Twitch ကနေ အပြီးတိုင်စွန့်ခွာတော့မယ့် Ninja
“Fortnite” Pro Player ကြီး Ninja “Tyler Blevins” ကတော့ Twitch ကနေ လစ်တော့မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။
လက်ရှိ Twitch Channel မှာ Follower အများဆုံးနဲ့ Popular အဖြစ်ဆုံး ကစားသမား တစ်ယောက် ရုတ်တရက် ထွက်ခွာမယ် ပြောလိုက်တာလည်း အကြောင်းရှိပါတFယ်။

Ninja အဆိုရတော့ Microsoft အပိုင် “Mixer” မှာ Streaming ကစားသွားမှာဖြစ်ပြီး ဖုံးကွယ်ထားတဲ့ နောက် Reason တစ်ခုက Twitch က Ditch လုပ်လိုက်တယ် ဆိုတာပါပဲ။
သတင်းတွေအရ ပြိုင်ဖက် Pro Player တွေလောက် YouTube ၊ Twitch Channel တွေမှာ Influence မလုပ်နိုင်တော့သလို ပြီးခဲ့တဲ့ Fortnite Championship ပြိုင်ပွဲကြီးမှာ Qualified တောင် မဖြစ်ခဲ့ပါဘူး။
ပြောရင်တော့ Ninja လက်စွမ်းကျနေတယ်ပေါ့။ အဲ့ဒါကြောင့် သက်သာချောင်ချိတဲ့ Streaming ဖက် လိုင်းကူးသွားတာဖြစ်နိုင်ပါတယ်။
“Mixer မှာ Full Time ကစားသွားမှာပါ။ Next Chapter အတွက် ငါစိတ်လှုပ်ရှားနေသလို Streaming အလုပ်ကိုပဲ အမြစ်တွယ်သလို ခံစားနေရတယ်လို့” Follow-up ဗီဒီယိုမှာ ပြောသွားပါတယ်။

ဒါကြောင့် Fortnite နယ်ပယ်ကနေ ထွက်ခွာသွားမယ့်ဟန် မရှိသလို Ninja ထွက်ခွာမယ့်အပေါ်
“Tyler ဟာ ဂိမ်မာတွေရဲ့ Idol တစ်ယောက်ပါ။ အလုပ်တွဲလုပ်ခဲ့တဲ့ ကာလတစ်လျှောက်လုံးလည်း Ninja ကို နှစ်သက်ခဲ့ပါတယ်။ ခုလို ထွက်ခွာမယ်ဆိုတော့လည်း အကောင်းဆုံး ဆုမွန်တောင်းပေးလိုက်ပါတယ်လို့” Twitch က ပြောဆိုခဲ့ပါတယ်။
အဲ့ဒါကြောင့် ESPN မဂ္ဂဇင်းကတောင် သြဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ဖော်ပြထားတဲ့ Ninja တစ်ယောက် Mixer မှာ ဘယ်လို Streaming လုပ်သွားမလဲ စောင့်ကြည့်လိုက်ရအောင်။
Source: TheVerge