ASUS Strix G531 နဲ့ G731 Gaming Laptop တွေကို နှိုင်းယှဥ်ကြည့်ခြင်း

ASUS ကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့တုန်းက မြန်မာနိုင်ငံဈေးကွက်ထဲကို မိတ်ဆက်ပေးခဲ့တဲ့ Gaming Laptop တွေထဲက Strix G (G531) နဲ့ Strix Scar III (G731) Gaming Laptop တွေက စွမ်းဆောင်ရည်ကောင်းကောင်း Gaming Laptop တွေကို ရှာနေတဲ့သူတွေအတွက် အဆင်ပြေတဲ့ Gaming Laptop တွေလို့ ပြောလို့ရပါတယ်။  ဒီ Gaming Laptop ၂ မျိုးက ဘာတွေကွာခြားတယ်၊ ဘယ်သူတွေက ဘယ် Laptop ကို ပိုပြီးဝယ်သင့်သလဲဆိုတာကို Comparison လုပ်ပေးသွားမှာပါ။

ASUS Strix G (G531) နဲ့ Strix Scar II (G731) Gaming Laptop ရဲ့ အဓိကကွာခြားချက်က Screen Size လို့ပြောရမှာပါ။ Strix G တဖြစ်လဲ G531 က 15.6″ 120Hz IPS Display ကို အသုံးပြုပေးထားပြီးတော့ Strix Scar III (G731) ကတော့ 17.3″ ရှိတဲ့ 144Hz IPS Display ကို သုံးပေးထားတာပဲဖြစ်ပါတယ်။ ဒီ Strix Scar III မှာဆိုရင် Response Time ကလည်း 3ms ပဲရှိတဲ့အတွက် ကိုယ့်အတွက် Portable ဖြစ်ဖို့ထက် Gaming ပိုင်းမှာ ပိုပြီး Smooth ဖြစ်ဖို့၊ Immersive ဖြစ်ဖို့က ပိုအရေးကြီးတယ်ဆိုရင် Strix Scar III ကို ရွေးချယ်တာက ပိုပြီး အဆင်ပြေမှာပါ။

ဒါပေမယ့် ဒီ Gaming Laptop ၂ ခုစလုံးက Full HD IPS Panel ကို သုံးပေးထားတဲ့အတွက် Color ပိုင်းတွေ၊ Brightness ပိုင်းတွေမှာတော့ အားနည်းနေမှာမဟုတ်ပါဘူး။

နောက်ပြီး Strix G (G531) မှာပါဝင်ခြင်းမရှိဘဲ Strix Scar III (G731) မှာပဲ သီးသန့်ပါဝင်တဲ့ ASUS ရဲ့ ကိုယ်ပိုင် Keystone Feature ကလည်း ကိုယ့်ရဲ့ Personal Game Profile တွေ၊ Shadow Drive လို့ခေါ်တဲ့ လုံးဝ Private Folder တစ်ခုကို သီးသန့် သိမ်းဆည်းထားနိုင်မှာဖြစ်တဲ့အတွက် တော်တော်လေးကို ထူးဆန်းသလို အသုံးဝင်တဲ့ Feature တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါကတော့ ASUS Strix Scar III (G731) ကို ဝယ်ယူမှပဲ ပါဝင်မှာပါ.

Performance ပိုင်းမှာတော့ ကိုယ်ကဈေးအနည်းဆုံးပေးပြီး Performance ကိုလည်း အကောင်းဆုံးလိုချင်တယ်ဆိုရင်တော့ Strix G (G531) ကတော်တော်လေးကို အဆင်ပြေနေတာကိုတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် Strix G ရဲ့ ဈေးနှုန်းက ဒေါ်လာ ၁၀၀၀ ဝန်းကျင်ကနေ စတင်တာဖြစ်ပြီးတော့ အဲ့ဒီဈေးမှာဆိုရင်တောင်မှ 9th Gen i7 – 9750H Processor ၊ 8GB RAM ၊ 512GB PCI-E SSD နဲ့ Nvidia GTX 1050 Graphic တွေကို ရရှိမှာဖြစ်ပါတယ်။ Graphic ပိုင်းကိုမြှင့်ချင်တယ်ဆိုရင် Nvidia GTX 1660Ti အထိ ရွေးချယ်နိုင်ပြီး အဲ့ဒီအမြင့်ဆုံး GTX 1660Ti Version ဆိုရင်တောင်မှ $1,389 ပဲ ကျသင့်မှာဖြစ်ပါတယ်။

တဖက်မှာတော့ Strix Scar III (G731) က လုံးဝကို Performance အမြင့်ဆုံးလိုချင်တဲ့သူတွေအတွက် ပိုပြီး သင့်တော်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် အနိမ့်ဆုံး Version က Intel i7 – 9750H Processor ၊ RAM 8GB ၊ 512GB PCI-E SSD နဲ့ Nvidia GTX 1660Ti ပါဝင်တာခြင်းတူညီပေမယ့် ဈေးနှုန်းအနေနဲ့ $1,599 ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် လုံးဝ Performance အကောင်းဆုံးကို လိုချင်တဲ့သူတွေအတွက်ကတော့ 9th Gen i7 အပြင် Nvidia RTX 2070 Graphic ၊ 16GB RAM နဲ့ 512GB PCI-E SSD အပြင် 1TB SSHD ပါဝင်တဲ့ Version ကို ရွေးချယ်နိုင်မှာဖြစ်ပြီး ဒီ Gaming Desktop တွေကို အစားထိုးနိုင်တဲ့ Performance နဲ့ ဒီ အမြင့်ဆုံး Version က $2,399 ပဲကျသင့်မှာဖြစ်ပါတယ်။

ဒါတွေကတော့ ဒီ ASUS Strix G (G531) နဲ့ Strix Scar III (G731) တို့ရဲ့ အဓိကကွာခြားချက်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ကွာခြားချက်တွေတင်မဟုတ်ဘဲ ဒီ Gaming Laptop ၂ ခုစလုံးမှာ တခြားသော Gaming Laptop တွေနဲ့ မတူဘဲ ထူးခြားနေတဲ့ အားသာချက်တွေရှိပါသေးတယ်။

ဒါကတော့ ASUS Strix G ရော၊ Strix Scar III ရော ကြည့်လိုက်တာနဲ့ တကယ့် High End Gaming Laptop တွေမှန်းသိသာစေတဲ့ RGB Light Bar ဆိုရင်လည်းမမှားပါဘူး။ ပုံမှန် RGB Keyboard အပြင် Laptop ရဲ့ အောက်ဘက်နဲ့ ဘေးပတ်ပတ်လည်ကို RGB Color ပြေးနေအောင် လုပ်ထားတဲ့ ဒီ Light Bar က Gamer တွေအတွက် မတရားကို မိုက်ပြီးတော့ ဆော့တဲ့ဂိမ်းပေါ်မှုတည်ပြီးလည်း အရောင်တွေပြောင်းလဲဦးမှာဖြစ်ပါတယ်။

နောက်ပြီး ဒီ ASUS Strix Gaming Laptop ၂ ခုမှာ Numpad ကိုပုံမှန် Keyboard မှာပဲ ထည့်သွင်းပေးထားမယ့်အစား Touchpad မှာ သီးသန့် Button တစ်ခုနဲ့ Digital Numpad ပုံစံလုပ်ပေးထားတာပဲဖြစ်ပါတယ်။ ဒါကလည်း အရမ်းကြီး ထူးခြားနေတာမျိုးမဟုတ်ပေမယ့် တခြားသော Gaming Laptop တွေမှာ ပါဝင်ခြင်းမရှိသေးတဲ့ Feature တစ်ခုဖြစ်နေတော့ တော်တော်ကို မိုက်နေပြန်ပါတယ်။ ကျန်တဲ့အချက်တွေကို ပြောမယ်ဆိုရင်တော့ ဒီ ASUS Strix G နဲ့ Strix Scar III Gaming Laptop ၂ မျိုးစလုံးမှာ ROG Intelligent Cooling ဖြစ်တဲ့ 3D Thermal Design ကို သုံးပေးထားပြီးတော့ ပုံမှန်ထက်ပိုကောင်းတဲ့ Cooling ကို ပေးနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Strix Scar III မှာဆိုရင်လည်း Laptop ရဲ့ ကျောဘက် ROG Logo က Backlit ဖြစ်နေမှာပါ။

အဲ့ဒီ ASUS Strix Series Gaming Laptop တွေထဲက ဘယ် Laptop ကို ရွေးချယ်သင့်သလဲဆိုရင် အခုနက ပြောသွားတဲ့အတိုင်း ကိုယ်ကဈေးအနည်းဆုံးပေးပြီး Performance ကိုလည်း အကောင်းဆုံးလိုချင်တယ်ဆိုရင်တော့ Strix G (G531) က ရွေးချယ်သင့်ပြီးတော့ Nvidia RTX 2070 လိုမျိုး Desktop တစ်ခုကို ကောင်းကောင်းအစားထိုးနိုင်တဲ့ Performance ကို ဈေးကို မကြည့်ဘဲရွေးချယ်မယ်ဆိုရင်တော့ Strix Scar III (G731) Gaming Laptop က အကောင်းဆုံးဖြစ်နေမှာပါ။

Previous
Previous

၁၃ လက်မ Ultrabook တန်းမှာ အကြမ်းဆုံးဖြစ်လာတဲ့ Razer Blade Stealth 2019

Next
Next

Lit-ion ထက် ပိုကောင်းတဲ့ Graphene ဘက်ထရီကို စမ်းသပ်နေတဲ့ Samsung