Upper mid-range ကြိုက်သူများအတွက် S20 Fan edition ကိုမိတ်ဆက်

699 ဒေါ်လာနဲ့ S20 series အတွက် Model အသစ် S20 Fan edition ကို Samsung က မိတ်ဆက်လိုက်ပါပြီ။ ရိုးရိုး 4G edition ကိုတော့ 599 ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။

6.9 inches အရွယ်အစားရှိမဲ့ fan edition မှာ 120Hz display ,4500 mAh battery , Ram 6GB , wireless charging , IP 68 water resistance နဲ့ Snapdragon 865 တို့ပါဝင်မှာဖြစ်ပါတယ်။နောက်ပြီး under display Finger print ကိုပါသုံးပေးထားပါသေးတယ်။ 128 GB . 256 GB နှစ်မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး UFS 3.0 လည်းပါပါသေးတယ်။ display ကတော့ Super AMOLED ပါ။ Speaker လည်း stereo speaker နဲ့ Flagship ဖုန်းလိုလို upper mid-range ဖုန်းလိုလိုပါပဲ။

S20 flagship မှာပါဝင်ခဲ့တဲ့ စွန့်လွှတ်မဲ့ Feature တွေကတော့ 8k video recording, curved display , Quad HD+ resolution တို့ပဲဖြစ်ပါတယ်။အဓိကဝိတ်လျှော့ထားတဲ့နေရာကတော့ ကင်မရာဖြစ်ပြီး Fan edition မှာ12 megapixel ကင်မရာပဲပါဝင်လာမှာပါ။ဒါပေမဲ့သူ့မှာ12 megapixel ultrawide နဲ့ 8 megapixel telephoto တို့ပါဝင်ပါတယ်။ဒါပေမဲ့သူ့မှာ OIS လို့ခေါ်တဲ့ Optical image stabilization တော့ပါဝင်ဦးမှာပါ။ နောက်ပြီး body ကိုလည်း Glass နဲ့ plastic သားရောထားတဲ့ body နဲ့ Gorilla glass 6 တော့ပါဝင်လာမှာမဟုတ်ပါဘူး။ အရှေ့ဘက်မှာတော့ Flagship မဟုတ်တဲ့အတွက် chin တွေနဲနဲကြီးမှာပါ။အရောင်ကိုတော့ 6 ရောင်ရွေးခြယ်နိုင်မှာဖြစ်ပါတယ်။

Author: Hein Htet

Ref : theverge

Previous
Previous

အမြင်သစ်နှင့် စတိုင်ကျလှပသည့်အပြင် ကိုယ်ကာယကြံ့ခိုင်မှုအတွက်ပါ အထောက်အကူဖြစ်စေမည့် HUAWEI WATCH FIT အမျိုးအစားသစ်ကို မြန်မာနိုင်ငံတွင် ရောင်းချသွားမည်။

Next
Next

Nanotechnology