Google Pixel 5 ရဲ့ Render ပုံရိပ်များပျံ့နှံ့လာ၊အနောက်ဘက်မှာကင်မရာနှစ်လုံးနဲ့ Finger print sensor များတွေ့ရ
Google က Pixel 4A ကို August လမှာထုတ်ပေးခဲ့ပေမဲ့ Pixel 4A 5G နဲ့ Pixel 5 အတွက်ကိုစောင့်ခဲ့ရပါတယ်။အောက်တိုဘာလောက်ဆိုရင်တော့ Pixel 5 ကိုတွေ့ရဖို့ရှိပေမဲ့ အခုထွက်လာတဲ့ Pixel 5 ရဲ့ Render ပုံတွေကိုကြည့်ပြီး တစ်ကယ့် Pixel 5 မှာဘာတွေမျှော်လင့်လို့ရမလဲခန့်မှန်းလို့ရပါတယ်။
ဒီ Leak ပုံတွေကိုတော့ OneLeaks နဲ့ အိန္ဒိယ tech site PriceBaba တို့မှထုတ်ပေးခဲ့တာြဖစ်ပြီး အနောက်ဘက်မှာ fingerprint sensor နဲ့ Square ပုံ Camera ဒီဇိုင်းကိုတွေ့ရမှာပါ။ကင်မရာကတော့နှစ်လုံးပါဝင်ပြီး အမည်မသိသေးတဲ့ Sensor နဲ့ အရှေ့ဘယ်ဘက်ထောင့်မှာ ကင်မရာတစ်လုံးထဲနဲ့ notch ကိုတွေ့ရမှာပါ။ဖုန်းရဲ့ဒီဇိုင်းက 4A နဲ့တော်တော်ဆင်တူပြီးဘော်ဒီပုံစံကတော့ Flat ပါ။ အရောင်ကတော့မီးခိုးနဲ့အစိမ်းရောင်နှစ်မျိုးဖြစ်နိုင်ပါတယ်။

ဒီ Render ပုံတွေကတစ်ကယ့်အစစ်အမှန်ဖြစ်မလာဆိုတာတော့မသေချာသေးပါဘူး။screen ပိုင်းနဲ့ပက်သက်တဲ့ သတင်းအချို့ကတော့ 5.7 inches နဲ့ 5.8 inches ကြားမှာရှိပြီး Pixel 4A ရဲ့ 5.8 inches ထက်ပိုပြီးသေးနိုင်ပါတယ်။ Android centrals ရဲ့အဆိုအရ Pixel 5 ကို 6 inches နဲ့ 90Hz OLED panel ကပိုဖြစ်နိုင်ပြီး Galaxy S20 ရဲ့ 6.2 inches ထက်ပိုပြီးသေးနိုင်ပါတယ်။
တခြား Spec တွေနဲ့ပတ်သက်ပြီး Rumor တွေထွက်ထားတာကတော့ Android Head ရဲ့အဆိုအရ ဒီ Pixel 5 မှာ 3080 mAh battery လို့ပြောထားပြီး Android Central ကတော့ ဒီကောလဟာလဟာ မဖြစ်နိုင်ပဲ Battery က Pixel 4 ထက်ပိုကြီးနိုင်တယ်လို့လဲဆိုထားပါတယ်။
ကောလဟာလတွေထဲမှာတူညီတာတစ်ခုကတော့ CPU ကို Snapdragon 765G နဲ့ 5G ထောက်ပံ့ပေးလာနိုင်ပါတယ်။ Pixel 4A မှာပါတဲ့ Snapdragon 855 ထက်နိမ့်သွားပါတယ်။ RAM ကိုတော့ 8GB နဲ့ Android Centrals ကတော့ 128GB storage ပါဝင်မယ်လို့ဆိုထားပါတယ်။ နောက်တစ်ခုကတော့ 15W Qi wireless charging ရယ် Bluetooth earbuds တွေအတွက် 5W reverse wireless charging ရယ်ပါဝင်မယ်လို့ဆိုထားပါတယ်။
စျေးနှုန်ကတော့ XL မော်ဒယ်ကိုပဲ US ဒေါ်လာ 699 ကျသင့်နိုင်တယ်လို့ဖော်ပြထားပါတယ်။
Author : Hein Htet
Ref : the verge