Asus နဲ့ပူးပေါင်းပြီး Gaming phone ထုတ်ဖို့ပြင်နေတဲ့ Qualcomm

ကမ္ဘာကျော်စမတ်ဖုန်းတွေရဲ့အဓိကဖြစ်တဲ့ snapdragon Soc ကိုထုတ်လုပ်နေတဲ့ Qualcomm ဟာသူတို့ကိုယ်ပိုင် gaming phone ကိုထုတ်လုပ်ဖို့ပြင်ဆင်နေပါတယ်။ဒီနှစ်ကုန်ပိုင်းလောက်မှာအစောဆုံးကြေငြာနိုင်ပြီး December 1 ရက်နေ့မှာ Qualcomm ရဲ့ chipset အသစ်မိတ်ဆက်ပွဲကိုကျင်းပသွားမှာပါ။ဒီပွဲမှာ Qualcomm ရဲ့ Snapdragon 875 SOC ကိုပြသသွားဖို့မျှော်လင့်ရပြီး Gaming phone အသစ်အကြောင်းကိုလည်းတရားဝင်ကြေငြာနိုင်တယ်လို့ Digitimes ရဲအဆိုအရသိရပါတယ်။

Gaming phone ထုတ်လုပ်ရာမှာအတွေ့အကြုံရင့်သန်နေပြီဖြစ်တဲ့ Asus နဲ့လက်တွဲထားမှာဖြစ်ပြီး Qualcomm ရဲ့ Brand အောက်ကနေပဲထုတ်လုပ်သွားဖို့ရှိပါတယ်။ဒါပေမဲ့ Asus နဲ့လက်တွဲထားတဲ့အတွက်တစ်ဖက်မှာ ROG ( Republic of Gaming) ရဲ့အကျိုးကျေးဇူးတွေကိုရရှိဦးမှာပါ။တစ်ကယ်သာထွက်လာခဲ့ရင် Hardware နဲ့ softwareတွဲစပ်မှုရဲ့အကောင်းဆုံးရလဒ်တွေကိုခံစားရမှာပါ။ခန့်မှန်းရသ‌လောက်ကတော့ Asus က Gaming ဖုန်းအတွက်အရေးကြီးတဲ့ element တွေဖြစ်တဲ့refresh rate အမြင့် display , shoulder button နဲ့ Qualcomm ကတော့ chipset နဲ့ soc အပိုင်းကိုတာဝန်ယူသွားဖို့ရှိပါတယ်။ကောလဟာလတွေအရတော့ဒီဖုန်းဟာ refresh rate အမြင့်ဆုံး Qualcomm က SOC ပိုင်းကိုတာဝန်ယူထားတော့ Battery efficient အဖြစ်ဆုံး Android ဖုန်းတစ်လုံးတောင်ဖြစ်လာနိုင်ပါတယ်။December လ ၁ ရက်နေ့မှာတော့ Qualcomm ရဲ့ နောက်ဆုံးပေါ် chipset မိတ်ဆက်ပွဲကို Online ပေါ်ကနေကြည့်ရှုနိုင်ပါတယ်။

Qualcomm အနေနဲ့ reference design board ထုတ်လုပ်ခဲ့ပြီးဒါကလည်းသူတို့ရဲ့ SOC အသစ်ကိုစမ်းသပ်ဖို့ဖြစ်ပါတယ်။နောက်နှစ်စျေးကွက်ထဲမှာစွမ်းအားအထက်ဆုံးဖြစ်လာမဲ့ Apple ရဲ့ A14 bionic chip ကိုယှဉ်ဖိုက်ဖို့အတွက် Qualcomm ကသူကိုယ်တိုင် Gaming phone ကိုထုတ်လုပ်တော့မှာလားဆိုတာပါပဲ။ Smart phone SOC ထုတ်လုပ်သူများဟာ Performance ပိုင်းအပြင်နောက်ပိုင်းမှာ Gaming အတွက်ပါဦးစားပေးလာပါတယ်။ဒါဟာ cloud gaming အတွက်လမ်းစလည်းဖြစ်ပါတယ်။အဆင့်မြင့်လာတဲ့ game engine တွေ နဲ့ Phones တွေကြောင့် Platform ပေါင်းစုံမှာဆော့နိုင်တဲ့ဂိမ်းတွေအမြားအပြားထွက်လာမှာပါ။

Author: Hein Htet

Ref: GSMarena , 360gadgets

Previous
Previous

Cookies ဆိုသည်မှာ?

Next
Next

Asus နဲ့ပူးပေါင်းပြီး Gaming phone ထုတ်ဖို့ပြင်နေတဲ့ Qualcomm