နောက်နှစ် Samsung ဖုန်းတွေမှာအားသွင်းခေါင်းပါဝင်လာနိုင်ချေမရှိ
အားသွင်းကြိုးမထည့်မဲ့ Trend ကနောက်နှစ်ထွက်လာမဲ့ဖုန်းတွေအတွက်ဖြစ်လာနိုင်ပါတယ်။ယခုဆိုရင်နောက်နှစ်အသစ်ထွက်လာမဲ့ Samsung ဖုန်းတွေမှာပါအားသွင်းခေါင်းပါလာနိုင်ဖို့မရှိဘူးလို့ ကိုရီးယားသတင်းဌာန ETNews အရသိရပါတယ်။ကုမ္ပဏီအနေနဲ့ယခုလိုမျိုးပြုလုပ်လိုက်ရခြင်းဟာအားသွင်းကြိုးရှိနေပြီးသားလူတွေအတွက်စရိတ်လျှော့ချနိုင်ဖို့ဖြစ်တယ်လို့သိရပါတယ်။အားသွင်းခေါင်းမပါဝင်ရခြင်းဟာစမတ်ဖုန်းလောကအတွက်ယခင် headphone jack ဖြုတ်ခဲ့သလိုကြီးမားသောအပြောင်းအလဲတစ်ခုဖြစ်လာမှာပါ။ Samsung ကတော့ယခုလိုအားသွင်းကြိုးမထည့်သွင်းပေးရခြင်းကိုစဉ်းစားနေရခြင်းဟာအဓိက Smart phone ထုတ်လုပ်သူတွေကြီးပဲမဟုတ်ဘူးလို့ဆိုပါတယ်။ Apple ကတော့ယခုလိုမျိုးအလားတူအားသွင်းကြိူးမထည့်ပေးမဲ့ Trend ကိုဒီနှစ် iPhone line up တွေနဲ့စလာနိုင်ပါတယ်။ Apple က အခုလောလောဆယ်မော်ဒယ်အလိုက်ထည့်သွင်းပေးထားတဲ့ 5W နဲ့ 18W charger တွေကိုဖယ်ထုတ်ပလိုက်ပြီး 20W fast charger တစ်မျိုးတည်းကိုပဲသပ်သပ်ဆီရောင်းချဖို့ရှိပါတယ်။
အားသွင်းခေါင်းကိုဖယ်ထုတ်လိုက်ခြင်းဟာ Apple နဲ့ Samsung လိုဒေါ်လာတစ်ထောင်အထက် Flagship ဖုန်းရောင်းတဲ့ကုပ္မဏီတွေအတွက်စမတ်ဖုန်းတွေစျေးမြောက်နေခြင်းကိုဖြေရှင်းဖို့အဓိကရည်ရွယ်ချက်ဖြစ်လာနိုင်ပါတယ်။ဘူးပုံစံတွေကလဲသေးသွားနိုင်သလိုစျေးကွက်ကိုအနည်းနဲ့အများအကျိူးသက်ရောက်မှုလဲရှိနိုင်ပါတယ်နောက်ရည်ရွယ်ချက်တစ်ခုကတော့အသုံးမလိုပဲပုံနေတဲ့ charger တွေကိုဖုန်းအသစ်ဝယ်ရင်အလွယ်တကူလွှင့်ပစ်နေမှူများကတားဆီးနိုင်ပြီးအလေအလွင့်နည်းသွားဖို့ပဲဖြစ်ပါတယ်။

Apple အနေနဲ့နောက်လာမဲ့ iPhone တွေမှာအားသွင်းကြိုးမထည့်ပေးရခြင်းဟာကောင်းမွန်တဲ့အရွေ့တစ်ခုဖြစ်လာနိုင်ပါတယ်။ဘာကြောင့်လဲ?
International Telecommunications Union ရဲ့ခန့်မှန်းချက်အရ တစ်နှစ်ကို အားသွင်းကြိုးလို (Laptop နဲ့ tablet ) အပါအဝင် External Power supplies ထုတ်လုပ်မှုဟာ တန်ချိန်တစ်သန်းရှိပြီးထိုအရေအတွက်ဟာအလေအလွင့်ဖြစ်သွားတယ်လို့သိရပါတယ်။ထိုကဲ့သိုလျှပ်စစ်ပစ္စည်းအလေအလွင့်ဖြစ်နေမှုကိုအသုံးပြုသူတစ်ယောက်ချင်းဆီမှာလျှော့ချခြင်းအားဖြင့်အားသွင်းကြိုးကိုသပ်သပ်ရောင်းမှာပဲဖြစ်ပါတယ်။
အဲ့လိုလျှော့ချမှုရဲ့နောက်ကွယ်မှာ Apple အနေနဲ့အသုံးပြုသူတွေကို Multiple choice ပေးလာနိုင်ပါတယ်။
ပထမအချက်ကတော့ သုံးစွဲသူကို Apple Gift card နဲ့ တန်ဖိုးညီမျှတဲ့ အားသွင်းကြိုးကိုလဲလှယ်ပေးလာနိုင်ပါတယ်။
ဒုတိယအချက်ကတော့ iPhone တွေမှာ USB-C ကိုပြောင်းလဲလိုက်ပြီးတစ်ခြား Laptop တွေ Tablet တွေနဲ့ပါအလွယ်တစ်ကူသုံးနိုင်အောင်လုပ်ပြီးလျှပ်စစ်ပစ္စည်းအလေအလွင့်ကိုလျှော့ချနိုင်ပါတယ်။ iPhone အတွက်သီးသန့်အားသွင်းကြိုးဝယ်စရာမလိုတော့ပဲ iPad တွေ Tablet တွေ Laptop ပါ USB-C ကြိုးနဲ့ဘုံသုံးလို့ရပါပြီ။
Author : Hein Htet
Ref : theverge Korea ETNews