ပန်းချီပစ္စည်းတစ်ခုမှမသုံးပဲအလွန်အနုစိပ်တဲ့ရှုခင်းပုံတွေကို Excel သုံးပြီးဖန်တီးပြလိုက်တဲ့ဂျပန်နိုင်ငံကအသက် ၇၇ နှစ်အရွယ်အဖိုးအို

ဂျပန်နိုင်ငံမှ ပန်းချီပညာရှင် Tatsuno Horiuchi ဟာအငြိမ်းစားယူပြီးနောက်ပုံဆွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့အလွန်ကပ်စီးနှဲတဲ့ Tatsuno ဟာပန်းချီဆွဲရာမှာလိုအပ်တဲ့ပစ္စည်းကရိယာတွေကိုဖြစ်တဲ့ စက္ကူတို့ဆေးတို့မဝယ်ချင်ပဲပုံဆွဲလို့ရမဲ့နည်းလမ်းတွေကိုစဉ်းစားခဲ့ရာကနေသူ့ကွန်ပြူတာမှာရှိပြီးသား Excel နဲ့ ဆွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့အယူအဆကတော့ဆေးကိုမဝယ်ရင်ဆေးကိုအသုံးပြုဖို့ရေနဲ့ဖျော်စရာလဲမလိုတော့ပါဘူးလို့ပြောပါတယ်။ကွန်ပြူတာမှဆွဲဖို့အတွက်တောင် art program တောင်မဝယ်ချင်ပါဘူး။အဲ့တာကြောင့်သူ့အနေနဲ့ excel ကိုသုံးပြီးဆွဲဖြစ်ခဲ့တာပါ။သူ့ရဲ့အလွန်ချွေတာတတ်တဲ့အတွေးအခေါ်က Excel ကိုအသုံးပြုဖြစ်ဖို့ဖြစ်သွားတာပါ။နောက်ထပ်သူ့အတွက်လိုအပ်တာကတော့ပုံတွေထွက်လာဖို့ Printer ပဲဖြစ်ပါတယ်။

သူ Excel မှာဆွဲတဲ့ပုံစံကတော့ Speadsheet graph ဆွဲရာမှာအသုံးပြုတဲ့ Line tool နဲ့ သစ်ပင်တွေဆွဲတာပါ။အရောင်နဲ့အရိပ်တွေအတွက်ကတော့ Bucket tool ကိုအသုံးပြုပြီးမီးတောင်ချော်ရည်ထွက်တွေကိုဖန်တီးပါတယ်။ Tatsuno အနေနဲ့ Excel ကိုအသုံးပြုပြီးပုံတွေဖန်တီးခဲ့တာ 2000 ခုနှစ်ထဲကစခဲ့တာပါ။ယခုလိုပုံတွေဖြစ်လာဖို့ဆိုတာသူ့အနေနဲ့ဆယ်နှစ်ကြာမြင့်ခဲ့ပါတယ်။ဆယ်နှစ်တာကာလအတွင်းမှာအသုံးမဝင်တာတွေလုပ်နေတဲ့လူဆိုပြီးလှောင်ပြောင်ခဲ့တဲ့လူတွေလဲရှိခဲ့ပါတယ်။သူကတော့ သင့်မှာပန်းချီအတွက်ပါရမီမပါလာရင်တောင်မှ Excel ရှိနေရင်ပုံဆွဲလို့ရပါတယ်လို့ပြောခဲ့ပါတယ်။

အခုအောက်ကပုံတွေကတော့ Tatsuno ရဲ့ Excel အသုံးပြုပြီးဖန်တီးထားတဲ့ပုံတွေဖြစ်ပါတယ်။

Ref: 9Gag

Author : Hein Htet

Previous
Previous

နောက်ဆုံးပေါ် Samsung Galaxy A21s စမတ်ဖုန်းအသစ်အား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Next
Next

နောက်နှစ် Samsung ဖုန်းတွေမှာအားသွင်းခေါင်းပါဝင်လာနိုင်ချေမရှိ