အာရှပစိဖိတ်ဒေသတွင်း Cloud ဂေဟစနစ် ပိုမို အားကောင်းလာစေရန် Huawei က Spark နှင့် Blossom အစီအစဉ်များကို မိတ်ဆက်
ကမ္ဘာဦးဆောင် ICT ပံ့ပိုးသူ Huawei က ဩဂုတ်လ၂၈ရက်တွင် ကျင်းပခဲ့သည့် အွန်လိုင်း HUAWEI CLOUD SUMMIT 2020 တွင် အာရှပစိဖိတ်ဒေသတွင်းမှ အင်ဂျင်နီယာသိပ္ပံ (Deep Tech) ဆိုင်ရာ startup ကုမ္ပဏီများ၊ အသေးစားအလတ်စား လုပ်ငန်းများကို ပံ့ပိုးရန် Go Cloud Festival နှင့် အထောက်အပံ့ပေးသည့် အစီအစဉ်များ၊ cloud ရင်းမြစ်များနှင့် solution package များကို အချိန်အကန့်အသတ်ဖြင့် အထူးရောင်းချခြင်း အစီအစဉ်များ ကို မိတ်ဆက်ခဲ့သည်။ ယင်းမှတဆင့် ဒေသတွင်း cloud ဂေဟစနစ် ပိုမို အားကောင်းလာစေရန် Huawei က ရည်ရွယ်သည်။
APAC ဒေသအတွင်း startup လုပ်ငန်းများ အချိန်တိုအတွင်း အားကောင်းသန်မာလာစေရေးအတွက် Huawei က ကမ္ဘာ့အဆင့် startup လုပ်ငန်း ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် Spark အစီအစဉ်ကိုလည်း မိတ်ဆက်ခဲ့သည်။ အင်ဂျင်နီယာ သိပ္ပံ (Deep Tech) ဆိုင်ရာ startup ကုမ္ပဏီများ အနေဖြင့် 5G၊ AI/Machine Learning နှင့် Analytics၊ IoT ၊ Mobile Edge Computing၊ Mobile နှင့် SaaS application များကို ယင်းတို့ လုပ်ငန်းတွင် အလေးပေး အသုံးပြုလာနိုင်စေရေးအတွက် Huawei က ဒေါ်လာသန်းချီ၍ ရင်းနှီးမြုပ်နှံသွားမည် ဖြစ်သည်။
Huawei Spark အစီအစဉ်တွင် ပါဝင်သူများအနေဖြင့် အခမဲ့ Cloud ရင်းမြစ်များ၊ AI-module နှင့် AI အခြေခံ အသိဉာဏ်မြင့် လုပ်ငန်း solution များ စသည့် hardware ထောက်ပံ့မှုများ၊ AI framework၊ database နှင့် OS စသည့် open-source software ရင်းမြစ်များကို ရရှိမည်ဖြစ်ပြီး ထိုမှတဆင့် ယင်းတို့၏ ကိုယ်ပိုင် application များ၊ ဝန်ဆောင်မှုများနှင့် hardware အသုံးပစ္စည်းများကို ဖန်တီးနိုင်မည် ဖြစ်သည်။
အရည်အချင်းပြည့်မီသည့် startup လုပ်ငန်းများအနေဖြင့် Huawei ၏ ထူးကဲသည့် ရင်းမြစ်ဆိုင်ရာ ဂေဟစနစ်ကို “တိုက်ရိုက် ရောင်းချခြင်း၊ ပူးပေါင်း ရောင်းချခြင်း၊ တဆင့်ခံ ရောင်းချခြင်း “ စသည့် အဆင့်သုံးခု ပါဝင်သည့် Spark Fire လုပ်ငန်းမိုဒယ်ဖြင့် အသုံးပြုခွင့် ရရှိမည် ဖြစ်သည်။ အဆိုပါ startup လုပ်ငန်းများအတွက် Huawei က ပထမဦးဆုံး လုပ်ငန်းဖောက်သည် ဖြစ်လာနိုင်ပြီး ကမ္ဘာအနှံ့အပြားတွင် ကျယ်ပြန့်စွာ ဆောင်ရွက်လျက် ရှိသော Huawei လုပ်ငန်းများတွင် ယင်းတို့နှင့် အတူ လုပ်ငန်းမိတ်ဖက်များအဖြစ် လက်တွဲဆောင်ရွက်သွားမည့် အလားအလာကောင်းများလည်း ရှိသည်။ ထို့အပြင် အဆိုပါ startup လုပ်ငန်းများအနေဖြင့် Huawei Mobile Services (HMS) စနစ်နှင့် Huawei App Gallery တို့မှ တဆင့် Huawei မိုဘိုင်းဖုန်း သုံးစွဲသူ သန်း ၆၀၀ ကျော်၊ Huawei ၏ Cloud စျေးကွက်တွင်းရှိ ကမ္ဘာအနှံ့ enterprise သုံးစွဲသူ သန်းပေါင်းများစွာတို့ထံလည်း ဖြန့်ကျက် ထိတွေ့နိုင်မည် ဖြစ်သည်။
“ ဆန်းသစ်တီထွင်မှုမှာ နယ်နိမိတ်အကန့်အသတ် မရှိတဲ့ အပြင် ပူးပေါင်းဆောင်ရွက်မှုတွေကနေ တဆင့်လည်း တီထွင်မှုတွေ ပိုမို အားကောင်းလာမှာ ဖြစ်ပါတယ်။ Huawei ဟာ အခြေခံအဆောက်အအုံအပိုင်းကို အမြဲ အလေးထား ဆောင်ရွက်တဲ့ အပြင် cloud၊ AI တို့ရဲ့ စွမ်းရည်ကို သုံးပြီး ကျွန်တော်တို့ရဲ့ ဂေဟစနစ် မိတ်ဖက်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးနေပါတယ်” ဟု အာရှပစိတ်ဒေသ Huawei Cloud & AI Business Group ၊ ဒီဂျစ်တယ် အရာရှိချုပ် Leo Jiang က ဆိုသည်။ “ Huawei Spark အစီအစဉ်ရဲ့ သင်ကြားလမ်းညွှန်မှုတွေ၊ ပံ့ပိုးမှုတွေက တဆင့် startup တွေ အနေနဲ့ ပိုမို မြန်ဆန်အားကောင်းစွာ ဖွံ့ဖြိုးလာမယ်၊ အလုပ်အကိုင် အခွင့်အရေးတွေ တိုးတက်လာပြီး ဒေသတွင်းသာမက ကမ္ဘာအနှံ့ စီးပွားရေးကဏ္ဍတွေပါ ပြန်လည် ကောင်းမွန်လာမယ်လို့ ကျွန်တော်တို့က အပြည့်အဝ ယုံကြည်ပါတယ်” ဟု ယင်းက ဆိုသည်။
HUAWEI CLOUD နှင့် စင်ကာပူနိုင်ငံ၏ lifestyle ကဏ္ဍစုံလင်သည့် app နှင့် ဒေသဆိုင်ရာ သတင်း အချက်အလက်များကို လွယ်ကူစွာ ရှာဖွေနိုင်သည့် ပလက်ဖောင်းဖြစ်သော Nestia တို့၏ မိတ်ဖက်ပူးပေါင်းမှုကိုလည်း အဆိုပါ ဆွေးနွေးပွဲတွင် အထူး ကြေညာခဲ့သည်။ HUAWEI CLOUD နှင့် ပူးပေါင်းခြင်းအားဖြင့် Netstia ကုမ္ပဏီက ယင်းတို့၏ Cocos Game ပေါင်းစပ်ခြင်း၊ Open Broadcaster Software (OBS) ရုပ်ပုံ တည်းဖြတ်ခြင်းနှင့် content ပြင်ဆင်ရာတွင် ကူညီခြင်း စသည်တို့ အပါအဝင် ဝန်ဆောင်မှုများကို တိုးချဲ့ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယင်း app က ယခုလက်ရှိ ပြည်တွင်း ပရိသတ် ၉၉.၆% ပါဝင်သည့် နေ့စဉ် အသုံးပြုသူ ၂၀၀,၀၀၀ ထံသို့ ပိုမို စုံလင်ကြွယ်ဝသည့် ဝန်ဆောင်မှုများကို တိုးချဲ့ ပံ့ပိုးပေးနိုင်တော့မည် ဖြစ်သည်။
“အောင်မြင်မှုကို အတူရယူဖို့အတွက် အားကောင်းတဲ့ ဂေဟစနစ်တစ်ခုကို တည်ဆောက်ဖို့ HUAWEI CLOUD က ကတိကဝတ် ပြုထားပါတယ်။ ကျွန်တော်တို့ဟာ အာရှပစိဖိတ်ဒေသတွင်းက မိတ်ဖက်တွေကို ဆက်လက် ပံ့ပိုးပြီး စွမ်းဆောင်ရည်မြှင့်တင်ပေးသွားမယ့် အပြင် Huawei Spark နဲ့ AI Lab တို့လို ပူးပေါင်းပြီး solution သစ်တီထွင် ဖန်တီးမှုတွေ၊ ကျွမ်းကျင်ပညာရှင် ဖန်တီးပျိုးထောင်မှုတွေအတွက်လည်း ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ချိတ်ဆက်နိုင်စွမ်း (Connectivity) ၊ တွက်ချက်မှု (Computing)၊ Cloud သုံးခုပေါင်းစပ်ထားမှုကို အကောင်းဆုံး အသုံးချပြီးတော့ အသိဉာဏ်မြင့်၊ အလိုအလျောက်လည်ပတ်နိုင်စွမ်း ရှိပြီး သတင်းအချက်အလက်နဲ့ မောင်းနှင်တဲ့ ပလက်ဖောင်းကို ကျွန်တော်တို့ မိတ်ဆွေတွေရဲ့ content၊ application နဲ့ algorithm ပိုင်း ဆိုင်ရာတွေမှာ အသုံးပြုနိုင်အောင် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ အသီးအပွင့်တွေ ဝေဆာနေတဲ့ ဂေဟစနစ်ကို တည်ဆောက်ပြီး ရှေ့ကို ဆက်လက်တိုးတက်နေတဲ့၊ အပြည့်အဝချိတ်ဆက်ပြီး အသိဉာဏ်မြင့်မားတဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်ဖို့အတွက် ကျွန်တော်တို့ အားလုံး အတူတူ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု အာရှပစိတ်ဒေသ Huawei Cloud & AI Business Group ၊ ဥက္ကဌ Daniel Zhou က ဆိုသည်။