sign-up ပြုလုပ်နိုင်တဲ့ Preview Version ကို ထုတ်ပေးထားပြီဖြစ်ပြီးတော့ ယခုလအတွင်းမှာ US မှာရှိတဲ့ iPhone အသုံးပြုသူတွေအကုန်လုံး သုံးစွဲနိုင်မှာဖြစ်ပါတယ်။

[youtube https://www.youtube.com/watch?v=H3KWSmj9JN4?feature=oembed&w=480&h=270]

Apple Card ဟာ Credit Card Service တစ်ခုဖြစ်ပြီးတော့ Goldman Sachs နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ထားတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် Bank Credit လုပ်သလိုမျိုး ပြုလုပ်ရတဲ့ Step တွေများပြားမှာမဟုတ်သလို ကိုယ့် iPhone မှာပဲ Information ဖြည့်သွင်းပြီး အသုံးပြုနိုင်မှာပါ။ ဒီ Information ကိုလည်း Goldman Sachs Bank ကို တိုက်ရိုက်ပေးပို့မှာဖြစ်ပြီးတော့ Confirm ဖြစ်လား၊ Reject ကျလားဆိုတာကိုလည်း Real-time သိနိုင်မှာပါ။

ဒါ့အပြင် Apple Card ကို Register လုပ်ပြီးတာနဲ့ Apple Wallet App မှာ ကိုယ်သုံးနိုင်တဲ့ ပမာဏ၊ လစဉ်ပေးရမယ့် ပမာဏ၊ အသုံးပြုမှုတွေနဲ့ အတိုးနှုန်းတွေကို အလွယ်တကူမြင်နေရမှာပါ။ Apple Card ကို iPhone NFC ကနေပဲ ပေးချေရမှာဖြစ်ပြီး Physical Card ကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။

Apple က ဒီလိုမျိုး Apple Card ကို ထုတ်ပေးလိုက်တာက လာမယ့်စက်တင်ဘာလမှာ iPhone အသစ်တွေကို မိတ်ဆက်ဖို့ရှိနေသလို Apple Store တွေမှာ Apple Card နဲ့ ဝယ်ယူရင် Cashback လည်း ပြန်ရတဲ့အတွက် ဒီ Apple Card နဲ့ iPhone အသစ်တွေ ဝယ်ဖို့ တိုက်တွန်းနေတယ်လို့တောင် ပြောရမှာပါ။

Ref : The Verge

Previous
Previous

Lit-ion ထက် ပိုကောင်းတဲ့ Graphene ဘက်ထရီကို စမ်းသပ်နေတဲ့ Samsung

Next
Next

ဒီနှစ်ထွက်မယ့် iPhone 11 မှာ Apple Pencil ကို Support လုပ်လာမယ်