အမြင်သစ်နှင့် စတိုင်ကျလှပသည့်အပြင် ကိုယ်ကာယကြံ့ခိုင်မှုအတွက်ပါ အထောက်အကူဖြစ်စေမည့် HUAWEI WATCH FIT အမျိုးအစားသစ်ကို မြန်မာနိုင်ငံတွင် ရောင်းချသွားမည်။

Huawei Device Myanmar မှ ယနေ့တွင် ပေါ့ပါ့းသွက်လက်ပြီး သေသပ်လှပသည့် ဒီဇိုင်းပိုင်းနှင့်အတူ ကိုယ်ကာယကြံ့ခိုင်မှုအတွက်ပါ အထောက်အကူဖြစ်စေမည့် Smartwatch အမျိုးအစားသစ်ဖြစ်သည့် HUAWEI WATCH FIT အမျိုးအစားသစ်ကို မြန်မာနိုင်ငံတွင် တင်သွင်းရောင်းချတော့မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။ HUAWEI WATCH FIT သည် Huawei ၏ ပထမဦးဆုံး လေးထောင့််စပ်ကိုယ်ထည်နှင့် Smart Sport Watch အမျိုးအစားဖြစ်ပြီး ပေါ့ပါးသွယ်လျသည့် အလေးချိန်နှင့်အတူ စတိုင်ကျလှပသည့်အသွင်အပြင်ကို ယူဆောင်လာမှာလည်းဖြစ်ပါသည်။ Animation များဖြင့် သရုပ်ပြပေးမည့် Fitness Course သင်ခန်းစာ (Animated Fitness Courses) များ၊ Workout Modes များစုံစုံလင်လင်ပါဝင်လာသည့်အပြင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမည့် သိပ္ပံနည်းကျ တိုင်းတာမှုများ ဖြစသည့် သွေးတွင်းအောက်စီဂျင်ပမာဏ (SpO2) တိုင်းတာနိုင်မှု၊ နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ အိပ်ချိန်များကိုတွက်ချက်ပြီး ကိုယ့်ရဲ့အိပ်ချိန်များ၏ တန်ဖိုးကို တွက်ချက်ပေးနိုင်မှု (Sleep Qulaity)၊ ဖိအား (Stress Level) တိုင်းတာမှုအပြင်၊ အမျိုးသမီးများအတွက် ဓမ္မတာ (Menstrual cycle) များကိုပါမှတ်သားသိရှိနိုင်ခြင်း စသည်တို့ကိုပါ ပြုလုပ်ပေးနိုင်စွမ်းရှိသည့်အတွက် HUAWEI WATCH FIT ကို မိမိရဲ့ သီးသန့် Personal Trainer တစ်ယောက်လို အားကိုး အသုံးပြုနိုင်မှာလည်း ဖြစ်ပါသည်။ HUAWEI Watch GT Series ၏ နာမည်ကျော် ရေပန်းစားသည့် features တစ်ခုဖြစ်သည့် ဘက်ထရီသက်တမ်း ရှည်ကြာစွာဖြင့် တောက်လျှောက်သုံးစွဲနိုင်မှုကို ယခု  HUAWEI WATCH FIT တွင်ပါ ရရှိနိုင်ပြီး ပုံမှန်အသုံးပြုမှုအတွက် အကြမ်းဖျင်းအားဖြင့် ၁၀ရက်တိတိ သုံးစွဲနိုင်မှာလည်းဖြစ်သည်။ အဆိုပါ HUAWEI WATCH FIT အမျိုးအစားကို လက်ပတ်အရောင် (Wrist Straps) သုံးရောင်ဖြစ်သည့် အမဲရောင် (Graphite Black)၊ အစိမ်းနုရောင် (Mint Green) နှင့် လိမ္မော်ရောင် (Cantaloupe Orange) ဆိုသည့် အရောင် (၃) မျိုးဖြင့် မြန်မာနိုင်ငံတွင် ရရှိမည်ဖြစ်ပြီး တန်ဖိုးအားဖြင့် ၁၁၉၀၀၀ ကျပ်ကျသင့်မှာဖြစ်ပါသည်။ ထို့အပြင် HUAWEI nova 7 5G ကို Pre-Order မှာယူသူများအတွက်လည်း အဆိုပါ HUAWEI WATCH FIT ကို လက်ဆောင်တစ်ပါတည်း ရရှိမှာလည်း ဖြစ်ပါသည်။

MKT_Stia_ProductKV_Black center-Horizontal_EN_HQ_JPG_20200723

HUAWEI WATCH FIT အမျိုးအစားသစ်သည် သုံးစွဲသူတို့၏ ကိုယ်ကာယကြံ့ခိုင်မှုအတွက် အထောက်အကူ ဖြစ်စေမှာဖြစ်သည့်အပြင် မိမိ၏ ကိုယ်ပိုင် Personal Trainer တစ်ယောက်လိုပါ ယုံကြည်အားကိုးစေနိုင်မည့် Smart Device တစ်ခုပဲဖြစ်ပါသည်။ အဆိုပါ HUAWEI WATCH FIT တွင် ပထမဦးဆုံးအကြိမ်အဖြစ် Animation များဖြင့် သရုပ်ပြပေးမည့် Fitness Course (သင်ခန်းစာ) များကို ကြည့်ရှုနိုင်ပြီး မိမိပါ အလွယ်တကူ လိုက်ပါလုပ်ဆောင်နိုင်စေမည်ဖြစ်သည့် features တစ်ခုဖြစ်သည့် Animated Fitness Course ပါဝင်လာပြီး ကိုယ်ကာယလှုပ်ရှားမှုပုံစံ ၄၄မျိုးအထိကို အထောက်အပံ့ပြုသည့် Fitness Course ၁၂ ခု ပါဝင်လာကာ ရုံးမှာပဲဖြစ်စေ၊ အိမ်မှာပဲဖြစ်စေ အလွယ်တကူ လေ့ကျင့်ခန်းပြုလုပ်နိုင်စေရန် အထောက်အကူပြုပေးမှာပဲဖြစ်သည်။ ထို့အပြင် အချိန်ကြာမြင့်စွာထိုင်ပြီး အလုပ်လုပ်ချိန်ကြာမြင့်လာလျင် နာရီမှ သတိပေးပြီး မတ်တပ်ရပ်ကာ လှုပ်ရှားမှု တစ်ခုခုပြုလုပ်ရန် သတိပေးမည့် “stand up reminders” ဆိုသည့် feature လည်းပါဝင်လာပါသည်။

MKT_WATCH FIT_KSP shot_yoga heart rate_JPG_EN_HQ_20200730

HUAWEI WATCH FIT သည် Workout Mode ပေါင်း ၉၆ မျိုးအထိကို အထောက်အပံ့ပြုလုပ်နိုင်ရန် စနစ်ထည့်သွင်းပေးထားပြီး အဆိုပါ Mode တစ်ခုချင်းစီ၏ အသေးစိပ်ကျသည့်အချက်အလက်များကို တွက်ချက်ပြီး ကိုယ့်၏ စွမ်းဆောင်ရည် (performance) ပမာဏကိုပါ တွက်ချက်ပေးနိုင်မှာဖြစ်ပါသည်။ လူကြိုက်များသည့် အားကစားနည်းများဖြစ်သည့် အပြေး၊ လမ်းလျှောက်၊ ရေကူး၊ စက်ဘီးစီးခြင်း မှ အစ ဘောလုံး၊ ဘောလီဘော အက၊ ယောဂ၊ ကြက်တောင်၊ စကိတ်စီးခြင်း အစရှိသည်တို့ကို ပြုလုပ်ခြင်းအတွက်လည်း နှလုံးခုန်နှုန်း၊ အကြိမ်ရေ၊ ကယ်လိုရီလောင်ကျွမ်းမှုပမာဏ၊ ကြာမြင့်ချိန်အစရှိသည့် အချက်အလက်များကို မူတည်ပြီး အနီးစပ်ဆုံးတိကျသေချာသည့် results (ရလဒ်)များကို ကြည့်ရှုသိရှိနိုင်မှာပဲဖြစ်ပါသည်။

MKT_WATCH FIT_KSP shot_swimming_JPG_EN_HQ_20200730

HUAWEI WATCH FIT တွင် ၁.၆၄ လက်မအတွယ် AMOLED display အမျိူးအစားကို အသုံးပြုထားပြီး မက်ဆေ့အဝင်၊ ဖုန်းအဝင် သတိပေးချက်များ၊ Music Control၊ ဖုန်းကင်မရာကို ထိန်းချုပ်အသုံးပြုနိုင်မှု၊ ဖုန်းပျောက်နေလျင် ရှာဖွေနိုင်မည့် စနစ်၊ Alarm သတိပေးချက်၊ Calendar reminder စသည့် စမတ်နာရီတစ်ခုတွင် ရှိသင့်ရှိထိုက်သည့် feature များစုံလင်စွာပါရှိလာပြီး ကိုယ့်ကျန်းမားရေးအတွက် အထောက်အကူပြုစေမည့် အချက်အလက်များဖြစ်သည့် သွေးတွင်းအောက်စီဂျင်ပမာဏ (SpO2 monitoring ) တိုင်းတာခြင်း နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ အိပ်ချိန်များကိုတွက်ချက်ပြီး ကိုယ့်ရဲ့အိပ်ချိန်များ၏ တန်ဖိုးကို တွက်ချက်ပေးနိုင်မှု (Sleep Qulaity)၊ ဖိအား (Stress Level) တိုင်းတာမှုအပြင်၊ အမျိုးသမီးများအတွက် ဓမ္မတာ (Menstrual cycle) များကိုပါမှတ်သားသိရှိနိုင်မည့် သိပ္ပံနည်းကျတွက်ချက်မှုများကိုပါ လုပ်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

HUAWEI ၏ ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်သည့်  TruSeen™ 4.0 heart rate monitoring technology က HUAWEI WATCH FIT ကို သုံးစွဲသူ၏ နှလုံးခုန်နှုန်းကို ပိုမိုတိကျစွာ တိုင်းတာပေးနိုင်မှာပဲဖြစ်ပါသည်။

၂၄ နာရီအချိန်အတွင်း နှလုံးခုန်နှုန်း၏ ပြောင်းလဲမှုများကို infographics ဖြင့်ပြသပေးမည်ဖြစ်သည့်အပြင် ပုံမှန်အခြေအနေမဟုတ်သည့် နှလုံးခုန်နှုန်း (Abnormal heart rate alert function ) များအတွက်လည်း သတိပေးချက်များပြုလုပ်ပေးမည်ဖြစ်ပါသည်။

HUAWEI WATCH FIT  တွင် ပါဝင်သည့် HUAWEI TruSleep™ 2.0 နည်းပညာကြောင့် သုံးစွဲသူ၏ အိပ်ချိန်များ၊ အိပ်ချိန်အဆင့်အလိုက်ပြောင်းလဲမှု (sleep stage monitoring ) နှင့်အဆိုပါအိပ်ချိန်အဆင့်များအတွက် ကြာချိန်များ၊ အိပ်ချိန်အတွင်း ဖြစ်ပေါ်နေသည့် နှလုံးခုန်နှုန်း နှင့် အသက်ရှုခြင်းဆိုင်ရာ အခြေအနေများကို တိုင်းတာတွက်ချက်ပြီး ရလဒ်များကို ထုတ်ပြန်ပေးနိုင်ပြီး သုံးစွဲသူအတွက် သင့်တော်သည့် အကြံပေးချက်များကို လေ့လာဆန်းစစ်ကြည့်ရှုနိုင်မှာဖြစ်ပါသည်။ HUAWEI WATCH FIT အနေနှင့် အဖြစ်အများဆုံး အိပ်ချိန်မူမမှန်မှုများဖြစ်သည့် အိပ်ပျော်ရန် ခက်ခဲခြင်း (difficulty falling asleep)၊ မသိမသာသာ အိပ်ပျော်ခြင်း (light Sleeping)၊ အိပ်စက်ခြင်းတွင် သက်တောင့်သက်သာ မရှိခြင်း (restlessness)၊ အိပ်ရာထချိန်စောလွန်းခြင်း (early awakening)၊ အိမ်မက်များမက်လွန်းခြင်း (too many dreams) နှင့် ပုံမှန်မဟုတ်သည့်အလုပ်ချိန်များကြောင့် အိပ်စက်ရခက်ခဲခြင်း (irregular work and rest schedule) စသည့်အချက်များကို AI နည်းပညာဖြင့် တိတိကျကျသိရှိနိုင်စွမ်းရှိပြီး အဆိုပါအချက်အလက်များနှင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီး ရာနှင့်ချီသည့် အကြံပေးချက်များကိုပြုလုပ်နိုင်စွမ်းရှိပါသည်။

HUAWEI WATCH FIT သည် Huawei ၏ ပထမဦးဆုံး လေးထောင့််စပ်ကိုယ်ထည်နှင့် Smart Sport Watch အမျိုးအစားဖြစ်ပြီး ၁.၆၄ လက်မအရွယ် AMOLED HD display ကိုအသုံးပြုထားပြီး နာရီမျက်နှာပြင်ကို ရှင်းလင်းကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်စေမှာဖြစ်ပါသည်။ အလေးချိန်အားဖြင့်လည်း ၃၄ ဂရမ်သာ အလေးချိန်ရှိသည့်အတွက် သုံးစွဲသူများအတွက် ပေါ့ပါးသွယ်လျသည့် အလေးချိန်နှင့်အတူ စတိုင်ကျလှပသည့်အသွင်အပြင်ကို ယူဆောင်လာမှာလည်းဖြစ်ပါသည်။

MKT_Stia_Creative shot_pink CMF_Horizontal_EN_HQ_JPG_20200730

HUAWEI WATCH FIT အမျိုးအစားကို လက်ပတ်အရောင် (Wrist Straps) သုံးရောင်ဖြစ်သည့် အမဲရောင် (Graphite Black)၊ အစိမ်းနုရောင် (Mint Green) နှင့် လိမ္မော်ရောင် (Cantaloupe Orange) ဆိုသည့် အရောင် (၃) မျိုးဖြင့် မြန်မာနိုင်ငံတွင် ရရှိမည်ဖြစ်ပြီး Watch Face အမျိုူးအစား ဒီဇိုင်းပေါင်း ၁၃၀ ကျော်ကို Huawei Health App အတွင်းရှိ Huawei’s Watch Face Store မှတစ်ဆင့်ရယူ အသုံးပြုနိုင်မှာလည်းဖြစ်ပါသည်။ ထို့အပြင် Always On Display အမျိုးအစားကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပြီး ကြိုတင်ထည့်သွင်းပေးထားသည့် အမျိုးအစား ၆မျိုးအနက်မှ နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါသည်။ HUAWEI WATCH FIT ကို အောက်တိုဘာလဆန်းမှ စတင်ပြီး မြန်မာနိုင်ငံတွင် စတင်ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး တန်ဖိုးအားဖြင့် ၁၁၉၀၀၀ ကျပ်ကျသင့်မည်ဖြစ်သည့်အကြောင်း သတင်းပါးလိုက်ရပါသည်။

Previous
Previous

PS5 ကထွက်လာပြီဒီအချိန်မှာ PS4 ဝယ်သင့်လား?

Next
Next

Upper mid-range ကြိုက်သူများအတွက် S20 Fan edition ကိုမိတ်ဆက်