ဒုတိယ ရောင်းအား အကောင်းဆုံး Console ဖြစ်လာတဲ့ Sony PlayStation 4

Console လောကမှာ Sony ကတော့ အောင်မြင်မှု ရနေဆဲလို့ပဲ သုံးသပ်ရတော့မှာပါ။ Exclusive ဂိမ်းတွေနဲ့ ဆွဲဆောင်နိုင်တယ်ဆိုမယ့် XboxNintendo တို့ထက် ပိုသာသွားတာက PS Fans တွေ ပိုများလို့ပဲလား မပြောတတ်ပါဘူး။

Sony's Marvel Spider-man
Peter Vs. Dr. Dr.Otto Octavius

ဒီဝိဝေသကို Sony ကိုယ်တိုင် ထုတ်ပြောလိုက်ပြီး PlayStation 4 အလုံးရ သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီလို့ ကြေညာလိုက်ပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့ Earnings တွေအရ PS4 Console အတွက် မိုင်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီး ၅ နှစ်နဲ့ ၇ လအတွင်း သန်း ၁၀၀ ပြည့်သွားတာပါ။

၅ နှစ်ခွဲအတွင်း သန်း ၁၀၀ ပြည့်သွားတယ်

Niko Partners ရဲ့ Senior Analyst ဖြစ်သူ Daniel Ahmad က “၅ နှစ်နဲ့ ၇ လ ဆိုတဲ့အချိန်က PlayStation 2 အလုံးရ သန်း ၁၀၀ ကျော်သွားတဲ့ ကာလထက် ၂ လ ပိုမြန်တယ်လို့”  ဆိုပါတယ်။

Sony 4th Generation PlayStation Console
Sony's PlayStation 4 Pro (White)

တကယ်တမ်းတော့ PlayStation 4 ရောင်းအား ကျဆင်းလာတာဖြစ်ပြီး ဇူလိုင်လမှာ အလုံးရေ ၃.၂ သန်း ရောင်းခဲ့ရတယ်။ ပြီးခဲ့တဲ့ ၂၀၁၈၂၀၁၇ နှစ်ဝက် Earning တွေအရ အလုံးရေ ၁၇ သန်း ပမာဏကို မကျော်နိုင်ခဲ့ပေမယ့် Congratulations လို့ပဲ ပြောရမှာပါ။

Sony အနေနဲ့လည်း PlayStation ဂိမ်းတွေကို Physical Copy နဲ့ ဝယ်တာထက် Download ဆွဲသူတွေက ၅၀% ကျော်သွားပြီလို့ ထပ်ဆင့် ကြေညာထားပါတယ်။

Best Selling PlayStation Game
God of War 2018 Release Poster (Sony)

လာမယ့်နှစ် ၂၀၂၀ ၊ နိုဝင်ဘာ ၂၀ မှာဆိုရင်လည်း PlayStation 5 မိတ်ဆက်သွားမှာဆိုတော့ PS Fans တွေ Gaming Experience အသစ်ဆီ ကူးပြောင်းကျဦးမယ်။


8K GraphicsSSDRay-Tracing နည်းပညာတွေနဲ့ PS 1 အထိ Compatible ဖြစ်တဲ့ အားသာချက်တွေကြောင့် အားပေးကျဦးမယ် ထင်ပါတယ်။

I Hope They Remember You” Trump Quoted

ပြဿနာ တစ်ခုရှိလာနိုင်တာက PlayStation 5 ကြီးဟာ PS4 ၊ PS3 တုန်းကလို ဒေါ်လာ သုံး၊ လေးရာနဲ့ မရနိုင်ဘူးဆိုတာပါပဲ။
ဒီအချက်ကို Sony ကိုယ်တိုင်လည်း အသိပေးထားပြီး အကြောင်းပြချက်ကတော့ ဒေါ်လာ သန်း ၂၀၀ ၊ ၃၀၀ နဲ့ ညီမျှတဲ့ US ထုတ်ကုန်တွေကို အခွန် ၂၅% တိုးကောက်နေတဲ့ Trump ကြောင့်ပါပဲ။

Sony's PlayStation 4 Controller (Black)
DualShock Controller (Sony)

တရုတ်ကို စီးပွားရေးအရ ထိုးနှက်တာဖြစ်ပေမယ့် နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ Gaming Industry ကိုပါ ထိခိုက်လာမယ့် ကိန်းဆိုက်နေပါတယ်။
အဲ့ဒါကြောင့် Apple နဲ့ Microsoft တို့ကအစ Acer ၊ ASUS တို့ပါ တရုတ်က လစ်ဖို့ပြင်နေကြပြီး တကယ်လို့ Gaming Console တွေအပေါ် Impact ဖြစ်လာမယ်ဆိုရင် ခန့်မှန်းရောင်းဈေး ($499) ထက် ကျော်သွားနိုင်ပါတယ်။

Source: The Verge 12

Previous
Previous

Twitch ကနေ အပြီးတိုင်စွန့်ခွာတော့မယ့် Ninja

Next
Next

ကုန်သွယ်ရေး တိုက်ပွဲ ရှောင်လွဲမယ့်အစား Texas မှာ ထုတ်ဖို့ အကျပ်ရိုက်နေတဲ့ Apple