PUBG Mobile မှ ဂိမ်းအတွင်း စွန့်စားမှု အတွေ့အကြုံကောင်းများ အရှိန်အဟုန်မြင့်စွာ ရရှိစေရန်အတွက် YAMAHA MOTOR နှင့် ပူးပေါင်း
PUBG MOBILE အနေဖြင့် ယခုလအစောပိုင်းတွင် ၆၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပခဲ့သော မော်တော်ဆိုင်ကယ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ယာဉ်/သင်္ဘောများ ထုတ်လုပ်သည့် နာမည်ကျော် Yamaha Motor နှင့် ဆန်းသစ်သော လက်တွဲလုပ်ဆောင်မှုများကို ယခုလအတွင်းတွင် ပြုလုပ်နိုင် ခဲ့သည့်အတွက် PUBG MOBILE တွင် ပိုမိုကောင်းမွန်သော ယာဥ်များအပြင် မြင်ကွင်းများကို ရရှိခံစားနိုင်မည် ဖြစ်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကြောင့် PUBG MOBILE သုံးစွဲသူများအနေဖြင့် Yamaha Motor၏ အထူး သီးသန့်မော်တော်ဆိုင်ကယ်နှင့် အခြားသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာများကို iOS နှင့် Android အက်ပလီ ကေးရှင်းများမှ တစ်ဆင့် ယခုအချိန်မှ စတင်စုဆောင်းထားနိုင်ပြီဖြစ်သည်။
ဇူလိုင်လ ၉ ရက်နေ့နှင့် ၂၂ ရက်နေ့မှ စတင်ကာ ကစားသမားများအနေဖြင့် ထူးခြားသည့် Yamaha မော်တော် ဆိုင်ကယ်များ စီးနှင်းနိုင်ပြီဖြစ်ပြီး In-game မော်တော်ကား ဖြစ်သည့် MWT-9 နှင့် T7 Concept တို့ကို အရောင် နှစ်မျိုးဖြင့် ရွေးချယ်နိုင်စီးနှင်းနိုင်မည်ဖြစ်သည်။ MWT-19 သည် Yamaha Motor ၏ LMW (Leaning Multi-Wheel) ဖြင့် နည်းပညာ၊ အလင်း၊ လှုပ်ရှားမှုမြန်ဆန်ပြီး တည်ငြိမ်သော ခံစားမှုနှင့်အတူ ကိုင်တွယ် အသုံးပြုနိုင်မည့် Concept model ကို အသုံးပြုထားခြင်းဖြစ်သည်။

ဤ Concept Model သည် ဘီးသုံးဘီးသာ ပါဝင်ပြီး ရေပန်းစားခဲ့သော Model ဖြစ်ကာအမျိုးမျိုးသော လမ်းအခြေအနေတို့တွင် ယုံကြည်မှုရှိစွာ စီးနင်းနိုင်သည့် Yamaha ၏ NIKEN production မော်တာဆိုင်ကယ်၏ Concept ကို ဦးတည်ပြုလုပ်ထားခြင်းဖြစ်သည်။ ကစားသူများသည် Yamaha ၏ လူကြိုက်များခဲ့သော T7 Concept Model ဖြစ်သည့် Ténéré 700 Production ကိုလည်း ခံစားစီးနင်းနိုင်မည်ဖြစ်ပြီး စွန့်စွန့်စားစား စီးနင်းရခြင်းကို ကြိုက်နှစ်သက်သောသူများအတွက် သင့်တော်မည်ဖြစ်သည်။ ထို့အပြင် Vehicle Skin အသစ်တွင် Riders များအတွက် ZENITH Graphic ဦးထုပ်နှင့် CONTEND Jacket တို့ကိုလည်း ပူးပေါင်းထုတ်လုပ်ထားသည်။
မော်တော်ယာဥ်အသစ်များအပြင် PUBG Mobile ကစားသူများသည် Partnership ပြုလုပ်ထားသည့် အချိန်အတွင်း လောဂ့်အင် ဝင်ရောက်ခြင်းဖြင့် ဤ Collaboration ကို ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။ ဇွန်လ ၂၂ ရက်နေ့မတိုင်ခင် PUBG Mobile ကို ၃ရက်တာ Sign in ဝင်ထားသူများသည် Yamaha ၏ အထူး လက်ဆောင် Crate ကို ရရှိမည် ဖြစ်ပြီး MWT-9, ZENITH Graphic Helmet နှင့် CONTEND Jacket တို့ကို ၇ ရက်တာ စမ်းသပ်ဆော့ကစားခွင့်လည်းရရှိမည်ဖြစ်သည်။
PUBG MOBILE ကို App Store နှင့် Google Play တွင် အခမဲ့ဒေါင်းလုဒ်ရယူနိုင်သည်။
Yamaha Motor Co., Ltd.အကြောင်း
Yamaha Motor (TOKYO: 7272) သည် မော်တော်ဆိုင်ကယ်များ၊ ကုန်းပေါ်တွင် မောင်းနှင်နိုင်သော အခြားသော ယာဉ်များ၊ လျှပ်စစ်စက်ဘီးများ၊ ရေယာဉ်နှင့် သက်ဆိုင်သော ထုတ်ကုန်များဖြစ်သည့် လှေများ၊ ရေယာဉ်များအပြင် မော်တာများ၊ စက်ရုပ်ဆိုင်ရာ ထုတ်ကုန်များ ဖြစ်သည့် Surface Mounter များနှင့် Drone များတို့သာမက ဘဏ္ဍာရေးလုပ်ငန်းများပါ လုပ်ကိုင်လျက်ရှိသော ကမ္ဘာ့ထိပ်တန်း စီးပွားရေးအဖွဲ့အစည်းဖြစ်သည်။ ကုမ္ပဏီ၏ အမျိုးမျိုးသော လုပ်ငန်းများနှင့် ထုတ်ကုန်အမျိုးအစားများစွာသည် Powertrain၊ စက်ပစ္စည်း အောက်ခံထည်နှင့် သင်္ဘောကိုယ်ထည်၊ Electronic Control နှင့် ထုတ်လုပ်မှု နည်းပညာများ စသည်တို့ကို အဓိကထားသော ကုမ္ပဏီ၏ တစ်ဦးတည်းပိုင် နည်းပညာများနှင့် တည်ဆောက်ဖွဲ့စည်းထားသည်။ Yamaha Motor သည် လက်အောက်ခံ ကုမ္ပဏီခွဲ ၁၄၀ မှတစ်ဆင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း ကွန်ရက်များ ဖြန့်ကျက်လုပ်ဆောင်လျက်ရှိပြီး နိုင်ငံဒေသပေါင်း ၃၀ ကျော်တို့တွင် ရှယ်ယာတူ လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် “Kando” ဖန်တီးသည့် ကုမ္ပဏီတစ်ခုဖြစ်ရန်ဟူသော အဖွဲ့အစည်း၏ ဦးတည်ချက်ကို ရောက်ရှိအောင် ကြိုးစားဆောင်ရွက်လျက် ရှိသည်။ စုစုပေါင်း အသားတင် ရောင်းရငွေ ၉၀ ရာခိုင်နှုန်းခန့်သည် ဂျပန်နိုင်ငံ၏ ပြည်ပနိုင်ငံဒေသပေါင်း ၁၈၀ ကျော်မှ ရရှိခြင်းဖြစ်သည်။
အသေးစိတ်လေ့လာသိရှိလိုပါက http://global.yamaha-motor.com တွင် ဝင်ရောက်လေ့လာနိုင်သည်။
PUBG MOBILE အကြောင်း
PUBG MOBILE သည် Original Battle Royale ဂိမ်းအမျိုးအစားဖြစ်သော PlayerUnknown’s Battlegrounds ဟူသည့် PC ဂိမ်း၏ တရားဝင် မိုဘိုင်းဂိမ်း(Mobile Game) တစ်ခုဖြစ်သည်။ လက်ရှိတွင် အာရှဒေသတွင်း၌ လူကြိုက်အများဆုံး ဂိမ်းတစ်ခုလည်းဖြစ်ပြီး ပွဲစဉ်တစ်ခုအတွင်း ကစားသမား အယောက် ၁၀၀ အထိ တစ်ပြိုင်နက် ဝင်ရောက်ကစားနိုင်သော ဂိမ်းတစ်ခုဖြစ်သည်။ PUBG MOBILE ဂိမ်းပုံစံသည် အဆင့်တက်တိုင်း တဖြည်းဖြည်းကျဉ်းမြောင်းလာသော စစ်မြေပြင်ထဲတွင် တွေ့ရှိသော လက်နက်များနှင့် ယာဉ်များကို အသုံးပြုကာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သော ကစားသမား ဖြစ်အောင် ကြိုးစားရမည် ဖြစ်ပြီး ထိုသို့နောက်ဆုံးကျန်ရစ်သူ သို့မဟုတ် အဖွဲ့သည် အနိုင်ရရှိခြင်း ဖြစ်သည်။ PUBG MOBILE ဂိမ်း အကြောင်းကို PUBG MOBILE ၏ Facebook Page, YouTube Channel နှင့် Twitter စာမျက်နှာများတွင် လေ့လာနိုင်သည်။