၂၀၂၀ ခုနှစ်၏ ဆန်းသစ်တီထွင်မှုအရှိဆုံးနှင့်တန်ဖိုးအကြီးမားဆုံး နိုင်ငံတကာအမှတ်တံဆိပ်များစာရင်းတွင် အာရှမှ ထိပ်တန်းဦးဆောင်သူအဖြစ်နံပါတ် ၅ နေရာတွင် Samsung ရပ်တည်လျက်ရှိ
ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သော Samsung သည် Boston Consulting Group (BCG) မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၀ ခုနှစ်အတွက် ဆန်းသစ်တီထွင်မှု အရှိဆုံး ကုမ္ပဏီများ စာရင်းနှင့် Brand Finance မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၀ ခုနှစ်အတွက် ဈေးကွက်တန်ဖိုးအမြင့်မားဆုံး အမှတ်တံဆိပ်များ စာရင်း ၂ ခုလုံးတွင် နံပါတ် ၅ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ ထို့အပြင် Samsung သည် ဤကဲ့သို့ ဂုဏ်သိက္ခာ ကြီးမားသော နိုင်ငံတကာ အတိုင်ပင်ခံ အဖွဲ့အစည်းများမှ ထုတ်ပြန်ကြေညာသည့် စာရင်း ၂ ခုလုံး၏ ထိပ်ဆုံး ၅ နေရာ အတွင်းတွင် ရပ်တည်နိုင်ခဲ့သည့် တစ်ခုတည်းသော အာရှ အမှတ်တံဆိပ် တစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၁၄ နှစ်အတွင်း BCG ၏ ဆန်းသစ်တီထွင်မှု အရှိဆုံး ထိပ်ဆုံးကုမ္ပဏီ ၅၀ စာရင်းတွင် ကုမ္ပဏီ အရေအတွက် စုစုပေါင်း ၁၆၂ ခု အထိ ပါဝင်ရပ်တည်နိုင်ခဲ့ရာ ၎င်းတို့အနက် ၃၀% သည် ထိပ်ဆုံး ၅၀ စာရင်းတွင် တစ်ကြိမ်တည်းသာ ရပ်တည်နိုင်ခဲ့ကြပြီး ၅၇% သည် သုံးကြိမ် (သို့မဟုတ်) သုံးကြိမ်အောက်သာ ပါဝင်နိုင်ခဲ့ချိန်တွင် Samsung သည် ၁၄ နှစ် ဆက်တိုက် နှစ်စဉ်နှစ်တိုင်း ထိပ်ဆုံး ကုမ္ပဏီ ၅၀ စာရင်းတွင် ပါဝင်ရပ်တည်နိုင်ခဲ့သည့် ကုမ္ပဏီ ၈ ခု အနက် တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့သည်။ BCG ၏ ဆန်းသစ်တီထွင်မှု အရှိဆုံး ကုမ္ပဏီများအား အဆင့်သတ်မှတ်သည့်နေရာတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှ အောက်တိုဘာလအတွင်း ကမ္ဘာတစ်ဝန်းမှ ဆန်းသစ်တီထွင်မှုပိုင်းဆိုင်ရာ နယ်ပယ်များမှ အကြီးတန်း အရာရှိပေါင်း ၂,၅၀၀ ( အမှုဆောင် အရာရှိအဆင့်မှ ၆၃% နှင့် အကြီးတန်း ဒု-ဥက္ကဠ (သို့) ဒု-ဥက္ကဠအဆင့်မှ ၃၇%) အား စစ်တမ်းကောက်ယူမှုများအပေါ်တွင် မူတည်၍ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ BCG သည်ကုမ္ပဏီများ၏ စွမ်းဆောင်ရည်များအား ရှုထောင့်လေးခုဖြင့် အမှတ်ပေးအကဲဖြတ်ခဲ့ပြီး အဆိုပါ အမှတ်များအား ပျမ်းမျှ ပြန်လည် တွက်ချက်ကာ နောက်ဆုံးအဆင့် ခြုံငုံသတ်မှတ်ချက် အဆင့်အား တွက်ချက်ပေးခြင်းဖြစ်သည်။
BCG ၏ ၂၀၂၀ ခုနှစ်အတွက် ဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီများအကြောင်း ရေးသားထားသည့် အစီရင်ခံစာ အပြည့်အစုံအား အောက်ပါ link မှတဆင့် ဝင်ရောက် ဖတ်ရှုနိုင်မည် ဖြစ်သည်။https://www.bcg.com/publications/2020/most-innovative-companies/overview.aspx

ကုန်အမှတ်တံဆိပ်များ၏ ဈေးကွက်တန်ဖိုးများနှင့် ပတ်သက်၍ အတိုင်ပင်ခံဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည့် Brand Finance ၏ Global 500 Index စစ်တမ်းအရ Samsung သည် ပဉ္စမမြောက် ဈေးကွက်တန်ဖိုး အမြင့်မားဆုံး အမှတ်တံဆိပ်အဖြစ် နှစ်နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည့် အပြင် အာရှတိုက်၏ ဈေးကွက်တန်ဖိုး အမြင့်မားဆုံးသော B2C အမှတ်တံဆိပ် အဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။ Samsung သည် ပြီးခဲ့သည့်နှစ်တွင် အမြတ်ငွေ ၄% (အမေရိကန်ဒေါ်လာ ၉၄.၅ ဘီလီယံ) ပိုမို ရရှိခဲ့ပြီး နိုင်ငံတကာ နည်းပညာကဏ္ဍ၏ ဦးဆောင် အင်အားကြီး ကုမ္ပဏီ တစ်ခုအဖြစ် ဆက်လက်သက်သေပြနိုင်ခဲ့သည်။
Samsung သည် ယခုနှစ်အတွက် ခန့်မှန်းထားသည့် ဝင်ငွေရရှိမှုအား ကျော်လွန်ခဲ့ပြီး (၎င်း၏ 5G စမတ်ဖုန်းများ ရောင်းချရမှုသည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့) နိုင်ငံတကာ 5G စမတ်ဖုန်း ဈေးကွက်၏ ၅၄% အထိအား ရရှိပိုင်ဆိုင် ထားနိုင်ခဲ့သည်။ ထို့အပြင် Samsung သည် နှစ်စဉ်နှစ်တိုင်း flagship အဆင့် စမတ်ဖုန်း ၂ လုံးခန့်အား တီထွင်ထုတ်လုပ် ပေးနေလျက် ရှိပြီး အဆင့်မြင့်မားသော နောက်ဆုံးပေါ် နည်းပညာများနှင့် အတူ ဈေးကွက်အား နှစ်စဉ် ဦးဆောင် အဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်။ ယခုနှစ်တွင်လည်း Samsung သည် သူမတူသော ဒီဇိုင်းနှင့် နည်းပညာများ ပါဝင်သည့် Samsung Z Flip စမတ်ဖုန်းအား မိတ်ဆက်နိုင်ခဲ့ပြီး အနာဂတ်တွင်လည်း ပိုမိုကောင်းမွန်သော၊ အဆင့်မြင့်မားသော အလားတူ စမတ်ဖုန်းများအား ထုတ်လုပ်နိုင်သည့် စွမ်းဆောင်ရည်အား ပိုင်ဆိုင်ထားသည့်အတွက်လည်း ၎င်း၏ ပြိုင်ဘက် စမတ်ဖုန်း ကုမ္ပဏီများအား သိသိသာသာ အသာစီး ရယူထား နိုင်ခဲ့သည်။
Brand Finance သည် ယခုကဲ့သို့ ကုန်အမှတ်တံဆိပ်များ၏ စုစုပေါင်း ဈေးကွက်တန်ဖိုးအား တိုင်းတာရာတွင် ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်မှုနှင့် စီးပွားရေးပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ အပါအဝင် ဘက်ပေါင်းစုံမှ အချက်အလက်များအား ထည့်သွင်းတိုင်းတာခဲ့ရာ Samsung သည် AAA- အဆင့်ရရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းကုန်အမှတ်တံဆိပ် တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။ Samsung သည် မတူညီသော လုပ်ငန်းကဏ္ဍ အသီးသီးတွင် နှစ်စဉ်နှစ်တိုင်း အရည်အသွေးမြင့် ထုတ်ကုန်များအား ဆက်တိုက် ထုတ်လုပ်နိုင်ခဲ့သည့် အတွက်လည်း ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း တန်ဖိုးအမြင့်မားဆုံးနှင့် ဆန်းသစ်တီထွင်မှု အရှိဆုံး ထိပ်ဆုံး ကုမ္ပဏီ ၅ ခု စာရင်းတွင် အမေရိကန်နိုင်ငံပြင်ပမှ တစ်ခုတည်းသော ကုန်အမှတ်တံဆိပ်အဖြစ် ပါဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။
Brand Finance Global 500 2020 အစီရင်ခံစာ အပြည့်အစုံအား အောက်ပါ link မှတဆင့် ဝင်ရောက် ဖတ်ရှုနိုင်မည် ဖြစ်သည်။
https://brandfinance.com/knowledge-centre/reports/brand-finance-global-500-2020/