ဘက်စုံသုံးနိုင်တဲ့ ဖုန်းတစ်လုံးကို ဘယ်လိုရွေးချယ်ကြမလဲ။

ဒီနေ့ခေတ်မှာ ကျွန်တော်တို့ ဖုန်းတစ်လုံးကို‌ ရွေးချယ်ဝယ်ယူကြတဲ့အခါ RAM နဲ့ ROM အပြင် Screen Size နဲ့ Display အမျိုးအစားတွေက ဖုန်းကောင်းတစ်လုံးဖြစ်လာဖို့အတွက် အ‌ရေးပါလာပါတယ်။ ဖုန်းတွေအားလုံးမှာ အားနည်းချက် အားသာချက်တွေ အသီးသီးရှိသလို တချို့ဖုန်းတွေဆိုရင် တစ်ခုထဲမှာ ချွန်ထွက်ပြီး ကောင်းနေတာမျိုးတွေလည်း ရှိပါတယ်။ ဒီဖုန်းတွေမှာလည်း သူ့ဟာနဲ့သူ အားနည်းချက် အားသာချက်ရှိပါတယ်။ ကိုယ်လိုချင်တဲ့ဖုန်းက တစ်ခုထဲမှာ ချွန်ထွက်နေတာမျိုး မလိုချင်ဘူး။ ပြီးတော့ ဘက်စုံသုံးနိုင်ရမယ်ဆိုတဲ့လူတွေအတွက် အရင်ဆုံး RAM နဲ့ R‌OM တွဲဖက်မှုက ထည့်သွင်းစဉ်းစားရမဲ့ အချက်တစ်ခုပါ။RAM တွေ ROM တွေရဲ့ တွဲအဖက်က CPU ထက် အ‌ရေးကြီးတဲ့အပိုင်းတွေမှာရှိပါတယ်။

အခုစျေးကွက်ထဲမှာ ဘယ်လိုတွဲဖက်မှုတွေကို အများဆုံးတွေ့ရလဲ။

စျေးကွက်ထဲမှာတော့ ပုံမှန်အားဖြင့် Midrange ဆိုရင် RAM 6+ROM 64 ကနေစပြီး RAM 8+ROM 128GB အထိ ရှိပြီးတော့ Flagship ဆိုရင် အနိမ့်ဆုံး RAM 8+ROM 128GB ကနေ RAM 12 + ROM 512 အထိ ရှိပါတယ်။ တချို့ Limited Edition ဆိုရင် 1TB အထိ ရှိပါတယ်။ကိုယ်ကဘယ်နေရာကိုအဓိကထားသုံးမှာလဲ။RAM + ROM ကို ရွေးချယ်တဲ့နေရာမှာ ကိုယ်က ဘယ်နေရာမှာ ဘယ်လို သုံးမှာလဲဆိုတာ အရင်မေးရပါမယ်။ ဂိမ်းဆော့တဲ့နေရာမှာဆိုရင်တော့ RAM မြင့်တာကိုရွေးချယ်ရမှာဖြစ်တော့ Storage က သိပ်တော့ကိစ္စမရှိပါဘူး။ ဓာတ်ပုံရိုက်ဖို့ ဦးစားပေးမယ်ဆိုရင်တော့ Storage များများပါတဲ့ ဖုန်းကို ဦးစားပေးရမှာပါ။ ဒါမှကိုယ့်ပုံတွေကို တခြားနေရာမှာ Backup လုပ်စရာမလိုဘဲ အကြာကြီး သုံးနိုင်မှာပါ။ ဒီနေရာမှာ‌ ယေဘုယျရွေးချယ်မှုကတော့ 8GB + 128GB ပါ။ ဟုတ်ပါတယ်။ ဖုန်းတော်တော်များများအတွက် 8GB + 128GB က Sweet Spot ပါ။ လူတိုင်းအတွက်လည်း သင့်တော်သလို ဓာတ်ပုံရိုက်ဖို့အတွက်လဲ သင့်တော်ပါတယ်။ OPPO A92 မှာ‌တော့ Paradox of Choice ဖြစ်တဲ့ RAM 8GB နဲ့ ROM 128GB ပါပါတယ်။

RAM 8GB + ROM 128GB က ဘာဖြစ်လို့ ‌ရွေးချယ်ရကောင်းလဲဆိုရင် အခုခေတ်မှာ 64GB က သာမန်အသုံးပြုသူတွေအတွက်တောင် သိပ်မလောက်ချင်ပါဘူး။ 64GB ဆိုတာလည်း System အတွက်ယူတဲ့ Space နဲ့ သူ့မှာ ပါလာတဲ့ Application တွေနဲ့တင် ကို့ယ်အတွက် တကယ်သုံးလို့ကျန်တာက 55GB လောက်ပဲ ကျန်တတ်ပါတယ်။ RAM ကလဲ  8GB ပါဝင်တဲ့အတွက် ဂိမ်းဆော့မယ့် လူတွေအတွက်လဲ အဆင်ပြေပါတယ်။ OPPO A92 မှာတော့ Midrange ဖုန်းစျေးနဲ့ Flagship ဖုန်းတစ်လုံးရဲ့ RAM နဲ့ ROM အတွဲဖြစ်တဲ့ 8GB + 128 GB ပါဝင်တဲ့အတွက် ဂိမ်းဆော့မယ့် လူတွေအတွက်ရော ဓာတ်ပုံရိုက်မယ့် လူတွေအတွက်ပါ အဆင်ပြေစေမှာပါ။ နောက်ပြီး 48MP AI Quad Camera ပါဝင်တဲ့အတွက် ရိုက်ထားသမျှ ကိုယ့်ပုံတွေကို တခြားနေရာမှာ Back up လုပ်စရာမလိုဘဲ သိမ်းဆည်းထားနိုင်ပါပြီ။

နောက်တစ်ခုက သုံးထားတဲ့ CPU ပါ။

ဒီနေရာမှာတော့ ဘက်စုံသုံး ရွေးချယ်ချင်တဲ့ လူတွေအတွက် Snapdragon Processor နဲ့ သုံးထားတဲ့ ဖုန်းတွေ ရှိပါတယ်။ OPPO A92 မှာတော့ Snapdragon 665 processor သုံးပေးထားတဲ့အတွက် ဂိမ်းဆော့တာနဲ့ ဘက်စုံသုံးချင်တဲ့လူတွေအတွက် စျေးသက်သက်သာသာနဲ့ ရွေးချယ်မှု အလယ်အလတ်မျှခြေမှာ ရှိပါတယ်။ 665 က ထင်ထားသလောက် Gaming ပိုင်းမှာ အာရုံစိုက်ထားတာ မဟုတ်ပေမယ့် သာမန်နေ့စဉ်အသုံးပြုတဲ့ နေရာတွေမှာ Power Consumption ပိုင်းက အရင် 660 ထက်၂၀ ရာခိုင်နှုန်း ပိုပြီးတော့ ကောင်းပါတယ်။ ပြီးတော့ Hyper Boost Function လေးလည်း ပါတော့ ဖုန်းကို ပိုပြီးတော့ Smooth ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။

ဘက်စုံသုံးချင်တဲ့လူတွေအတွက် OPPO A92 မှာနောက်တစ်ခုကောင်းတာက Entertainment ပိုင်းအတွက် Stereo Speaker ပါဝင်တာပဲ ဖြစ်ပါတယ်။Entertainment ပိုင်းမှာ 1080P Neo-Display က အလင်းယိုစမ့်မှုတွေကို ကာကွယ်ပေးပြီး TÜV Rheinland က အသိအမှတ်ပြုလက်မှတ် ရရှိထားသောကြောင့် မျက်လုံးနဲ့ ကြည့်တဲအခါမှာ အလင်းဖြာထွက်မှုတွေကို သိသိသာသာ ကာကွယ်ပေးနိုင်ပါတယ်။ အလင်းဖြာထွက်မှုတွေကို ကာကွယ်ပေးတော့ ဖုန်းနဲ့ ရုပ်ရှင်ကြည်တဲ့အခါမှာ တည်ငြိမ်တဲ့ ကာလာအနေအထားကို ထုတ်ပေးနိုင်ပါတယ်။

ဘက်စုံသုံးလို့ ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ဖို့အတွက် RAM နဲ့ ROM တွဲဖက်မှုကအရေးကြီးသလို Battery ကလည်း တစ်နေကုန် အားအသုံးခံဖို့ လုံလောက်တဲ့ mAh ရှိဖို့ လိုအပ်ပါတယ်။ CPU နဲ့ OS ရဲ့ Power  Management ဘယ်လောက်ကောင်းကောင်း Battery မှာလည်း ကောင်းမွန်တဲ့ Capacity ရှိဖို့ အရေးကြီးပါတယ်။ ဒီနေ့ခေတ်မှာ‌တော့ အနည်းဆုံး 4000mAh နဲ့ဖုန်းတွေကို တော်တော်များများ တွေ့နေရပါပြီ။ အဲတော့ 4000 mAh နဲ့ 5000mAh ကြား ဒါမှမဟုတ် 5000mAh ပါတဲ့ ဖုန်းတစ်လုံးဆိုရင် Battery ပိုင်းမှာ ဂိမ်းဆော့တာနဲ့ ရိုးရိုးသုံးတာလောက်ကတော့ အသာလေး ကျော်ဖြတ်နိုင်ပါတယ်။ Battery အရမ်းကြီးလွန်းရင်လည်း ဖုန်းရဲ့အလေးချိန်က သိသိသာသာ တိုးလာတတ်ပါတယ်။ အဲဒါကြောင့် 5000mAh ပါတဲ့ OPPO A92  လောက်ဆို ဘက်စုံ ကောင်းကောင်မွန်မွန် သုံးချင်တဲ့ လူတွေအတွက်ကတော့ အတော်‌လောက်ပါပဲ။ Aurora Purple နဲ့ Twilight Black ဆိုပြီး အရောင် နှစ်ရောင်ရှိတဲ့ OPPO A92 ကိုတော့ မြန်မာနိုင်ငံမှာ စျေးနှုန်း 379,900 ကျပ်နဲ့ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်သလို  shop.com.mm (https://www.shop.com.mm/shop/oppo) တို့မှာ ပို့ဆောင်ခ အခမဲ့နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။

Previous
Previous

Viber မှ Facebook နှင့် စီးပွားရေး လုပ်ဆောင်ချက်များအား ဖျက်သိမ်း

Next
Next

Apps များကို ပိုမိုလွယ်ကူ လျင်မြန်စွာ ရှာဖွေနိုင်မည့် Petal Search Widget – Find Apps ဝန်ဆောင်မှုသစ်ကို HUAWEI မှ မိတ်ဆက်