စမတ်မျက်မှန် AR Glass ကုမ္ပဏီ North ကိုဝယ်ယူလိုက်တဲ့ Google

AR မျက်မှန်ထုတ်လုပ်တဲ့ North ကတော့ Canada မှာ 2012 တုန်းကတည်ထောင်ခဲ့ပါတယ်။ North ရဲ့ ပထမမျိုးဆက်သစ် Focal မျက်မှန်ကိုလည်းထုတ်လုပ်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့ North ကို Google ကဝယ်ယူလိုက်ပါပြီ။Google ကအခုလိုဝယ်ယူလိုက်တာကနောက်ကျနေသလိုပါပဲဘာဖြစ်လို့လဲဆိုတော့ Samsung နဲ့ Google ကနောက်နှစ်ထဲမှာ AR Glass တွေထွက်လာဖို့ရှိတယ်ဆိုပြီးသတင်းတွေထွက်နေလို့ပါ။

North ကုမ္ပဏီရဲ့ Focal လို့ခေါ်တဲ့ AR Glass မှာတော့ Holographic display နဲ့ Computer processor ဘက်ထရီနဲ့ Bluetooth module တွေကိုလက်ကိုင်ကိုင်းထဲမှာမြုပ်ထားပါတယ်။ Loop လို့ခေါ်တဲ့လက်စွပ်မှတစ်ဆင့်ထိန်းချုပ်နိုင်ပြီး Amazon မှထုတ်တဲ့ virtual assistant Alexa နဲ့လဲတွဲသုံးနိုင်ပါတယ်။မျက်မှန်ရဲ့ holographic display မှာ Notification တွေကိုပါမြင်နိုင်ပြီး Taxi ကိုတောင်ခေါ်လို့ရပါတယ်။

Focal မျက်မှန်ရဲ့စျေးနှုန်းကတော့ရိုးရိုးတစ်ကိုင်းကို 599 ဒေါ်လာကျသင့်မှာဖြစ်ပြီးPrescription lens နဲ့ဆိုရင်တော့ဒေါ်လာ 200 ထက်ကျသင့်မှာဖြစ်ပါတယ်။ Prescription Lens တွေကတော့အမျိုးမျိုးရှိပြီး Single lens နဲ့ bifocal တို့လဲရှိပါတယ်။ Focal Glass ကိုသုံးဖူးတဲ့ CCS insight ရဲ့ analyst Leo Gebbie (လီယို ဂျက်ဘီ) ပြောကြားချက်ဟာဒီမျက်မှန်ဟာတိုးတက်လာတဲ့နည်းပညာတွေကိုကိုယ်စားပြုနေတယ်လို့ဆိုပါတယ်။ Google ရဲ့အရင်မျက်မှန် Google glass ဟာသတင်းတွေထွက်လာပြီးအခုအချိန်မှာတော့ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။ဒါပေမဲ့ Google Glass ထွက်လာတဲ့အချိန်ဟာလဲတော်‌တော်လေးကိုစောနေပါသေးတယ်။အခုအချိန်မှာ Google ဟာ North ကိုဝယ်ယူလိုက်ခြင်းဟာ smart glass စျေးကွက်မှာပြိုင်ဆိုင်မှုပြင်းထန်တာတွေဖြစ်ပေါ်လာနိုင်ပါတယ်။အဆင်မြင့်လာတဲ့ Map တွေနဲ့ Google service တွေကြောင့် Smart Glass တွေဟာနည်းပညာစာမျက်နှာသစ်ကိုဖွင့်ပေးနိုင်တဲ့ Device တွေဖြစ်လာနိုင်ပါတယ်။

Author : Hein Htet

Ref : BBC news

Previous
Previous

OPPO A11k ကို မြန်မာနိုင်ငံ စျေးကွက်တွင် စတင်မိတ်ဆက်

Next
Next

vivo ၏ နောက်ဆုံးမျိုးဆက်ဖြစ်သည့် ဈေးနှုန်းအသင့်အတင့် Y30 ကို မြန်မာနိုင်ငံတွင် မိတ်ဆက်