နည်းပညာနယ်ပယ်ကသူတွေမဟုတ်တောင်ဘာလို့ Virtual machine ကိုစမ်းသုံးကြည့်သင့်လဲ?

Virtual Machine အကြောင်းကိုမပြောခင် Virtual machine ဆိုတာဘာလဲဆိုတာကိုအရင်ပြောရမယ်ဗျ။ Virtual Machine ဆိုတာကတော့မြန်မာလိုဒဲ့ဘာသာပြန်မယ်ဆို အတုအယောင်စက်ပေါ့။ သူကတစ်ကယ်ထိတွေ့ကိုင်တွယ်လို့မရပေမဲ့တစ်ကယ်ရှိနေပြီးသုံးလို့ရတဲ့အတွက်Virtual လို့ခေါ်တွင်တာပါ။ တစ်ကယ့်ကွန်ပြုတာ System ပေါ်မှာအလုပ်လုပ်ပါတယ်။ Software တစ်ခုပါပဲ။အလွယ်ကူဆုံးပြောရမယ်ဆိုရင်တော့ကို့မှာ window 10 တင်ထားတဲ့ computer ရှိတယ်။ဒါပေမဲ့ Linux system သုံးချင်တယ်ဆိုရင် Virtual machine ပေါ်မှာ Linux OS (Operating system)တင်ပြီးသုံးနိုင်ပါတယ်။အပြန်အလှန်ပဲ Ubuntu Linux တင်ထားတဲ့သူတွေလဲ Window 10 သုံးချင်တယ်ဆိုရင် virtual machine ပေါ်မှာ Window 10 တင်ပြီးသုံးနိုင်ပါတယ်။

Virtual Machine ဆိုတာကို IT နယ်ပယ်ထဲကလူတွေကတော့ တော်တော်ရင်းနှီးနှီးသိဖူးတဲ့လူတွေအပြင်ကျွမ်းကျွမ်းကျင်ကျင်သုံးတက်တဲလူတွေပါရှိပါတယ်။ဒါပေမဲ့ IT နယ်ပယ်ထဲကလူတွေမဟုတ်တဲ့လူတွေသာမန်ကွန်ပြုတာသုံးနေတဲ့လူတွေပါဘာလို့ VM ကိုစမ်းသုံးကြည့်သင့်တာလဲ? ဥပမာ ကိုယ်သုံးချင်တဲ့ Software တစ်ခုက platform အားလုံးပေါ်မှာအလုပ်မလုပ်ဘူး OS Platform တစ်ခုထဲမှာပဲလုပ်တယ်ဆိုရင် VM ပေါ်မှာ အဲ့ Software အလုပ်လုပ်တဲ့ OS တင်ပြီးသုံးနိုင်ပါတယ်။နောက်ထပ် အကျိုးကျေးဇူးတစ်ခုက Window ကနေ Ubuntu ကိုပြောင်းသုံးချင်တဲ့ လူတွေ ကိုယ်စမ်းသုံးချင်တဲ့OS ကို VM ပေါ်မှာတင်ရင် ကိုယ်လက်ရှိလုပ်လက်စအလုပ်အရေးကြီး  Data တွေလဲမထိခိုက်ပဲသုံးနိုင်ပါတယ်။ VM ပေါ်က OS မှာကကိုယ်ကြိုက်တာအကုန်လုပ်နိုင်ပြီးပျက်သွားရင်လဲ Snap shot ဖမ်းထားလို့ရတဲ့အတွက်အရင်အခြေအနေအတိုင်းပြန်ရောက်ပါတယ်။အဓိကကလွပ်လပ်မှုပါ။ကိုယ့်ရဲ့ Host OS ကိုပြောင်းတော့မယ်ဆိုရင်တော့အရင်ဆုံး data တွေ Backup လုပ်ထားဖို့အရေးကြီးပါတယ်။

အဲ့လိုအမျိုးမျိုးသော OS တွေကိုကွန်ပြူတာစနစ်တစ်ခု Hardware တစ်ခုထဲပေါ်မှာလုပ်လုပ်နိုင်စေတဲ့အတွက် Virtual machine လို့ခေါ်တာပါ။ Virtual machine တစ်ခုပေါ်မှာ OS တစ်ခုတောင်တင်နိုင်တာမဟုတ်ပါဘူး။အောက်က hardware စွမ်းဆောင်ရည်ကောင်းရင်ကောင်းသလို 10 ခုလောက်တစ်ပြိုင်ထဲတင်နိုင်ပါတယ်။

VM ရဲ့သဘောတရားကတော့ပုံထဲကလိုပဲကို့ရဲ့ Computer system hardware (လပ်တော့ သို့မဟုတ် Desktop) ပေါ်မှာ VM manager ဆိုတဲ့ virtual machine monitor ရှိမယ်။အဲ့ပေါ်မှာမှ VM software ရှိမယ်။ VM software ပေါ်မှာမှ ကိုသုံးချင်တဲ့ OS တွေရှိမှာပါ။အဲ့တော့ Virtual machine ကိုဘယ်လိုသုံးမလဲ။ Virtual Machine သုံးဖို့အတွက် software ပေါင်းများစွာရှိပါတယ်။ Window 10 မှာဆိုရင်တော့ Hypervisor ပေါ်မှာ တင်သုံးလို့ရပါတယ်။ Hypervisor ပေါ်မှာကိုယ်သုံးချင်တဲ့ OSရဲ့ ISO File ကို တင်ပြီးသုံးလို့ရပါ တယ်။Hypervisor ကိုအရင်ဆုံး Control Panel မှာသွားပြီးဖွင့်ရပါတယ်။ပြီးရင် Boot မတက်ခင် BIOS setting ထဲမှာ intel virtualization technology ဆိုတာကို အရင်ဆုံး enable သွားလုပ်ပေးရတယ်။

Hypervisor မသုံးချင်ရင်တော့ တခြား software တွေရှိပါတယ်။ VMware တို့ Oracle တို့ ရှိပါတယ်။အရင်ဆုံး Google မှာကိုသုံးချင်တဲ့ VM software ကိုရှာ‌ဒေါင်းလုပ်ဆွဲInstall လုပ်ပြီးသုံးနိုင်ပါတယ်။Window 10 က Hypervisor ကတော့ license ဝယ်စရာမလိုပဲ VMware ကတော့ pro ဆိုရင် License နဲ့ဝယ်သုံးရပါတယ်။VM ရဲ့ အကျိုးကျေးဇူးတွေကဒါတွေပဲလားဆိုတော့မဟုတ်ပါဘူး။ ဥပမာ ကိုယ့်မှာ စက်တစ်လုံးထဲရှိတယ်။ Data တွေဖလှယ်ဖို့အတွက်လဲသုံးမယ် Domain တွေ‌ဆောက်မယ် ကို့အတွက်လဲသုံးမယ်ဆိုရင် VM တင်လိုက်မယ်။ VM ပေါ်မှာ filesharing နဲ့ Domain ဆောက်ဖို့အတွက် Window server 2012 လောက်တင်လိုက်မယ်ဆိုရင်အောက်ကကျန်တဲ့ Host OS မှာ file sharing နဲ့ Domain ဖက်အခြမ်းကိုဘာမှမထိခိုက်ဘဲလွပ်လွပ်လပ်လပ်သုံးနိုင်ပါပြီ။အဲ့တာတွေအပြင် Website တွေ Host လုပ်ဖို့အတွက်ပါသုံးကြပါတယ်။

အဲ့တော့ VM ရဲ့အဓိကအကျိုးကျေးဇူးက Hardware ဖိုးသက်သာအောင်ချွေတာနိုင်တာပါ။တစ်ကယ့်လုပ်ငန်းခွင်မှာတော့ VM ရဲ့အကျိူးကျေးဇူးတွေကအများကြီးပါ။နေရာအမျိုးအမျိုးတွေ Data center တွေအထိပါသုံးကြပါတယ်။

VM ရဲ့အဓိကအားနည်းချက်ကတော့ Hardware limitation နဲ့ resource တွေအကန့်အသတ်ရှိတာပါ။ အောက်က Hardware ကကိုယ်တင်ထားတဲ့ VM အလျှောက်စွမ်းဆောင်ရည်မရှိရင်ကို ရဲ့ Host OS ကိုလုပ်လက်စအလုပ်တွေကိုပါလာထိခိုက်နိုင်ပါတယ်။ ဥပမာ CPU က i3 Ram က 4GB လောက်နဲ့ VM နှစ်လုံးလောက်တစ်ပြိုင်ထဲသုံးမယ်ဆိုရင်တော့ဘယ်ဖြစ်နိုင်ပါ့မလဲ။

PhotoCrd : Nakivo, UFSexplorer,eduCBA,medium

Author : Hein Htet

Previous
Previous

ဒစ်ဂျစ်တယ်ကူးသန်းရောင်းဝယ်ရေးမှတစ်ဆင့် ပြန်လည်ထူထောင်ရေးကိုလှုံ့ဆော်ရန် VISA ၏ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တွင် အာရှပစိဖိတ်ဒေသရှိ အသေးစားစီးပွားရေးလုပ်ငန်း ၁၀ သန်းပါဝင်

Next
Next

OPPO A92 မြန်မာနိုင်ငံစျေးကွက်သို့ ရောက်ရှိ