Budget ဖုန်းနဲ့မတူဘဲ Flagship Feeling နဲ့အနီးစပ်ဆုံးကိုင်ရမယ့်နောက်ထပ်ရွေးချယ်စရာ Budget ဖုန်း Samsung Galaxy A21s
အခုနောက်ဆုံးထွက်ထားတဲ့ A21s က Samsung ရဲ့ Battery ပိုင်းနဲ့ Performance ပိုင်းအကြမ်းပတမ်းအသားပေးဖုန်းတစ်လုံးပါ။ဒီဖုန်းကသုံးသိန်းမကျော်တဲ့စျေးနှုန်း နှစ်သိန်းခြောက်သောင်းကိုးထောင်ဖြစ်တဲ့အတွက် Upper Budget ဖုန်းတစ်လုံးပါ။ဒီစျေးနှုန်းအတွက်ရရှိမှာကတော့ Snapdragon 665 ကိုလက်ရှောင်ချင်တဲ့လူတွေအတွက် Exynox 850 နဲ့ 5000 mAh ဘက်ထရီနဲ့ဖုန်းတစ်လုံးလဲဖြစ်ပါတယ်။စျေးတန်တန်နဲ့ Battery များများသုံးလို့ရပါတယ်။ ဒီဖုန်းကိုဘက်ထရီ 30 ရာခိုင်နှုန်းနဲ့ နှစ်ရက်ကျော်ကျော်သုံးရက်နီးပါလောက်ဒီအတိုင်း stand by ပစ်ထားတာတောင်ဘက်ထရီ 18 လောက်ကျန်ပါသေးတယ်။ဂိမ်းဆော့တာနဲ့နေ့တိုင်းသုံးတာကတော့နည်းနည်းတော့ကွာပါသေးတယ်။ဂိမ်းဆော့ရင်အားကPUBG ပစ်တာနဲ့ Mobile legend ဆော့တာလောက်ကတော့ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။Battery ကနည်းနည်းကြီးတော့ ဖုန်းရဲ့ weight ကနည်းနည်းလေးပါတယ်။

ဂိမ်းဆော့ဖို့အတွက်သူ့မှာပါတဲ့ GPU ကArm processor Mali-G52 ပါပါတယ်။ Mali-G52 မှာ Mid-range ဖုန်းတွေအတွက် 2D 3D Graphic application ပိုင်းမှာလုံလောက်တဲ့စွမ်းဆောင်ရည်မျိုးရှိပါတယ်။ HDR ပါတဲ့ ဂိမ်းတွေအတွက် ဒီ GPU က HDR ပါ Support လုပ်ပါတယ်။ ဒီဖုန်းမှာထူးဆန်းတာတစ်ခုက Cooling ပိုင်းပါ။ Cooling ပိုင်းကို Game ဆော့တဲ့နေရာနဲ့ day to day အသုံးပြုနိုင်မှုမှာတော်တော်လေးကို Handle လုပ်နိုင်ပါတယ်။ Ram ကိုတော့ 3GB storage ကိုတော့ 32GB ရွေးချယ်နိုင်ပြီး Ram 6GB အတွက်ကိုတော့ သုံးသိန်းနှစ်သောင်းကိုးထောင်နဲ့ဝယ်ယူနိုင်ပါတယ်။

Samsung ဖြစ်တဲ့အတွက် အားလုံးနဲ့အသားကျနေပြီးသား Google Play service တွေအကုန် Built in ပါပြီးသားလက်တင်သုံးရုံပဲ။security နဲ့ပတ်သက်တဲ့ issue တွေကတော့ Samsung ရဲ့ Knox security အပြင် Google ရဲ့ Built in service တွေကကိုင်တွယ်သွားမှာပါ။Google ရဲ့ Security အားသာချက်တွေကတော့ two factor authentication ရမယ်။ပြီးရင်အားလုံးပဲသိကြတဲ့အတိုင်းပဲ Google အကောင့်ကို Device တစ်ခုကနေဝင်လိုက်ပြီဆိုတာနဲ့အသိပေးမယ်။ကိုယ့်ရဲ့account ကိုဖုန်းနံပါတ်နဲ့ကာလို့ရမယ်။မသင်္ကာစရာတစ်ခုခုတွေ့တာနဲ့ Account Password ကိုချက်ခြင်းပြောင်းခိုင်းမှာပါ။အဲ့တာတွေကိုသူ့ရဲ့အားသာချက်တစ်ခုက Global service တွေဖြစ်တဲ့ Netflix တွေ Google ရဲ့ search engine အပြင် Microsoft ရဲ့ service တွေဖြစ်တဲ့ Bing, office , office 365 နဲ့ One drive cloud service တွေပါသုံးနိုင်မှာပါ။ Google က data တွေဖလှယ်တဲ့နေရာမှာလဲ end to end encryption တွေသုံးထားပါသေးတယ်။Security ပိုင်းမှာတော့ဒီဖုန်းမှာအနောက်ဘက်မှာ fingerprint နဲ့ face unlock တို့ပါပါတယ်။

နောက်တစ်ခုက One UI 2.0 ရဲ့အားသာချက်တွေအကုန်ကိုဒီဖုန်းမှာသုံးလို့ရမှာပါ။ One UI 2.0 ရဲ့အားသာချက်တွေကတော့ one handed mode မလိုပဲလက်တစ်ဖက်ထဲဖုန်းကိုသုံးနိုင်တာတွေ UI ရဲ့ရိုးရှင်းမှုစကာတွေပါ။အခု A21s မှာပါတဲ့ Version ကတော့ One UI 2.1 ပါ။One UI ကိုတော့ထွေးထွေးထူးထူးညွှန်းစရာမလိုပါဘူး။Samsung ရဲ့ UI တွေထဲမှာအကောင်းဆုံး Feedback ကိုရထားတဲ့ UI ပါ။ Android version ကတော့ နောက်ဆုံး version 10 ပါ။

အရှေ့ဘက်ဒီဇိုင်းကတော့ infinity O display ရဲ့ Pin hole ကိုထောင့်ကပ်ထားပါတယ်။ Display ကတော့ Super AMOLED ပါဝင်ပြီး Resolution ကတော့ 720p resolution ပါ။ Samsung ဖြစ်နေတဲ့အတွက် Display ပိုင်းကတော့ထွေထွေထူးထူးသိပ်ပြောစရာမလိုပါဘူး။YouTube Netflix စတဲ့ Movie streaming Entertainment ပိုင်းမှာကတော့ solid ဖြစ်တဲ့ experience ကိုရရှိစေမှာပါ။

ကင်မရာပိုင်းကတော့ 48MP wide, 8MP ultrawide , 2MP macro , 2MP depth လေးလုံးပါပါတယ်။ကင်မရာနဲ့ပတ်သက်လို့ကတော့ Positive ပါ။ဒီစျေးမှာ ultrawide လဲရိုက်လို့ရမယ်။အရောင်တွေလဲအဆင်ပြေတယ်။Day light မှာ Grid line ဖော်ပြီးသေချာလေးရိုက်မယ်ဆိုရင်တော်တော်ကောင်းမွန်တဲ့ပုံလေးတွေရမှာပါ။Video recording ပိုင်းမှာ 1080p resolution မှာ 30Fps အထိရိုက်လို့ရပါတယ်။မဆိုးပါဘူး။ ကင်မရာမှာတော့ rating ကို 10 မှတ်မှာ 8 မှတ်လောက်ပေးပါတယ်။
နောက်ဆုံးမှတ်ချက်ပေးရမယ်ဆိုရင်ဒီဖုန်းကကျွန်တော်တို့ထင်ထားသလို Upper Budget ဖုန်းဖြစ်နေတဲ့အတွက် ကင်မရာပိုင်းလက်မခံနိုင်စရာကောင်းလောက်အောင်မျိုးမရှိဘူးအသင့်အတင့်ကင်မရာနဲ့စွမ်းဆောင်ရည်ကို Battery ပိုင်းကိုအာရုံစိုက်ထားတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။
Author: Hein Htet