စီးပွားရေး အောင်မြင်မှုကို အပြည့်အဝ မောင်းနှင်နိုင်ရန် 5G ၏ အလားအလာ
Huawei မှ ၎င်း၏ အွန်လိုင်း Better World Summit 2020 ကို တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့၌ ကျင်းပခဲ့ပြီး နိုင်ငံတကာ ထိပ်တန်း ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် China Telecom ၊ Etisalat ၊ MTN ၊ GSMA နှင့် 3GPP/ETSI တို့မှ ဧည့်သည်တော်များ တက်ရောက်ဆွေးနွေးခဲ့ကာ နိုင်ငံပေါင်း ၈၀ ကျော်မှ လူထောင်ပေါင်းများစွာက တက်ရောက်ခဲ့ကြပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) က လက်ရှိ အနေအထားနှင့် ရောဂါကပ်ပြီးဆုံးချိန် ကမ္ဘာ၏ စီးပွားရေး ဖွံ့ဖြိုးမှု အသစ်ကို မည်သို့ လွှမ်းမိုးနိုင်မည် ဖြစ်ကြောင်း အွန်လိုင်းမှ အတူတကွ လေ့လာခဲ့ကြသည်။
အွန်လိုင်း Better World Summit တွင် Huawei ၏ အလှည့်ကျဥက္ကဌဖြစ်သူ Guo Ping က အဓိက နည်းပညာ နယ်ပယ်ကြီး (၅) ခု၏ ပေါင်းစည်းမှုအင်အားသည် စီးပွားရေး အောင်မြင်မှုကို မောင်းနှင်နိုင်မည့် 5G ၏ ပြည့်ဝသော အလားအလာကို မည်သို့ သော့ချက်ဖွင့်နိုင်မည့်အကြောင်း အသေးစိတ် ပြောကြားသွားခဲ့သည်။ Corporate Senior Vice President နှင့် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် Catherine Chen ကလည်း COVID-19 ကပ်ကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်နှင့် အားလုံးအတူတကွ ပါဝင်သော ကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးနိုင်ရန် အတွက် နယ်ပယ်ဒေသအသီးသီး၊ နိုင်ငံအသီးသီးမှ Telecom Regulators များ လက်တွဲဖော်ဆောင် သင့်ကြောင်းကို ပဏာမမိန့်ခွန်း ပြောကြားသွားခဲ့သည်။

“ဒီကပ်ဆိုးကြီးမှာ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့နဲ့ ကျော်လွှားသွားနိုင်ဖို့ ICT ကုမ္ပဏီတစ်ခုအနေနဲ့ နည်းပညာကို အသုံးချပြီး ကူညီပေးကြရမှာက ကျွန်တော်တို့ တာဝန်ပါ။ နယ်ပယ်စုံက အသက်မွေးဝမ်းကျောင်းမျိုးစုံ၊ စီးပွားရေး လုပ်ငန်းပေါင်းစုံ အပါအဝင် ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေ၊ သုံးစွဲသူတွေနဲ့ လက်တွဲပြီး လူမှုအသိုင်းအဝိုင်းမှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖန်တီးနိုင်ဖို့ နည်းပညာနဲ့ အဖြေထုတ်လို့ရပါတယ်။ အစောပိုင်း hotspots တွေက ရလာတဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေပေါ်မူတည်ပြီး ဒီကပ်ဆိုးကို တန်ပြန်တိုက်ထုတ်နိုင်ဖို့ ICT နည်းပညာ အသုံးချ မြင်ကွင်းအခြေခံ နည်းလမ်း (၉) ခုကို ကျွန်တော်တို့ ကြံဆနိုင်ခဲ့ပါတယ်။ ဆေးရုံကွန်ရက်တွေ ဖြန့်ကျက်တာတွေ၊ အဝေးတစ်နေရာစီက ဆွေးနွေးမှုတွေ၊ အွန်လိုင်း ပညာရေးစနစ်တွေ၊ စီးပွားရေးနဲ့ အစိုးရ လုပ်ငန်းတွေ ပြန်လည်စတင်တာတွေ၊ ဘယ်လိုနေရာမှာမဆို ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့နဲ့ စီးပွားရေးတွေ ပြန်လည် စတင်နိုင်ဖို့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှတွေ ထုတ်သုံးပြီး ကူညီပေးနေပါတယ်။” ဟု Guo က ဆိုသည်။
ကမ္ဘာပေါ်တွင် 5G အသုံးပြုသူပေါင်း သန်း (၉၀) ကျော် ရှိနေပြီး ဖြစ်သည်။ Guo က “ကမ္ဘာလုံးဆိုင်ရာ 5G ကွန်ရက် ဖြန့်ကျက်မှုကို စတင် အပြီးသတ်လာတာနဲ့ အမျှ ကျွန်တော်တို့တွေဟာ စက်မှုလုပ်ငန်းဆိုင်ရာ အသုံးချမှုတွေကို ပိုပြီး အာရုံစိုက်ကြဖို့ လိုအပ်လာပါတယ်။ ဒါက 5G ရဲ့ အလားအလာတွေကို အပြည့်အဝ ထုတ်ဖော်နိုင်ဖို့ ကူညီပေးနိုင်မှာပါ။ Huawei မှာတော့ ဒီ နယ်ပယ်တစ်ခုချင်းစီအတွက် နက်ရှိုင်းတဲ့ အားသာချက်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ တွေက ဒါတွေကို ရောစပ်ပြီး ကိုက်ညီတဲ့ အရာတွေကို တွဲဖက်ပေးခြင်းနဲ့ ကျွန်တော်တို့ သုံးစွဲသူတွေနဲ့ မိတ်ဖက်တွေရဲ့ ထူးခြားတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် မြင်ကွင်း အခြေခံ နည်းလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒါဟာ 5G ရဲ့ အလားအလာကို အပြည့်အဝ ဖွင့်ဟနိုင်ပြီး စီးပွားရေးအရ အောင်မြင်မှုတွေကို မောင်းနှင်နိုင်မယ့် အဓိက သော့ချက်လည်း ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေအတွက် သူတို့ရဲ့ လိုအပ်ချက်တွေကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ဖို့ Huawei ရဲ့ ကြိုးပမ်းမှုတွေကို (၂)ဆ အားစိုက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပူးပေါင်းတီထွင်မှုတွေကို တိုးမြှင့်သွားမှာဖြစ်ပြီး ဒီ ကွင်းဆက်ထဲမှာပါဝင်တဲ့ လူတိုင်းအတွက် တိုးတက်မှုတွေကို ပံ့ပိုးပေးနိုင်ဖို့ ဆက်ကြိုးစားသွားမှာပါ။” ဟု ဆက်လက် ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကျော်မှစတင်၍ သတင်းအချက်အလက် နည်းပညာသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး လူအများ၏ လူမှုဘဝနှင့် လုပ်ငန်းခွင်ကို များစွာပိုပြီး လွယ်ကူစေခဲ့သည်။ COVID-19 ရောဂါကပ်သည် နည်းပညာတိုးတက်မှုများကို ဒစ်ဂျစ်တယ်လ် အခြေခံ အဆောက်အဦများက မလိုက်မီနိုင်ကြောင်း မီးမောင်းထိုးပြခဲ့သည်။ International Telecommunication Union (ITU) အရ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်မှာ အင်တာနက် အသုံးပြု၍ မရခြင်း နှင့် အခြား ဒစ်ဂျစ်တယ်လ် နည်းပညာများ အသုံးမပြုနိုင်ခြင်းတို့ ရှိနေဆဲပင်ဖြစ်သည်။ နိုင်ငံတိုင်း၏ စီးပွားရေး ကျဆင်းမှုနှင့်အတူ အစိုးရများမှ စီးပွားရေး ပြန်လည် နာလန်ထူလာနိုင်ရေး မဟာဗျူဟာများပေါ် ပိုမို အာရုံစိုက်လာကြသည်။ “ပိုပြီး ရင်းနှီးကောင်းမွန်တဲ့၊ ထက်မြက်ပြီး ဆန်းသစ်တဲ့ အနာဂတ်တွေအတွက် ကျွန်မတို့ ရှေးရှုရမှာပါ။ အရာအားလုံးထက် ပိုပြီး အရေးကြီးတာကတော့ ပိုကောင်းမွန်တဲ့ အနာဂတ်တွေအတွက် ကျွန်မတို့တွေ အားလုံး ရေရှည် အတူတကွ ပါဝင်ကြရမယ် ဆိုတာပါပဲ။” ဟု Chen က ဆိုသည်။
COVID-19 ပြန့်ပွားမှုကို နှေးကွေးစေရေးအတွက် ရောဂါကူးစက်မှု ထိန်းချုပ်ရေး စီမံကိန်းများကို နိုင်ငံနှင့် ဒေသကြီးများတွင် အောင်မြင်စွာ အကောင်အထည်ဖော်လာနိုင်ပြီးသည့်နောက် အချို့သော နိုင်ငံများတွင် စီးပွားရေး လှုပ်ရှားမှုများ ပုံမှန်ပြန်ဖြစ်လာနိုင်ပြီ ဖြစ်သည်။ အစိုးရပေါင်းများစွာမှ လှုံ့ဆော်ရေး လှုပ်ရှားမှု စီမံကိန်းများကို စတင်ခဲ့ကြပြီး ICT သည် အဆိုပါ စီမံကိန်းများ၏ အဓိကကျသော ကဏ္ဍမှ ပါဝင်နေသည်။ “စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်ဖို့ဆိုရင် အထက်ကနေ အောက်ခြေအဆင့်ထိ ဆောင်ရွက်ရမယ့် လမ်းကြောင်းတွေ ချမှတ်ရေးဆွဲပေးတာ၊ အောက်ခြေကနေ အထက်ကို တင်ပြတဲ့ ဖန်တီးနိုင်စွမ်းနဲ့ တက်တက်ကြွကြွ ဆောင်ရွက်တာတွေ လိုအပ်ပါတယ်။ အစိုးရ မူဝါဒတွေကို နယ်ပယ်တစ်ခုလုံးရဲ့ ဒစ်ဂျစ်တယ်လ်ပြောင်းလဲမှုတွေနဲ့အတူ ထောက်ပံ့ပေးတာက စက်မှုလုပ်ငန်းအားလုံးအတွက် ဒစ်ဂျစ်တယ်လ်နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို ရရှိခံစားနိုင်ပြီး လုပ်ငန်းတွေ ပြန်လည်ကြီးထွားလာဖို့အတွက်လည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်။” ဟု Chen က မှတ်ချက်ချခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ (၂) ဖက်လုံးတွင် Huawei က မိတ်ဖက် များနှင့် ရင်းနှီးနွေးထွေးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတိုးတက်မှုကို တီထွင် ဆန်းသစ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ပံ့ပိုးကူညီနိုင်ရန် အစွမ်းကုန် ကြိုးစားလျက်ရှိသည်။ Huawei သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် မြေပြင်ဆက်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်၊ ဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် လူလုပ်အသိဉာဏ် (AI) အတွက် နည်းပညာ ဝန်ဆောင်မှုများ ထောက်ပံ့မှု၊ ဗီဒီယို ကွန်ဖရင့် နှင့် စမတ်ဖုန်းများအတွက် COVID-19 ကာလအတွင်း စုစုပေါင်း ကျပ်ငွေ သိန်း ၇၀၀ကျော် စိုက်ထုတ်ကာ ကူညီဖြေရှင်းပေးလျက်ရှိသည်။ စီးပွားရေး လုပ်ငန်းများဆိုင်ရာ ကဏ္ဍတွင် COVID-19 ကာလအတွင်း လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရန်အတွက် ကုမ္ပဏီ လုပ်ငန်းများကို cloud ပေါ်သို့ ရွှေ့ပြောင်းရန် ကူညီပေးလျက်ရှိသည်။