TikTok အပါအဝင် တရုတ် App ဒါဇင်ပေါင်းများစွာကိုလုံခြုံရေးအကြောင်းပြချက်နဲ့တားမြစ်လိုက်တဲ့အိန္ဒိယ

အိန္ဒိယအစိုးရကတော့တနင်္လာနေ့မနက်မှာတရုတ်ကုပ္မဏီထုတ် Application တွေဖြစ်တဲ့ Tiktok အပါအဝင် App ပေါင်း ၅၉ ခုကိုနိုင်ငံတော်လုံခြုံရေးအရ ban လိုက်ပါတယ်။အဆိုပါ Application တွေထဲမှာမှအိန္ဒိယနိုင်ငံလျှပ်စစ်နဲ့နည်းပညာဝန်ကြီးဌာနမှနာ ban လိုက်တဲ့ App တစ်ချိုကတော့ နာမည်ကြီး ByteDance ရဲ့ Tiktok ရှောင်မီရဲ့ Video call application,အလီဘာဘာရဲ့နာမည်ကြီး Application ဖြစ်တဲ့ UC browser နဲ့ UC news အပြင် Data sharing App ဖြစ်တဲ့ shareit အိန္ဒိယနိုင်ငံရဲ့တတိယအကြီးဆုံး ဒစ်ဂျစ်တယ်ကူးသန်းရောင်းဝယ်ရေးPlatform ဖြစ်တဲ့ CM browser, Club factory နဲ့ ES File Explorer တို့ပဲဖြစ်ပါတယ်။အင်တာနက်စျေးကွက်ကို 1.3 ဘီလီယံနဲ့တစ်ဝက်နီးပါးရရှိထားတဲ့အိန္ဒိယနိုင်ငံမှအခုလိုနိုင်ငံခြားapplication အမြောက်အမြားကို Ban လိုက်တာပထမဆုံးပဲဖြစ်ပါတယ်။

သုတေသနလုပ်ငန်းတစ်ခုဖြစ်တဲ့ Counterpoint ရဲ့ analyst တစ်ဦးဖြစ်တဲ့ Tarun Pathak ရဲ့အဆိုအရစမတ်ဖုန်းအသုံးပြုသူသုံးပုံတစ်ပုံမှာသက်ရောက်မှုကြီးမားနိုင်တယ်လို့ဆိုပါတယ်။ Tiktok ,Club Factory နဲ့ UC Browser တို့မှာလတိုင်းမှာပုံမှန်အသုံးပြုသူသန်း 500 ရှိတယ်လို့ Mobile insight firms ရဲ့အချက်အလက်အရသိရပါတယ်။တားမြစ်ခံလိုက်ရတဲ့ 59 ခုထဲမှာ 27 ခုကအိန္ဒိယနိုင်ငံရဲ့ထိပ်တန်း app အခု 1000 ထဲမှာမှတစ်ခုအပါအဝင်ဖြစ်ပါတယ်။

မေလဒုတိယအပတ်မှာထဲကအိန္ဒိယမှာအသုံးပြုသူများဟာ Tiktok ပေါ်ကမမြင်ဖွယ်ရာနဲ့အကြမ်းဖက်မှု video တွေကိုရှာဖွေပြီး Twitter ပေါ်မှာဝေမျှခဲ့ကြပါတယ်။ထို့နောက် India နိုင်ငံမှလူအများစုဟာ Tiktok app ကို Google play store ပေါ်မှာ Ratingတွေကိုလျှော့ပေးခဲ့ကြပါတယ်။မနှစ်က Tiktok ကိုအိန္ဒိယမှာတစ်ပတ်တားမြစ်လိုက်တာဟာ Bytedance အနေနဲ့တရက်ထဲမှာဒေါ်လာငါးသိန်းလောက်ဆုံးရှုံးခဲ့ရပါတယ်။

Ref : Techcrunch

Author : Hein Htet

Previous
Previous

၂၀၂၀ ခုနှစ်၏ ဆန်းသစ်တီထွင်မှုအရှိဆုံးနှင့်တန်ဖိုးအကြီးမားဆုံး နိုင်ငံတကာအမှတ်တံဆိပ်များစာရင်းတွင် အာရှမှ ထိပ်တန်းဦးဆောင်သူအဖြစ်နံပါတ် ၅ နေရာတွင် Samsung ရပ်တည်လျက်ရှိ

Next
Next

Nova 7i ၏ အရောင်သစ် Skyline Grey (ငွေရောင်) အရောင်သစ် ကို မြန်မာနိုင်ငံတွင် စတင်ဝယ်ယူရရှိနိုင်ပြီ