ကုန်သွယ်ရေး တိုက်ပွဲ ရှောင်လွဲမယ့်အစား Texas မှာ ထုတ်ဖို့ အကျပ်ရိုက်နေတဲ့ Apple
ပြဿနာ ဘယ်ကစသလဲ ခြေရာကောက်ရရင် အမေရိကန်အစိုးရ ဖိအားပေးလာတဲ့ ကုန်သွယ်ရေး စစ်ပွဲကို ပြန်ညွန်းရမှာပါ။
သမ္မတ Trump အနေနဲ့ ၂၀၁၈၊ စက်တင်ဘာ လောက်တုန်းက CEO “Tim Apple” နဲ့ ဆုံတွေ့ပြီး US မှာ ထုတ်လုပ်ဖို့ ပြောခဲ့ဖူးပါတယ်။

အဲ့ချိန်တုန်းက တရုတ်ကို တင်သွင်းမယ့် US ထုတ်ကုန်တွေကို အခွန် ၁၀% (ပထမအသုတ်)၊ အခွန် ၂၅% (ဒုတိယအသုတ်) နဲ့ လက်ရှိ ဒေါ်လာ သန်း ၃၀၀ နဲ့ညီမျှတဲ့ ထုတ်ကုန်တွေကို 25% Tax မကောက်ခင်တုန်းက ပြောခဲ့တာပါ။
US မှာပဲ လာထုတ်လှည့်ပါ
ရည်ရွယ်ချက်ကတော့ Trade War ကို ရှောင်လွဲဖို့ မြူဆွယ်တဲ့အနေနဲ့ အမေရိကန်မှာ ထုတ်သွားရင် အခွန်လုံးဝ ပေးစရာမလိုဘူးလို့ မက်လုံးပေးခဲ့ပါတယ်။
ဒါပေမယ့် Tim တစ်ယောက် ဒီအခွင့်ရေးကို အကြောက်ကန် ငြင်းခဲ့တယ်။ ဘာလို့လဲဆိုတော့ US မှာ ထုတ်တာထက် တရုတ်မှာထုတ်တာ ၁၀ ဆမက သက်သာတယ်။
Screw တစ်လုံးကအစ ငါ့အတွက်အရေးပါတယ်
ယုတ်စွအဆုံး Texas စက်ရုံမှာပဲ Assemble လုပ်ခဲ့ဖူးတဲ့ 2013 Mac Pro ရဲ့ Screw သေးသေးလေး တစ်လုံးကအစ ဝယ်သုံးစရာ မလိုဘူး။
ပြောရရင် တရုတ်မှာ ထုတ်တာ ၊ iPhone အစိတ်ပိုင်းတွေ Assemble လုပ်တာ အကုန်လုံး ပိုသက်သာပါတယ်။

ဖြစ်ချင်တော့ အမေရိကန် အစိုးရဖိနှိပ်မှုတွေက မတရားပြင်းထန်လွန်းပြီး Huawei တစ်ယောက်လုံး ချွတ်ခြုံကျသွားတာနဲ့ တွေးကြည့်နိုင်ပါတယ်။
နောက်ပြီး မတန်တဆ များလွန်းတဲ့ အခွန်ကြေးနဲ့ပါ Pressure ထပ်ဖိထားလို့ Microsoft ၊ Dell တို့အပြင် တရုတ်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Acer ၊ ASUS တို့တောင် ပြောင်းရွှေ့ဖို့ ပြင်နေကြပါပြီ။
တစ်ရံတော့ အေးသွားပြီပေါ့
ဒါနဲ့ ဆက်စပ်လို့ ဇူလိုင်လ ၂၄ ရက် တုန်းက Mac Pro နဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းအားလုံး အခွန်ကနေ ကင်းလွတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီသတင်းဟာ Bloomberg စာမျက်နှာမှာ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၃ ရက်အတွင်း အိမ်ဖြူတော်ကတဆင့် အဖြေပေးလိုက်ပြီလို့ ပြောရပါတော့မယ်။

Trump ကိုယ်တိုင်လည်း သတင်းမီဒီယာတွေကို အတိလင်း ကြေညာလိုက်ပြီး
“Mac Pro ကွန်ပျူတာတွေကို အခွန်တိုးကောက်တာ မခံချင်ရင် USA မှာ ထုတ်လိုက်လေ၊ တစ်ရံအေးသွားပြီပေါ့လို့” Twitter မှာ ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် Production တစ်ခုလုံးရဲ့ ၃၀% ကို တရုတ်ပြင်ပ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ Apple တစ်ယောက် ရွေးစရာ လမ်းမရှိတော့ဘူး ထင်ပါတယ်။
အကယ်၍ အမေရိကန်အစိုးရ ဆက်တိုက်လိုက်ပိတ်မယ်ဆိုရင် US ပစ္စည်းဝယ်သုံးနေရတဲ့ ကုမ္ပဏီတွေအားလုံး အခက်တွေ့နေဦးမယ် ထင်ပါတယ်။
Source: Reuters