ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင်ဘယ်လို Combination မျိုးကအကောင်းဆုံးလဲ? Ram နဲ့ storage အကြောင်းနဲနဲပြောရအောင်။

ဖုန်း Memory လို့ပြောလိုက်တာနဲ့ Ram နဲ့ Rom အရင်ဆုံးပြေးမြင်တဲ့လူတွေရှိမှာပါ။ဖုန်းတစ်လုံးကောင်းကောင်းမွန်မွန်အလုပ်လုပ်ဖို့ဆိုရင် SOCတစ်ခုမှာပါတဲ့ CPU chipset အပြင် RAM တွေROM တွေရဲ့စွမ်းဆောင်ရည်ကလဲအရေးကြီးပါတယ်။SOC ( System on chip) ထဲမှာဘာတွေပါလဲဆိုရင် CPU ပါမယ် Graphic အပြင်ဖုန်းတစ်လုံးပုံမှန်အလုပ်လုပ်ဖို့ Electrical circuit လိုအပ်တာတွေအကုန်ပါပါတယ်။အဲ့တော့ SOC ဆိုတာ CPU တစ်ခုထဲကိုပြောတာမဟုတ်ပါဘူး။ SOCဆိုတာကတော့အပြောင်းအလဲလုပ်လို့မရပါဘူး။ဥပမာကွန်ပြုတာတစ်လုံးမှာပါတဲ့ Mother Board ဆိုရင် သူ့မှာစိုက်ထားတဲ့ CPU တွေ graphic card တွေ Ram တွေ Rom တွေကိုဖြုတ်လဲလို့ရပေမဲ့ SOC ကျတော့သူ့ မှာတစ်ခါတည်းပါပြီးသားဖြစ်တဲ့ CPU တွေ Ram တွေကိုကိုယ်တိုင်ဖြုတ်လဲလို့ရမှာမဟုတ်ပါဘူး။ဥပမာဖုန်းတစ်လုံးက SOC မှာ Ram 4GB နဲ့ Rom 64GB ပါတယ်ဆိုရင် SOC ပေါ်က Ram တွေ Rom တွေကိုကိုယ်တိုင်အတိုးအလျှော့လုပ်နိုင်မှာမဟုတ်ပါဘူး။ဒါကတော့ SOC , Motherboard နဲ့ CPU တွေရဲ့အဓိကကွာခြားချက်တစ်ခုပါ။အဲ့တော့ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် Ram တွေ Rom တွေရဲ့အတွဲအဖက်က CPU ထက်အ‌ရေးကြီးတဲ့အပိုင်းတွေမှာရှိပါတယ်။

အခုစျေးကွက်ထဲမှာဘယ်လိုတွဲဖက်တွေကိုအများဆုံးတွေရလဲ?

စျေးကွက်ထဲမှာတော့ ပုံမှန်အားဖြင့် Midrange ဆိုရင် Ram 6+Rom 64 ကနေစပြီး Ram 8+Rom 128GB flagship ဆိုရင်အနိမ့်ဆုံး Ram 8+Rom 128GB ကနေ Ram 12 + Rom 512 အထိရှိပါတယ်။တစ်ချို့ Limited edition ဆိုရင် 1TB အထိရှိပါတယ်။

ကိုယ်ကဘယ်နေရာကိုအဓိကထားသုံးမှာလဲ?

Ram + Rom ကိုရွေးချယ်တဲ့နေရာမှာကိုကဘယ်နေရာမှာဘယ်လိုသုံးမှာလဲဆိုတာအရင်မေးရပါမယ်။ဂိမ်းဆော့တဲ့နေရမှာဆိုရင်တော့ Ram မြင့်တာကိုရွေးချယ်ရမှာဖြစ်တော့ Storage ကသိပ်တော့ကိစ္စမရှိပါဘူး။ဓာတ်ပုံရိုက်ဖို့ဦးစားပေးမယ်ဆိုရင်တော့ Storage များများပါတဲ့ဖုန်းကိုဦးစားပေးရမှာပါ။ဒါမှကို့ပုံတွေကိုတခြားနေရာမှာ Backup လုပ်စရာမလိုပဲအကြာကြီးသုံးနိုင်မှာပါ။ဒီနေရာမှာ‌ယေယျရွေးချယ်မှုကတော့ 8+128GB ပါ။ဟုတ်ပါတယ် ဖုန်းတော်တော်များများအတွက် 8+128Gb က sweet spot ပါ။လူတိုင်းအတွက်လဲသင့်တော်သလိုဓာတ်ပုံရိုက်ဖို့အတွက်လဲသင့်တော်ပါတယ်။

Ram 8 + Rom 128 ကဘာဖြစ်လို့ ‌ရွေးချယ်ရကောင်းလဲဆိုရင်အခုခေတ်မှာ 64 ကသာမန်အသုံးပြုသူတွေအတွက်တောင်သိပ်မလောက်ချင်ပါဘူး။ 64GB ဆိုတာလဲ system အတွက်ယူတဲ့ Space နဲ့ သူ့မှာပါလာတဲ့ Application တွေနဲ့တင်ကို့ယ်အတွက်တစ်ကယ်သုံးလို့ကျန်တာက 55Gb လောက်ပဲကျန်တက်ပါတယ်။ Ram ကလဲ  8GBပါဝင်တဲ့အတွက်ဂိမ်းဆော့မဲ့လူတွေအတွက်လဲအဆင်ပြေပါတယ်။

Author: Hein Htet

PhotoCrd: GSMarena,TVteardown,ROM

Previous
Previous

vivo ၏ နောက်ဆုံးမျိုးဆက်ဖြစ်သည့် ဈေးနှုန်းအသင့်အတင့် Y30 ကို မြန်မာနိုင်ငံတွင် မိတ်ဆက်

Next
Next

Viber မှ Facebook နှင့် စီးပွားရေး လုပ်ဆောင်ချက်များအား ဖျက်သိမ်း