ဒုတိယ ရောင်းအား အကောင်းဆုံး Console ဖြစ်လာတဲ့ Sony PlayStation 4
Console လောကမှာ Sony ကတော့ အောင်မြင်မှု ရနေဆဲလို့ပဲ သုံးသပ်ရတော့မှာပါ။ Exclusive ဂိမ်းတွေနဲ့ ဆွဲဆောင်နိုင်တယ်ဆိုမယ့် Xbox ၊ Nintendo တို့ထက် ပိုသာသွားတာက PS Fans တွေ ပိုများလို့ပဲလား မပြောတတ်ပါဘူး။

ဒီဝိဝေသကို Sony ကိုယ်တိုင် ထုတ်ပြောလိုက်ပြီး PlayStation 4 အလုံးရ သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီလို့ ကြေညာလိုက်ပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့ Earnings တွေအရ PS4 Console အတွက် မိုင်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီး ၅ နှစ်နဲ့ ၇ လအတွင်း သန်း ၁၀၀ ပြည့်သွားတာပါ။
၅ နှစ်ခွဲအတွင်း သန်း ၁၀၀ ပြည့်သွားတယ်
Niko Partners ရဲ့ Senior Analyst ဖြစ်သူ Daniel Ahmad က “၅ နှစ်နဲ့ ၇ လ ဆိုတဲ့အချိန်က PlayStation 2 အလုံးရ သန်း ၁၀၀ ကျော်သွားတဲ့ ကာလထက် ၂ လ ပိုမြန်တယ်လို့” ဆိုပါတယ်။

တကယ်တမ်းတော့ PlayStation 4 ရောင်းအား ကျဆင်းလာတာဖြစ်ပြီး ဇူလိုင်လမှာ အလုံးရေ ၃.၂ သန်း ရောင်းခဲ့ရတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ၊ ၂၀၁၇ နှစ်ဝက် Earning တွေအရ အလုံးရေ ၁၇ သန်း ပမာဏကို မကျော်နိုင်ခဲ့ပေမယ့် Congratulations လို့ပဲ ပြောရမှာပါ။
Sony အနေနဲ့လည်း PlayStation ဂိမ်းတွေကို Physical Copy နဲ့ ဝယ်တာထက် Download ဆွဲသူတွေက ၅၀% ကျော်သွားပြီလို့ ထပ်ဆင့် ကြေညာထားပါတယ်။

လာမယ့်နှစ် ၂၀၂၀ ၊ နိုဝင်ဘာ ၂၀ မှာဆိုရင်လည်း PlayStation 5 မိတ်ဆက်သွားမှာဆိုတော့ PS Fans တွေ Gaming Experience အသစ်ဆီ ကူးပြောင်းကျဦးမယ်။
8K Graphics ၊ SSD ၊ Ray-Tracing နည်းပညာတွေနဲ့ PS 1 အထိ Compatible ဖြစ်တဲ့ အားသာချက်တွေကြောင့် အားပေးကျဦးမယ် ထင်ပါတယ်။
“I Hope They Remember You” Trump Quoted
ပြဿနာ တစ်ခုရှိလာနိုင်တာက PlayStation 5 ကြီးဟာ PS4 ၊ PS3 တုန်းကလို ဒေါ်လာ သုံး၊ လေးရာနဲ့ မရနိုင်ဘူးဆိုတာပါပဲ။
ဒီအချက်ကို Sony ကိုယ်တိုင်လည်း အသိပေးထားပြီး အကြောင်းပြချက်ကတော့ ဒေါ်လာ သန်း ၂၀၀ ၊ ၃၀၀ နဲ့ ညီမျှတဲ့ US ထုတ်ကုန်တွေကို အခွန် ၂၅% တိုးကောက်နေတဲ့ Trump ကြောင့်ပါပဲ။

တရုတ်ကို စီးပွားရေးအရ ထိုးနှက်တာဖြစ်ပေမယ့် နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ Gaming Industry ကိုပါ ထိခိုက်လာမယ့် ကိန်းဆိုက်နေပါတယ်။
အဲ့ဒါကြောင့် Apple နဲ့ Microsoft တို့ကအစ Acer ၊ ASUS တို့ပါ တရုတ်က လစ်ဖို့ပြင်နေကြပြီး တကယ်လို့ Gaming Console တွေအပေါ် Impact ဖြစ်လာမယ်ဆိုရင် ခန့်မှန်းရောင်းဈေး ($499) ထက် ကျော်သွားနိုင်ပါတယ်။