ငွေလွဲငွေထုတ် ပိုအဆင်ပြေစေဖို့ မိုလ်ဘိုင်းပိုက်ဆံအိတ် (E-wallet)ကို စတင်သုံးစွဲသင့်တဲ့အကြောင်းရင်း (၄) ချက်

Digital ခေတ်ကြီးထဲကိုဝင်ရောက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေဟာတစ်နေ့တစ်ခြားပြောင်းလဲလာပါတယ်။ ကျွန်တော်တို့‌ဆီရောက်လာမဲ့ ဒစ်ဂျစ်တယ်ခေတ်အတွက် E-wallet ကိုစတင်သုံးစွဲခြင်းအားဖြင့် ယခုရင်ဆိုင်နေရတဲ့ COVID-19 ကိုတစ်ဖတ်တစ်လမ်းကနေကာကွယ်နိုင်ပါဖြစ်ပါတယ်။

E-wallet ဆိုတာဘာလဲ?

E-wallet ဆိုတာ အလွယ်ဆုံးပြောရမယ်ဆိုရင် သုံးနေကြ ပိုက်ဆံအိတ်နေရာမှာ Credit card, Debit card တွေနေရာမှာ အစားဝင်လာတဲ့ မိုလ်ဘိုင်းဖုန်းထဲက ပိုက်ဆံအိတ်ဖြစ်ပါတယ်။ အက်လက်ထရောနစ်ဗားရှင်းဖြစ်တဲ့အတွက် ပိုက်ဆံလို Card လိုမျိုး ထိတွေ့ကိုင်တွယ်စရာမလိုတော့ပါဘူး။

E-wallet အသုံးပြုခြင်းရဲ့အကျိုးကျေးဇူးများ

1. အသုံးပြုရလွယ်ကူခြင်း

သိသာမြင်သာတဲ့အကျိုးကျေးဇူးတစ်ခုကတော့ အခုခေတ်မှာ လူတိုင်းရဲ့လက်ထဲမှာမိုဘိုင်းဖုန်းတွေရှိနေပြီဖြစ်တဲ့အတွက် E-wallet ရှိနေမယ်ဆိုရင်ပိုက်ဆံအိတ်သယ်သွားစရာမလိုတော့ပါဘူး။၂၀၁၈ကစလို့ဆိုင်တိုင်းနီးပါးမှာ Digital ငွေလက်ခံခြင်းစနစ်ကိုအကောင်အထည်ဖော်နေပြီဖြစ်တဲ့အတွက်ပိုက်ဆံရှင်းခါနီးမှ ပိုက်ဆံအိတ်ကျန်ခဲ့ရင်အိမ်ကိုပြန်သွားပြေးယူစရာမလိုတော့ပါဘူး။ကိုယ့်ဖုန်းထဲမှာ E-wallet အကောင့်ရှိနေမယ်ဆိုရင်‌ငွေပေးချေတဲ့နေရာမှာငွေလက်ခံသူနဲ့တိုက်ရိုက် ထိတွေ့စရာမလိုတော့တဲ့အတွက် COVID-19 အတွက်ကြိုတင်ကာကွယ်ပြီးသားလဲဖြစ်ပါတယ်။ GSMA ရဲ့သုတေသနစာတမ်းအရမြန်မာနိုင်ငံရဲ့မိုဘိုင်းဖုန်းအသုံးပြုမှုဟာ ၂၀၁၅ ခုနှစ်အ‌ရောက်မှာလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း(လူအယောက်တစ်ရာမှာအယောက်၄၀)ဟာကိုယ်ပိုင်မိုဘိုင်းဖုန်းကိုပိုင်ဆိုင်နေကြပါပြီ။

2.  လုံခြုံစိတ်ချရမှု

E-wallet ကိုအသုံးပြုရာမှာ မြင့်မားတဲ့လုံခြုံရေးအလွှာတွေဖြစ်တဲ့ PIN, Password နောက်ပိုင်းမှာဆိုရင် Fingerprint နဲ့ Face unlock တွေပါအသုံးပြုပြီးငွေပေးချေခြင်း‌၊ ‌ငွေလွှဲခြင်း‌အေးဂျင့်များဆီမှ‌ငွေသားထုတ်ယူခြင်းတို့ကိုလုပ်‌ဆောင်နိုင်ပါတယ်။ ဥပမာ - ကိုယ့်ပိုက်ဆံအိတ်အခိုးခံနိုင်ရခြေရှိပေမဲ့ E-wallet ကဖုန်းအခိုးခံရရင်တောင်မှ ကိုယ့်အကောင့်ကိုသက်ဆိုင်ရာ  Help center မှာလူကိုယ်တိုင်မဟုတ်ရင်တောင်မှ ဖုန်းဆက်ပြီး Lock ချကာကွယ်နိုင်ပါတယ်။ ဖုန်းအသစ်ပြောင်းလိုက်မယ်ဆိုရင်တောင် ကိုယ့်ရဲ့မိုဘိုင်းပိုက်ဆံအိတ် App ကိုအလွယ်တကူပြောင်းသုံးလို့ရပါတယ်။ မိုဘိုင်းပိုက်ဆံအိတ်နဲ့ငွေပေးချေမှုတွေပြုလုပ်မယ်ဆိုရင် Credit card, Debit card တွေနဲ့ငွေပေးချေမှုပြုလုပ်သလို ကိုယ့်card ရဲ့Detail တွေကိုပေးစရာရှိတိုင်းဖြည့်စရာမလိုတော့ပါဘူး။ကိုယ့်ရဲ့အချက်အလက်တွေကိုတော့သက်ဆိုင်ရာ Third-party Provider တွေမှာသိမ်းဆည်းထားပြီးအချက်အလက်တွေကိုကိုယ့်တစ်ယောက်ပဲသိမဲ့စကားဝှက် လက်ဗွေရာ မျက်နှာတို့နဲ့ကာကွယ်နိုင်ပါတယ်။

3.  အချိန်ကုန်သက်သာမြန်ဆန်ခြင်း

ဘေလ်ဆောင်စရာတွေ လေယာဉ်လက်မှတ်ကားလတ်မှတ်တွေဝယ်ယူရာမှာ သက်ဆိုင်ရာဌာနတွေနဲ့ချိတ်ဆက်ထားတဲ့အတွက် ကိုယ်တိုင်သွားပေးစရာမလိုသလို၊ လွှဲတဲ့ပမာဏအတိအကျကိုလည်း လွဲပြီးတဲ့အခါမှာ ကျသင့်‌‌‌ငွေနဲ့ငွေဝင်သွားတဲ့အချိန်အတိအကျပါပြသပေးတဲ့အတွက် လွယ်ကူလျှင်မြန်မှုအပိုင်းမှာတော့ E-wallet ကတိုးတက်လာတဲ့နည်းပညာရဲ့အကျိုးကျေးဇူးတွေဖြစ်ပါတယ်။

4.  အသုံးပြုရာမှာဈေးနှုန်းသက်သာခြင်း

Digital wallet တွေကိုအသုံးပြုပြီးငွေပေးချေ၊ ‌‌ငွေလွှဲရာမှာ စာရွက်စာတမ်းတွေအတွက် ကုန်ကျစရိတ်တွေသက်သာစေတဲ့အပြင် ပိုက်ဆံပမာဏအတိအကျကိုပေးချေနိုင်တဲ့အတွက်‌ အကြွေပြန်အမ်းရမဲ့အဆင့်ကိုရှောင်ရှားနိုင်ပါတယ်။အသုံးပြုတဲ့အခါမှာလဲ အလွန်သက်သာတဲ့နှုန်းထားဖြစ်တဲ့ M-PiteSan အကောင့်ရှိသူအချင်းချင်း‌ငွေလွှဲရာမှာ ဝန်ဆောင်ခပေး‌ဆောင်စရာမလိုတဲ့အပြင် ဖုန်းဘေလ်ဝယ်ယူမှုတွေ Gift card ဝယ်ယူမှုတွေကိုဝန်ဆောင်ခအခမဲ့နှင့် လွယ်ကူလျှင်မြန်စွာသုံးစွဲနိုင်ပါတယ်။ M-PiteSan အကောင့်ရှိသူမှ M-PiteSan အကောင့်မရှိသူထံသို့လွှဲမယ်ဆိုရင်ဝန်ဆောင်ခ 300 ကျပ်မှစတင်သုံးစွဲနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့တော့ E-wallet ရဲ့အကျိုးကျေးဇူးများအပြင်အသုံးပြုရာမှာသတိထားရမဲ့အချက်လေးတွေကိုဆက်ပြောပြပါမယ်။

ကိုယ့်ရဲ့ E-wallet အကောင့်စကားဝှက်ကိုမေ့သွားရင်လွယ်ကူစွာစကားဝှက်ပြန်ယူနိုင်တဲ့အတွက်စကားဝှက်ကိုထားတဲ့နေရာမှာလွယ်ကူစွာခန့်မှန်းနိုင်တဲ့မွေးနေ့မွေးရက်တို့ကိုမထားသင့်ပါဘူး။ကိုယ့်ရဲ့မိုလ်ဘိုင်းပိုက်ဆံကိုသုံးပြီးငွေလွှဲငွေထုတ်ပြုလုပ်တဲ့အခါမှာအများသုံး Wifi တွေကိုအသုံးမပြုသင့်ပါဘူး။ဒေတာတွေကိုဘယ်လောက်ပဲ Encrypted လုပ်ထားတယ်ဆိုပေးနဲ့ Public Wifi မှာလုံခြုံရေးအားနည်းချက်တွေရှိနေမယ်ဆိုရင်မသာမာသူတွေရဲ့လက်ထဲကိုကျရောက်သွားနိုင်ပါတယ်။အဲ့တာကြောင့်ငွေလွှဲငွေပေးချေမှုပြုလုပ်တဲ့အခါမှာကိုယ့်ဖုန်းရဲ့Personal Hotspot ‌‌လေးအသုံးပြုဖို့သတိချပ်စေချင်ပါတယ်။

Author : Hein Htet

Previous
Previous

Facebook ရဲ့ messenger roomကိုမသုံးခင်သိထားသင့်တဲ့အချက်များ

Next
Next

Office UI အသစ်ရဲ့ဒီဇိုင်းကိုအမြည်းချပြလိုက်တဲ့ Microsoft