Physical keyboard နဲ့ နောက်နှစ်မှာအသစ်ထပ်မံရောက်ရှိလာမဲ့ BlackBerry 5G
Blackberry ကတော့တစ်ဖန်ပြန်ရောက်လာပါပြီ။Blackberry က TCL နဲ့ဖေဖော်ဝါရီလမှာလက်တွဲဖြုတ်ခဲ့ပြီး OnwardMobility နဲ့ Foxconn ရဲ့ လက်အောက် brand FIH Mobile limited တို့နဲ့လက်တွဲခဲ့ပါတယ်။ ဒီ ကုမဏီသုံးခုပေါင်းပြီးဗုဒ္ဗဟူးနေ့ကPhysical keyboard ပါဝင်တဲ့ 5G ဖုန်းကိုထုတ်လုပ်တော့မယ်ဆိုပြီးကြေငြာခဲ့ပါတယ်။နောက်ထွက်လာမဲ့ ဒီဖုန်းအတွက်တခြားအချက်အလက်တွေကိုတော့သေချာမသိရသေးပါဘူး။ဒါပေမဲ့သူတို့ကြေငြာခဲ့ပုံကိုကြည့်ရတာတော့ဖုန်းကိုထိရောက်စွာအသုံးဝင်မှုနဲ့လုံခြုံရေးပိုင်းကိုအဓိကထားဦးစားပေးဖို့များပါတယ်။
BlackBerry ဖုန်းတွေဟာကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံရေးနဲ့လူမှုအသိုင်းအဝိုင်းယုံကြည်စိတ်ချရမှုကိုဦးစားပေးထားတဲ့ဖုန်းတွေအဖြစ်လူသိများကြပါတယ်။ဒါဟာ OnwardMobility အတွက် BlackBerry နဲ့ FIH တို့ကျောထောက်နောက်ခံပေးထားတဲ့မျိုးဆက်သစ် 5G ဖုန်းတွေကိုစျေးကွက်ထဲသယ်ယူလာဖို့အတွက်အခွင့်အရေးတစ်ခုဖြစ်ပါတယ်” လို့ OnwardMobility ရဲ့ CEO Peter Franklin ကပြောခဲ့ပါတယ်။

OnwardMobility အကြောင်းမသိသေးသူများအတွက် OnwardMobility ဟာ ကုမဏီအသစ်ဖြစ်ပြီး BlackBerry နဲ့လက်မတွဲခင်ကလူသိနည်းခဲ့ပြီး OnwardMobility ရဲ့ CEO Franklin က ဒီဇိုင်းနဲ့ software development အေဂျင်စီ infuse.us ကိုတည်ထောင်ခဲ့သူလဲဖြစ်ပါတယ်။
ကြေငြာချက်ထဲအရတော့ BlackBerry ကို FIH Mobile ကဒီဇိုင်းဆွဲပြီးထုတ်လုပ်ပေးမှာဖြစ်ပြီး OnwardMobility ကတော့ ထုတ်ကုန်အစီအစဉ်ဆွဲတာနဲ့စျေးကွက်တင်ပို့မှုကိုကိုင်တွယ်မှာပါ။
BlackBerry ဟာ 2018 တည်းက BlackBerry Key2 ဖုန်းကိုမိတ်ဆက်ပြီးကတည်းကဖုန်းအသစ်ဆက်မထုတ်တော့တာနှစ်နှစ်တောင်ကြာခဲ့ပါပြီ။ဒါပေမဲ့Physical keyboard ကိုကြိုက်နှစ်သက်တဲ့လူတစ်ချို့အတွက် BlackBerry ဖုန်းတွေဟာရွေးချယ်စရာဖြစ်ခဲ့ပေမဲ့ မျက်နှာပြင်အပြည့် Touchscreen ဖုန်းတွေဖြစ်တဲ့ iPhone နဲ့ Samsung တို့နဲ့ယှဥ်ရင်ပြီးပြည့်စုံတဲ့ဖုန်းတစ်လုံးဖြစ်ဖို့လိုနေပါသေးတယ်။ဒါပေမဲ့မကြာခင်မှာတော့ Physical keyboard နဲ့ BlackBerry 5G ဖုန်းကို ကမ္ဘာကြီးကတစ်ကယ်လိုအပ်နေသလားဆိုတာတော့စောင့်ကြည့်ရပါဦးမယ်။
ဒီ BlackBerry ဖုန်းအသစ်ကိုတော့ North America နဲ့ ဥရောပဖက်မှာ 2021 အတွင်းတွေ့ရမှာပါ။
Author: Hein Htet
Ref: Mashable
Crd : digital trends