Office UI အသစ်ရဲ့ဒီဇိုင်းကိုအမြည်းချပြလိုက်တဲ့ Microsoft
Microsoft ကတော့ Office software တွေရဲ့ UI နဲ့ ဒီဇိုင်းပိုင်းကိုအမြည်းချပြလိုက်ပါတယ်။ချပြလိုက်တဲ့ဒီဇိုင်းမှာအဓိကပြောင်းလဲသွားတာတစ်ခုကတော့အရင် Office 2019 version အထိပါဝင်ခဲ့တဲ့ Ribbon ကိုလုံးဝပြောင်းလဲပစ်လိုက်ပါတယ်။ Experience built for focus လို့ထင်ထင်ရှားရှားကြီးကိုပြထားတဲ့အတွက် Ribbon ကိုသေးနိုင်သမျှသေးအောင်လုပ်ပြီးပျောက်လုနီးပါးဖြစ်အောင်လုပ်ထားတာကိုတွေ့ရမှာပါ။ Microsoft အနေနဲ့ Office ဒီဇိုင်းကိုလွန်ခဲ့တဲ့နှစ်တော်တော်များများကတည်းက icon အသစ်တွေထည့် dark mode နဲ့ window 10 ရဲ့ဒီဇိုင်းနဲ့ Feeling ကိုထည့်သုံးရင်း တိုးတက်အောင်ခပ်စိတ်စိတ်လုပ်လာခဲ့တာဖြစ်ပါတယ်။တိုးတက်အောင်လုပ်တဲ့နေရာမှာ Microsoft အနေနဲ့ Tool bar တွေကိုပိုသေးပြီးသုံးရလွယ်ကူအောင်လုပ်နေတာပဲဖြစ်ပါတယ်။

Microsoft ရဲ့ နောက်လာမဲ့ UX အပြောင်းအလဲဟာ App ရဲ့ခေါင်းစီးပိုင်းက Brand အရောင်ကို Header နဲ့ကွဲထက်စေပြီးအသုံးပြုရလွယ်တဲ့ Commend တွေကိုရှာဖွေရလွယ်ကူစေမှာပါလို့ Microsoft ရဲ့ Design နဲ့ Research ရဲ့ Vice president ဖြစ်သူ Jon Friedman ကပြောပါတယ်။
အသုံးပြုရလွယ်ကူတဲ့ Commend တွေကိုသုံးနိုင်ဖို့အတွက် Office software ရဲ့ Ribbon interface ကို ပေါ်နိုင်ပျောက်နိုင်လုပ်လို့ရတဲ့ Tool Bar နဲ့အစားထိုးလိုက်တာဖြစ်ပါတယ်။Document တစ်ခုကိုရေးတဲ့အခါမှာလိုအပ်တဲ့ Commend တွေကိုလက်နဲ့လွယ်လွယ်ကူကူရောက်နိုင်တဲ့နေရာတွေမှာ Tool bar နဲ့ထားထားမှာပါ။

အမြည်းချပြသွားတဲ့ video ထဲမှာတခြား Platform တွေဖြစ်တဲ့ Tablet နဲ့ Mobile ဖုန်းတွေပါ ပါတဲ့အတွက် Desktop မှာအစပြုခဲ့တဲ့ Office software ဟာ Multi-device အသုံးပြုသူတွေအတွက်ပါဒီဇိုင်းပိုင်းတွေပြောင်းလဲလာတော့မှာပါ။
Microsoft ကတော့ Ribbon interface ကို Office version 2007 မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီးအခုဆိုရင်တော့အဲ့ထက်ကျော်လွန်တဲ့နောက်ထပ်ခြေလှမ်းတစ်လှမ်းကိုလှမ်းဖို့ပြင်နေပြီပဲဖြစ်ပါတယ်။နောက်ပိုင်း Office software တွေမှာ Microsoft အနေနဲ့ဖြည်းဖြည်းချင်း Ribbon ဒီဇိုင်းကိုရိုးရှင်းအောင်ပြုလုပ်လာတာဖြစ်ပြီးကိုဖန်တီးနေတဲ့ Content ပေါ်မှာပိုမိုအာရုံစိုက်နိုင်အောင်ပါ။
Author : Hein Htet
Ref : Theverge