ကွန်ပြူတာတစ်လုံးရဲ့စွမ်းဆောင်ရည်မှာ RAM နဲ့ SSD ကဘယ်လိုစပ်ဆက်မှုရှိလဲ?

အခုဖတ်နေတဲ့လူတွေထဲမှာကွန်ပြူတာအဟောင်း‌လေးရှိတယ်ဆိုပါတော့။ကိုယ့်ကွန်ပြူတာကမမြန်တော့ဘူး။ Hard disk လေးကို SSD ပြောင်းဆိုက်ရမယ်ပေါ့။ RAM ကလဲ 4GB လောက်ပဲရှိမယ်။အဲ့တာဆိုရင်တော့ Storage ပိုင်းကို SSD အရင်မပြောင်းပါနဲ့။ RAM ကိုအရင် Upgrade အရင်လုပ်ပါ။ဘာဖြစ်လို့လဲဆိုတော့ကိုယ့်မှာ RAM အလုံအလောက်ရှိနေရင်တော့ data storage ပိုင်းကိုအဆင့်မြင့်တင်တာကနဲနဲပါးပါးလောက်ပဲအကျိုးသက်ရောက်မှုရှိပေမဲ့ RAM ကမလုံလောက်ပဲ Speed ကနှေးနေတယ်ဆိုရင်တော့ SSD ပြောင်းလိုက်လဲလုံးဝအလကားပါပဲ။ SSD ဆိုတဲ့သဘောတရားကသာမန်HDD တွေနဲ့မတူရတဲ့အကြောင်းအရင်းက HDD ထဲမှာလည်နေတဲ့ဓာတ်ပြားဟောင်းကြီးရှိပါတယ်။HDDတစ်ခုမှာအဲ့လိုဓာတ်ပြားဟောင်းကြီးကတစ်ခုထက်ပိုပြီးရှိပါတယ်။တစ်ခုနဲ့တစ်ခုကိုထပ်ထားတာပါ။အဲ့ဓာတ်ပြားဟောင်းကြီးထဲကဒေတာကိုဖတ်ဖို့အတွက် HDD တစ်ခုမှာပင်အပ်လိုသံလိုက်‌လေးပါပါတယ်။အဲ့ပင်အပ်လေးကလည်နေတဲ့ဓာတ်ပြားဟောင်းကြီးပေါ်ကကွန်ပြူတာဒေတာ 1 နဲ့ 0 ဒါမှမဟုတ် သံလိုက်ဝင်ရိုးစွန်း တောင်နဲ့မြောက်ကိုဖတ်ပါတယ်။ဒါကသာမန် HDD တစ်လုံးအလုပ်လုပ်ပုံပါ။ SSD ဆိုတာကတော့သူ့မှာဓတ်ပြားဟောင်းကြီးမပါတော့ဘူးသူက RAM လို Electronic circuit တွေနဲ့အလုပ်လုပ်တယ်။ RAM ကတော့ Main memory ဖြစ်ပြီးသူ့ကို VOLATILE လို့လဲခေါ်တယ်။ computer တစ်လုံးရဲ့ CPU နဲ့တိုက်ရိုက်အလုပ်လုပ်ပါတယ်။တိုက်ရိုက်အလုပ်လုပ်တယ်ဆိုပေမဲ့လို့ CPU မှာလည်းသူ့ Memory နဲ့သူရှိပါတယ်။အဲ့တာကိုတော့ Cache လို့ခေါ်ပါတယ်။

အဲ့တော့ Memory speed ကမဟားတရားမြန်နေပြီးတော့ HDD ကအရမ်းနှေးနေမယ်ဆိုရင် HDD ကို CPU ကဒေတာလှမ်းတောင်းတဲ့အခါကျရင် Memory ကို instruction ပို့မယ်ပြီးရင် Memory က HDD ကိုတစ်ဆင့်လှမ်းတောင်းမယ်။အဲ့အခါကျရင် HDD က အရမ်းနှေးနေရင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ အဲ့လိုအပြန်အလှန်ပဲ SSD speed ကတအားမြန်ပြီး RAM က speed နဲ့ ပမာဏမလောက်ဘူးဆိုရင်လဲအလုပ်ဖြစ်မှာမဟုတ်ပါဘူး။နှစ်ခုလုံးကတစ်ပြိုင်ထဲမြန်ပြီးတစ်ပြိုင်တည်းသူ့ဟာနဲ့သူဟာမိုနီဖြစ်ပြီး Balance ဖြစ်နေရင်တော့အကောင်းဆုံးပါ။ အဲ့တော့ HDD ကနေ SSD ကိုတင်တော့မယ်ဆိုရင်အရင်ဆုံးကိုယ့် RAM ရဲ့အခြေအနေကိုအရင်တစ်ချက်ရှိုးရမှာပါ။ တစ်ကယ်တော့ RAM ဘယ်လောက်လိုလဲဆိုတာကိုယ်သုံးတဲ့ပေါ်မှာလဲမှုတည်သေးပါတယ်။ကိုယ်ကဂိမ်းဆိုဒိုတာလောက်ပဲခုတ်ပြီးတော့သာမန် usage မျိုးဆိုရင်တော့ 4GB လောက်ဆိုမဆိုးပေမဲ့ Power user ဖြစ်တယ် Design တွေ Premiere တွေပါကိုင်မယ်ဆိုရင်တော့အနည်းဆုံး 8GB လောက်တော့ရှိသင့်ပါတယ်။အဲ့တော့ကျွန်တော့်တို့SSD နဲ့ HDD က Speed ဘယ်လောက်ကွာလဲဆိုတာကို Boot time ရော Application launch time ရော RAM တစ်ချောင်းတည်း Speed အတူတူပေါ်မှာ compare လုပ်ပေးသွားမှာဖြစ်ပါတယ်။ Compare လုပ်ပေးမယ့် video လေးကိုတော့မကြာမီလာမည်ဆို‌တော့စောင့်ကြည့်ပေးကြပါဦး။ compare လုပ်မဲ့ Video အတွက် Product တွေကတော့ Ram ကို Kingston ရဲ့ value Ram 8GB ကိုရွေးချယ်ထားပါတယ်။ SSD ကိုလည်း Kingston ရဲ့ SATA SSD 1TB ကိုရွေးချယ်ထားပါတယ်။အဲ့တော့ normal HDD တစ်လုံးနဲ့ Kingston ရဲ့ SATA SSD နဲ့ ဘာတွေကွာလဲဆိုတာကိုလက်တွေ့လုပ်ပါမယ်။

အော်ဒါနဲ့ Storageဆိုတာကွန်ပြူတာတစ်ခုအတွက်ဘယ်လိုနေရာမျိုးမှာအလုပ်လုပ်လဲဆိုတော့ Operating system ကို Host လုပ်မယ် Boot တက်မယ်။ပြီးရင် Application တွေဖွင်တော့မယ် files တွေကို access လုပ်မယ်ဆိုရင်မြန်နေတဲ့ SSD ကပိုပြီးတုံ့ပြန်မှုပိုမြန်ပါတယ်။ File တွေ access လုပ်မဲ့ ကဏ္ဠပြီးသွားရင်တော့ Work load တွေကို RAM နဲ့ CPU ဆီကိုလွှဲပြောင်းလိုက်ပါပြီ။ကျန်တာကတော့ CPU နဲ့ RAM အပိုင်းဖြစ်သွားပါပြီ။

လွယ်ကူအားထားရတဲ့ PC upgrade လုပ်ဖို့စဉ်းစားနေရင်အခုအချိန်ဟာအကောင်းဆုံးအချိန်ပါပဲ။ ကမ္ဘာ့နံပါတ်တစ် Memory နဲ့ SSD အမှတ်တံဆိပ် Kingston ဟာ အထူးအထိမ်းအမှတ်ပွဲတော်ပရိုမိုရှင်းကို သြဂုတ်လ ၁၀ မှ စက်တင်ဘာလ ၇ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ Kingston RAM ဒါမှမဟုတ် SSD ကိုဝယ်ယူပြီး အရေအတွက်ကန့်သတ်ထုတ်လုပ်ထားတဲ့ လက်ဆောင်များကို ရယူလိုက်ပါ။

Author : Hein Htet

Previous
Previous

CPU တစ်ခုရဲ့ Cache level ဆိုတာဘာကိုခေါ်တာလဲ?

Next
Next

Laptop ရောင်းချမှုစျေးကွက်ကနေတရားဝင်နှုတ်ထွက်တော့မယ့် Toshiba