Laptop ရောင်းချမှုစျေးကွက်ကနေတရားဝင်နှုတ်ထွက်တော့မယ့် Toshiba

Toshiba ကတော့အရင်အပတ်က Laptop ထုတ်လုပ်ရောင်းချမှုစျေးကွက်ကနေတိတ်တိတ်လေးတရားဝင်ထွက်ခွာသွားပါပြီ။ 35 နှစ်တာ Laptop ထုတ်လုပ်မှုကိုသူတို့ရဲ့ကျန်ရှိနေသေးတဲ့ PC လုပ်ငန်းကို Sharp ဆီသို့လွှဲပြောင်းပေးလိုက်ပြီးအပြီးတိုင်ထွက်ခွာသွားပါပြီ။လွန်ခဲ့တဲ့နှစ်နှစ်တုန်းကသူတို့ PC လုပ်ငန်းရဲ့ ရှယ်ရာ 80.1 % ကို Sharp ကို 36 သန်းနဲ့ရောင်းချခဲ့ပါတယ်။ Sharp ကတော့သူတို့ရဲ့လုပ်ငန်းစုကို Dynabook ဆိုပြီးအမည်ပြောင်းခဲ့ပါတယ်။ကျန်ရှိနေတဲ့ရှယ်ယာ 19.1 %ကိုဝယ်ယူဖို့Sharp အနေနဲ့ပြင်ဆင်ခဲ့ပြီး Toshiba ကလည်းရောင်းချဖို့အတွက် August 4 ရက်နေ့မှာသဘောတူညီမှုရယူခဲ့ကြောင်းသတင်းထုတ်ပြန်ကြေငြာခဲ့ပါတယ်။အခုလိုရောင်းချပြီးရွှေ့ပြောင်းမှုတွေကြောင့် Dynabook လုပ်ငန်းစုဟာ Sharp ရဲ့လက်အောက်ခံလုပ်ငန်းခွဲတစ်ခုဖြစ်သွားပါပြီ။

Toshiba ရဲ့ ပထမဆုံးကွန်ပြူတာလပ်တော့ကို ၁၉၈၅ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ T1100 အားပြန်သွင်းနိုင်တဲ့ Battery နဲ့ 3.5 inches Floppy drive အပြင် Memory ပမာဏက 256K ပါဝင်ခဲ့ပါတယ်။ Toshiba ရဲ့အကြီးအကဲများဟာသယ်ဆောင်သွားနိုင်တဲ့ကွန်ပြူတာများရဲ့အနာဂတ်ကိုမသေမချာဖြစ်ခဲ့တယ်လို့ Computerworld မှမှတ်ချက်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့တုန်းက T1100 မော်ဒယ်ကိုဒေါ်လာ 2000 နဲ့စတင်ရောင်းချခဲ့ပါတယ်။ 1990 နဲ့ 2000 ခုနှစ်တွေကြားမှာကွန်ပြူတာထုတ်လုပ်သူတွေကြားမှာ Toshiba ဟာထိပ်ဆုံးမှရပ်တည်ခဲ့ပါတယ်။ဒါပေမဲ့ပြိုင်ဘက်ကုပ္မဏီတွေနဲ့စျေးကွက်ပြိုင်ဆိုင်သူများဟာစျေးကွက်ထဲသို့ထူးခြားတဲ့လုပ်ဆောင်ချက်တွေကိုပေးစွမ်းနိုင်တဲ့လပ်တော့များနှင့်အတူအပြိုင်အဆိုင်ဝင်လာခဲ့ပါတယ်။

ရှယ်ယာများကို Sharp ထံသိုရောင်းချလိုက်တဲ့အချိန်မှစတင်ကာ PC စျေးကွက်မှာ Toshiba အနေနဲ့ 2011 ခုနှစ်မှာ 17.7သန်းရောင်းချနိုင်ခဲ့ရမှ 2017 အရောက်မှာ 1.4 သန်းအထိအရောင်းထိုးကျသွားတယ်လို့ Reuters သတင်းဌာနကဖော်ပြခဲ့ပါတယ်။

Ref : the verge

Author : Hein Htet

Previous
Previous

ကွန်ပြူတာတစ်လုံးရဲ့စွမ်းဆောင်ရည်မှာ RAM နဲ့ SSD ကဘယ်လိုစပ်ဆက်မှုရှိလဲ?

Next
Next

သြဂုတ်လအတွက် Huawei ရဲ့ အထူး Promotion အစီအစဉ်