vivo ၏ နောက်ဆုံးမျိုးဆက်ဖြစ်သည့် ဈေးနှုန်းအသင့်အတင့် Y30 ကို မြန်မာနိုင်ငံတွင် မိတ်ဆက်

ကမ္ဘာ့ ဆန်းသစ်တီထွင်မှု မြင့်မားသော စမတ်ဖုန်းတံဆိပ် vivo Mobile Myanmar သည် ၎င်း၏ Y series မျိုးဆက်သစ်ဖြစ်သော Y30 စမတ်ဖုန်းကို ယနေ့ မိတ်ဆက်လိုက်ပါသည်။ Y30 ကို အဆင့်မြင့် 3D ကိုယ်ထည်ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး အနောက် AI Quad cam နှင့် အရှေ့ကင်မရာ 8MP တို့ကို ကျစ်ကျစ်လစ်လစ် တပ်ဆင်ထားသည်။ လုပ်ဆောင်ချက်များကို ချောမွေ့စွာလုပ်ဆောင်နိုင်စေရန်နှင့် အထစ်အငေါ့မရှိသော ဂိမ်းအတွေ့အကြုံကို ပေးစွမ်းနိုင်ရန်အတွက် gaming mode 8.0 ကို တပ်ဆင်ပေးထားပါသည်။ Y30 တွင် Emerald Black, Dazzle Blue နှင့် Moonstone White ဟု အရောင် (၃) မျိုး ဝယ်ယူရရှိနိုင်ပါသည်။ ထို့အပြင် ဂိမ်းဆော့ရသူများနှင့် အားကစားလုပ်သူများအတွက် အထူးပြုလုပ်ထားသည့် Y30 တွင် ခရစ်ကတ်၊ ဘောလုံး၊ ဘတ်စကတ်ဘော ပွဲစဉ်များကို နောက်ဆုံးရလဒ်များနှင့်တကွ ဖော်ပြပေးသည့် Jovi feature လဲ ထည့်သွင်းထားသည်။

vivo အမှတ်တံဆိပ်သည် မျိုးဆက်သစ် မိုဘိုင်းလ်အတွေ့အကြုံများအတွက် ဆန်းသစ်တီထွင်မှုကို အစဉ်အမြဲ ဖန်တီးပေးနိုင်ရန် ကတိကဝတ်ပြုခဲ့ပြီး ထိုကတိကိုလည်း လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်မှု အပြည့်အဝရှိပါသည်။ Y30 သည် ထိုကတိကဝတ်များမှ တစ်ခုဖြစ်ပြီး လူငယ်များ၏ ဘဝအတွက် အဆင်ပြေဆုံး စမတ်ဖုန်း အတွေ့အကြုံကို ပေးစွမ်းနိုင်ရန် တီထွင်ဖန်တီးထားခြင်းဖြစ်သည်။ Y30 သည် လူငယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် များပြားသော ဘက်ထရီပမာဏ၊ ဂိမ်းအတွေ့အကြုံ၊ ထူးခြားသည့် ဓာတ်ပုံအရည်အသွေးများကို ဈေးနှုန်းသင့်တင့်စွာ ရရှိနိုင်သည့် Y series ၏ မျိုးဆက်တစ်ခုဖြစ်သည်။

vivo Mobile Myanmar မှ Chief Operating Officer ဖြစ်သူ Mr. Nelson Ni မှ “မြန်မာနိုင်ငံဟာ ကျွန်တော်တို့ vivo အတွက်တော့ အလွန် အရေးပါတဲ့ ဈေးကွက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ သုံးစွဲသူပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ဈေးနှုန်းလိုအပ်ချက်အရ V, S နဲ့ Y series ဆိုပြီး စမတ်ဖုန်း စီးရီး ၃ မျိုး ဖြန့်ချိလျက်ရှိပါတယ်။ အခု နောက်ဆုံး မိတ်ဆက်လိုက်တဲ့ Y30 က Y series ထဲမှာ ကျွန်တော်တို့ရဲ့ ဆန်းသစ်တီထွင်မှုကောင်းတဲ့ ကင်မရာနဲ့ ဘက်ထရီ ကြာရှည်သုံးစွဲမှု ကို ထပ်မံအတည်ပြုပေးလိုက်တဲ့ ဖုန်းမော်ဒယ်ပဲဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ သုံးစွဲသူ အတွေ့အကြုံတွေကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ဖို့နဲ့ ကျွန်တော်တို့ရဲ့ ပင်တိုင် ဝယ်ယူအားပေးသူများကိုလည်း ပိုမို ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ပေးစွမ်းနိုင်အောင် ဆောင်ရွက်သွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအတွက် နောက်ဆုံးပေါ် နည်းပညာတွေ ယူဆောင်လာပြီး တီထွင်ဆန်းသစ်မှုတွေကိုလည်း အဆက်မပြတ် လုပ်ဆောင်သွားမှာပါ။” ဟု ပြောကြားခဲ့ပါသည်။

ဆန်းသစ်တီထွင်ထားသော features များ၏ အသေးစိတ်အချက်အလက်များ

display features အသစ်

Y30 တွင် 6.47 လက်မရှိ မျက်နှာပြင်နှင့် brand-new iView display ပါဝင်ပြီး screen-to-body ratio 90.7% ရှိသည့်အပြင် aspect ratio 19.5:9 နှင့် 1560x720 HD+ resolution ပါဝင်သည့်အတွက် အသုံးပြုရ အဆင်ပြေလွယ်ကူသည့် မျက်နှာပြင်ရရှိမည် ဖြစ်ပြီး အလေးချိန်သည် 197g ရှိပါသည်။ မျက်လုံးထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် Eye Protection mode က အပြာရောင်အလင်းကို လျှော့ချပေးနိုင်မည် ဖြစ်ပါသည်။

3D ပလတ်စတစ် ကိုယ်ထည်နှင့် ခေတ်ရှေ့ပြေး ပုံသဏ္ဌာန်

Y30 တွင် 1) Emerald Black 2) Dazzle Blue နှင့် 3) Moonstone White ဟူ၍ အရောင် (၃) မျိုး ရရှိနိုင်ပါသည်။ ထိုအရောင်များသည် နေ့စဉ်ဘဝနေ့ထိုင်မှုတွင် တစ်ထပ်တည်းကျသော အရောင်များဖြစ်ပြီး အနုပညာမြောက် 3D အချိုးများက ဖုန်းအောက်ပိုင်းမှစ၍ အစိတ်အပိုင်းတစ်ခုချင်းစီအထိ အသေးစိတ်လှပပြီး ကျက်သရေရှိစေရန် ဒီဇိုင်းပုံဖော်ထားပါသည်။ Y30 တွင် သိုလှောင်မှု ပမာဏ (၂) မျိုးရရှိနိုင်ပြီး 128GB RAM တွင် ရရှိနိုင်မည့်အရောင်မှာ Dazzle Blue ဖြစ်ပြီး 64GB RAM တွင် ရရှိနိုင်မည့်အရောင်မှာ Moonstone White ဖြစ်သည်။ Emerald Black အရောင်သည် ဖုန်းအမျိုးအစား (၂) မျိုးလုံးတွင် ရရှိနိုင်မည် ဖြစ်သည်။

အထူး ကောင်းမွန်သည့် ဓာတ်ပုံ feature များ

Y30 အနောက်ကင်မရာသည် AI Quad Camera တပ်ဆင်ထားပြီး 13MP ပင်မကင်မရာ၊ 8MP အထူးမြင်ကွင်းကျယ်ကင်မရာ၊ 2MP Super Macro-Camera နှင့် 2MP Bokeh Camera တို့အပြင် အရှေ့ကင်မရာ 8MP ပါဝင်သည်။ အနောက်ကင်မရာတွင် တပ်ဆင်ထားသည့် 8MP အထူးမြင်ကွင်းကျယ်ကင်မရာသည် အလျားလိုက်ရိုက်သည့်အခါ 120 ဒီဂရီအထိ ချဲ့ထွင်နိုင်သည့်အတွက် ရှုခင်းပုံများနှင့် အစုအဖွဲ့များ ဓာတ်ပုံရိုက်သည့်အခါ အဆင်ပြေစေပါသည်။ ထို့အပြင် 2MP Super Macro Camera သည် 4cm အထိ focus ထားနိုင်သည့်အတွက် မနက်ခင်း၏ မိုးစက်ပေါက်လေးမှစကာ ပျားအိမ်ပေါက်သေးသေးလေးအထိ လှပသော ကမ္ဘာကြီးကို ရိုက်ကူးနိုင်မည် ဖြစ်ပါသည်။

ဘက်ထရီ ကြာရှည်ခံမှုနှင့် အရည်အသွေးမြင့် လုပ်ဆောင်ချက်

Y30 ၏ feature များမှ ထင်ရှားသော feature တစ်ခုမှာ ဘက်ထရီပမာဏ 5000 mAh ဖြစ်ပြီး တစ်နေ့တာလုံးကို အနှောက်အယှက်မရှိ ချောမွေ့စွာ အသုံးပြုနိုင်သည့် အတွေ့အကြုံကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ Y30 ကို MT6765 အသုံးပြုထားပြီး ကြိုက်နှစ်သက်ရာ သီချင်း၊ video နှင့် ဂိမ်းများကို အဆင်ပြေချောမွေ့စွာ သိုလှောင်နိုင်ရန် 64GB ROM နှင့် 128GB ROM ဟူ၍ (၂) မျိုး ရရှိနိုင်ပါသည်။ Y30 သည် အွန်လိုင်းဂိမ်းကစားရာတွင် ၉ နာရီကြာ ခံပြီး သီချင်းနားထောင်ရာတွင် 137.09 hours ခန့် ကြာရှည်ခံပါသည်။ ထို့အပြင် Y30 သည် ဈေးကွက်ပထမဆုံး VPG နည်းပညာ (vivo Process Guardian) ကို အဆင့်မြှင့်ထားသည့်  Multi-Turbo 3.0 ကိုလည်း အသုံးပြုထားပါသည်။ အမြန်ဆုံး အရှိန်ကို ရရှိနိုင်ရန် ပင်မစနစ်အရင်းအမြစ်ကို ထိန်းချုပ်ပေးနိုင်သည့် Center Turbo နှင့် အဆင့်မြင့် လုပ်ဆောင်ချက်တွေကို စီမံပေးနိုင်သည့် AI Turbo ကိုလည်း ထည့်သွင်းထားပါသည်။ AI Turbo က ပြင်ပ အက်ပလီကေးရှင်းများကြောင့် ဖြစ်သည့်စနစ် မမှန်ခြင်းများကို ကြိုတင် ခန့်မှန်းနိုင်ပြီး မဖြစ်ပေါ်လာခင် ဖြေရှင်းပေးခြင်းများ ပြုလုပ်ပေးသည်။ ထို့အပြင် tailor-made Competition Mode အသစ်များ ပါဝင်သည့် Ultra Game-Mode လည်း ပါဝင်သောကြောင့် ဂိမ်းအတွေ့အကြုံများကို အထူးနှစ်သက်သော သူများအတွက် သင့်လျော်ပါသည်။

ဈေးနှုန်းနှင့် ရရှိနိုင်မှု

Y30 ကို တစ်နိုင်ငံလုံးရှိ vivo အရောင်းပြခန်းများနှင့် မိုဘိုင်းလ်အရောင်းဆိုင်များတွင် ဇူလိုင်လ ၁ ရက်မှစကာ ဝယ်ယူရရှိနိုင်ပါသည်။ ဝယ်ယူလိုသူများအနေဖြင့် Y30 စမတ်ဖုန်းကို 128 GB ROM နှင့် 64GB ROM  ဟူ၍ အမျိုးအစား (၂) မျိုးဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး 128 GB ROM ကို မြန်မာငွေကျပ် 309,800 ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီး 64GB ROM ကို ဇူလိုင်လ ၁၅ ရက်မှ စတင်ကာ ဝယ်ယူရရှိနိုင်မည် ဖြစ်သည့်အပြင် ဝယ်ယူသည့်အခါ လက်ဆောင်အနေဖြင့် နားကြပ်များ ရရှိနိုင်မည် ဖြစ်ပါသည်။

Previous
Previous

စမတ်မျက်မှန် AR Glass ကုမ္ပဏီ North ကိုဝယ်ယူလိုက်တဲ့ Google

Next
Next

ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင်ဘယ်လို Combination မျိုးကအကောင်းဆုံးလဲ? Ram နဲ့ storage အကြောင်းနဲနဲပြောရအောင်။