ဒီနှစ်ထွက်မယ့် iPhone 11 မှာ Apple Pencil ကို Support လုပ်လာမယ်

Apple ရဲ့ လာမယ့် စက်တင်ဘာလမှာ ထွက်ရှိလာတော့မယ့် iPhone 11 အသစ်တွေနဲ့ ပတ်သတ်ပြီးတော့ အခုအချိန်မှာ အံ့အားသင့်ဖို့ကောင်းတဲ့သတင်းတစ်ခုထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒီသတင်းကို Citi Research ကနေ ဖော်ပြလာခဲ့တာဖြစ်ပြီးတော့ အခုထွက်လာမယ့် iPhone 11 က Apple Pencil ကို Support ပြုုလုပ်လာမယ်လို့ ဖော်ပြခဲ့တာပါ။

ဒါက iPhone အသုံးပြုတဲ့သူတွေအတွက် ပထမဆုံးအကြိမ်အနေနဲ့ Apple Pencil Support ရလာမှာဖြစ်ပြီးတော့ ထူးဆန်းနေတယ်လို့တောင်ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် Apple Pencil ဟာ စထွက်တုန်းကတော့ iPad Pro တွေနဲ့ပဲ အလုပ်လုပ်ခဲ့ပေမယ့် အခုအချိန်မှာ iPad အကုန်လုံးမှာ သုံးလို့ရနေတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် တကယ်လို့သာ iPhone 11 မှာလည်း အလုပ်လုပ်ဦးမယ်ဆိုရင် Apple Device တွေအကုန်လုံး Apple Pencil ကို သုံးနိုင်တော့မှာပါ။

ဒါပေမယ့် တစ်ခုရှိတာက လက်ရှိထွက်ထားတဲ့ Apple Pencil 1st Gen နဲ့ 2nd Gen တွေအကုန်လုံးက iPhone တွေနဲ့ယှဉ်ရင် Size က ကြီးနေတဲ့အတွက် Apple Pencil အသစ်ထွက်လာနိုင်မလားဆိုတာကလည်း စောင့်ကြည့်ရမှာပါ။

Citi ရဲ့ Report အရတော့ iPhone 11 ဟာ Camera ကိုလည်း အဆင့်မြှင့်တင်ထားမှာဖြစ်ပြီးတော့ Front Selfie Camera ကို 10MP နဲ့ Back Camera တွေက 14MP ဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် ဈေးအနေနဲ့ကတော့ iPhone 11 က $999 ကနေပဲ စတင်ဦးမယ်လို့လည်း သိရပါတယ်။

Ref : GSMArena

Previous
Previous

Apple Card ကို စတင်အသုံးပြုနိုင်ပြီ

Next
Next

Twitch ကနေ အပြီးတိုင်စွန့်ခွာတော့မယ့် Ninja