ဒစ်ဂျစ်တယ်ကူးသန်းရောင်းဝယ်ရေးမှတစ်ဆင့် ပြန်လည်ထူထောင်ရေးကိုလှုံ့ဆော်ရန် VISA ၏ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တွင် အာရှပစိဖိတ်ဒေသရှိ အသေးစားစီးပွားရေးလုပ်ငန်း ၁၀ သန်းပါဝင်

Visa (NYSE: V) သည် COVID-19 ဖြစ်ပွားမှု နောက်ပိုင်းတွင် ဒေသခံပြည်သူများကို စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် အာရှပစိဖိတ်ဒေသတစ်လျှောက်ရှိ အသေးစားစီးပွားရေး လုပ်ငန်း ၁၀ သန်းကို ထောက်ပံ့ရန် ကတိကဝတ်ကို ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ Visa သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ကို Online နှင့် In-store နှစ်ခုစလုံးတွင် ငွေသားကိုင်တွယ် အသုံးပြုရန် မလိုသော ငွေပေးချေမှု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်၊ ငွေပေးချေမှုကို ဒီဂျစ်တယ်ဖြင့် လက်ခံခြင်းဖြင့် ထိရောက်မှုနှင့် ရောင်းအားကို ကူညီရန် အစီအစဉ်များနှင့် ဖြေရှင်းနည်းများကို မိတ်ဆက်ပေးနေသည်။ Visa သည် လူမျိုးရေးနှင့် ကျား၊ မ အခွင့်အလမ်း ကွာဟချက်ကို ဖယ်ရှားရန်နှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသော ကပ်ရောဂါ စိန်ခေါ်မှုများအပါအဝင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များအတွက် အဓိကထား ဆောင်ရွက်မည့် Visa Economic Empowerment Institute (VEEI) ကိုလည်း ဖွဲ့စည်းခဲ့သည်။

အဆိုပါ အသေးစားစီးပွားရေးလုပ်ငန်း ၁၀ သန်းကို ထောက်ပံ့ရန် ကတိကဝတ်သည် ကမ္ဘာအနှံ့ရှိ အသေးစား စီးပွားရေး လုပ်ငန်းပေါင်း သန်း ၅၀ ကို  အထောက်အပံ့ပေးမည့် Visa ၏ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်မှ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ အသေးစားစီးပွားရေးလုပ်ငန်းများသည် လူမှုအသိုင်းအဝိုင်းများ ပြန်လည်ထူထောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ  ပါဝင်နေပြီး ကမ္ဘာလုံးဆိုင်ရာအလုပ်အကိုင်၏ ထက်ဝက်ကျော်ခန့်ရှိကာ ကူးစက် ရောဂါဖြစ်ပွားမှု အများဆုံးဒေသများတွင်ဖြစ်သည်။[1] အာရှပစိဖိတ်တွင် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး လုပ်သားအင်အား၏ ၅၀ ရာခိုင်နှုန်းကို အလုပ်ခန့်ထားခြင်းဖြစ်သည်။ [2]

စီးပွားရေးအပေါ်သက်ရောက်မှုများအပြင် အခြားတစ်ဖက်တွင် COVID-19 ကြောင့် ငွေပေးချေသည့်စက် (Terminal) များကို ထိကိုင်ရန် မလိုအပ်သော ငွေပေးချေမှု နည်းလမ်းအသစ်များကို ရှာဖွေနေသူများအနေဖြင့်

e-Commerce တွင် အများအပြားလုပ်ဆောင်လာခြင်းနှင့်  Stay Home အခြေအနေများကြောင့် ဆိုင်များအတွင်း၌ ဈေးဝယ်ခြင်းအစား အွန်လိုင်းဈေးဝယ်ခြင်းများကိုသာ ပြုလုပ်လာသောကြောင့် ဒစ်ဂျစ်တယ်ကူးသန်း ရောင်းဝယ်ရေး အသုံးပြုမှု အတွေ့အကြုံများကိုလည်း အရှိန်မြှင့်တင်လာစေသည်။ အာရှပစိဖိတ်တွင် သုံးစွဲသူများ၏ ၄၁ ရာခိုင်နှုန်းသည် လွန်ခဲ့သောသုံးလအတွင်း eCommerce အရောင်းအဝယ် ငါးခု သို့မဟုတ် ထိုထက်မက ပြုလုပ်ခဲ့ကြသည်။[3]ဒေသတွင်းရှိ သုံးစွဲသူများ၏ လေးပုံသုံးပုံသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကျဆင်းသွားပြီးနောက်ပိုင်းတွင်လည်း ငွေသားများကို ပြန်လည်ကိုင်ဆောင် အသုံးပြုမည့်အစား ဒစ်ဂျစ်တယ် ငွေပေးချေမှုကိုသာ ဆက်လက်အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။[4]

“အာရှပစိဖိတ်ဒေသတစ်လွှားမှာရှိတဲ့ ကူးသန်းရောင်းဝယ်ရေးဟာ COVID-19 နောက်ပိုင်း မရှိမဖြစ် လိုအပ်တဲ့ အရာတွေကို အွန်လိုင်းပေါ်ကနေ မှာယူသူတွေနဲ့ ငွေပေးချေဖို့အတွက်  ထိတွေ့ကိုင်တွယ်ဖို့ မလိုဘဲ လုံခြုံမှုရှိပြီး ငွေပေးချေနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေနေသူတွေကြောင့် ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲသွားပြီ” ဟု VISA ၏ Regional President ဖြစ်သူ Chris Clark က ပြောကြားခဲ့သည်။ “Visa ဟာ ငွေပေးချေမှု ကွန်ရက်တစ်ခု ဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို စီမံခန့်ခွဲဖို့နဲ့ တိုးတက်ကြီးထွားဖို့၊ နည်းလမ်းသစ်တွေနဲ့ လိုက်လျောညီထွေမှုရှိအောင် ကူညီပေးနိုင်ဖို့ ပါပဲ” ဟု ၎င်းက ဖြည့်စွတ်ပြောကြားခဲ့သည်။

Visa Myanmar ၏ Country Manager ဖြစ်သူ Lillian Wang က “Visa ဟာ မြန်မာ့စီးပွားရေးရဲ့ လုပ်ငန်း အကြီးစားတွေနဲ့ လုပ်ငန်းအသေးစားတွေကို နည်းပညာနဲ့ ငွေပေးချေမှုဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကနေ တစ်ဆင့် တိုးတက်ကြီးထွားလာအောင် အမြဲတမ်း ဂုဏ်ယူစွာနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ လက်ရှိဂေဟစနစ်ဟာ New Normal  အတိုင်း လိုက်ပါလုပ်ဆောင်ဖို့  ဆက်လက်ပြောင်းလဲတာတာနဲ့အမျှ ကျွန်မတို့အနေနဲ့ လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို တိုးမြှင့်စေနိုင်မယ့်၊ စားသုံးသူအတွေ့အကြုံတွေ တိုးတက်စေမယ့် ဒီဂျစ်တယ်ငွေပေးချေမှုကို လက်ခံဆောင်ရွက်လာစေတာနဲ့အတူ  နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းတွေ ဘုံစိန်ခေါ်မှုတွေကို ကျော်လွှား နိုင်ဖို့အတွက် အဓိက အာရုံစိုက်နေခဲ့တာဖြစ်ပါတယ်။ ငွေပေးချေမှုဆိုင်ရာ ဆန်းသစ်တီထွင်မှုဟာ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို နောင်လာမည့် အနာဂတ်မှာ ရှင်သန်ဖွံ့ဖြိုးဖို့ ပြင်ဆင်နေချိန်မှာ ယခုလို စိန်ခေါ်မှုများတဲ့ ကာလအတွင်း ဆက်လက်စီးဆင်းစေနိုင်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါလိမ့်မယ်"ဟု ပြောကြား ခဲ့သည်။

ဒီဂျစ်တယ် ဦးစားပေး စီပွားရေးလုပ်ငန်းများကို အားပေးကူညီခြင်း

ယခုအခါ Visa ၏ အွန်လိုင်းအခြေပြု စင်တာများသည် နိုင်ငံပေါင်း ၂၀ ကျော်တွင် ရောက်ရှိနေပြီဖြစ်သည်။ ယင်းစင်တာများအနေဖြင့် အသေးစား ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းစတင်မှု၊ လည်ပတ်မှု၊ ကြီးထွားမှုတို့အတွက် လိုအပ်သော ကိရိယာများ၊ မိတ်ဖက်များ၊ သတင်းအချက်အလက် များကို ပံ့ပိုးကူညီပေးလျက်ရှိသည်။ ထို့အပြင် Visa သည် eCommerce နယ်ပယ်တွင် ဦးဆောင်နေသော ပလက်ဖောင်းများဖြစ်သည့် Shopify နှင့် Boutir တို့နှင့်အတူ ပူးပေါင်းပြီး သက်ဆိုင်ရာ နယ်မြေများရှိ စီးပွားရေးလုပ်ငန်းများကို အွန်းလိုင်းပေါ်တက်ရောက်နိုင်ရန် လုပ်ဆောင်ပေးနေသည်။ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းမှုတစ်ခုအနေဖြင့် IFundWomen နှင့် ပူးပေါင်းကာ အာရှပစိဖိတ်ဒေသအတွင်း တိုးချဲ့ ဆောင်ရွက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ပထမခြေလှမ်းအနေဖြင့် အိန္ဒိယနိုင်ငံရှိ အမျိုးသမီးပိုင် စီးပွားရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေနှင့် ဒီဂျစ်တယ်ဆိုင်ရာ သင်တန်းများ ပေးအပ်သွားမည် ဖြစ်သည်။

  • ဒီဂျစ်တယ် ငွေပေးချေမှုစနစ်ကို အားပေးခြင်း

    ငွေပေးချေရာတွင် လွယ်ကူစေသော ကိုင်တွယ်ထိတွေ့မှု မရှိသည့် ငွေပေးချေမှု (Touchless Payment) နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းသည် ကူးသန်ရောင်းဝယ်ရေးလုပ်ငန်းစဉ်များအတွက် ပိုမိုထိရောက် မြန်ဆန်စေသည့်အပြင် လုံခြုံစိတ်ချမှုကိုပါ အဓိက ပေးစွမ်းနိုင်သည်။ Visa သည် မြန်မာနိုင်ငံရှိ ပြည်တွင်းနှင့် ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို Contactless ငွေပေးချေမှုစနစ်ဖြင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရန် အကူအညီပေးလျက်ရှိသည်။ ထို့ပြင် Visa သည် ကတ်လက်ခံအသုံးပြုသည့်ဆိုင် (Point-of-sale) စနစ်များ မလိုအပ်ဘဲ ကုန်သည်၏ မိုဘိုင်းဖုန်းကို ငွေပေးချေသည့် စက်အဖြစ် (Terminal) ပြောင်းလဲပေးနိုင်သော ဖြေရှင်းမှုများ ပါဝင်သည့် တန်ဖိုးနည်း ဒီဂျစ်တယ် ငွေပေးချေမှု လက်ခံခြင်း စနစ်ကိုလည်း မိတ်ဆက်ပေးရန် လုပ်ဆောင်နေသည်။ Visa နှင့် အကျိုးတူမိတ်ဖက် လုပ်ငန်းများ ပူးပေါင်း၍ မလေးရှားနိုင်ငံတွင် ဖုန်းဖြင့် ထိတွေ့ပြီး ငွေပေးချေမှု ဖြေရှင်းသည့် နည်းလမ်းများကို မိတ်ဆက်နိုင်ခဲ့သည့် အပြင် အာရှပစိဖိတ်ဒေသ၏ စျေးကွက်များဖြစ်သည့် ဩစတြေးလျ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ဗီယက်နမ်နိုင်ငံများတွင်လည်း ဆက်လက်အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိသည်။ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် B2B ဒီဂျစ်ငွေပေးချေမှုစနစ်များကိုလည်း Visa မှ ထောက်ပံ့ကူညီပေးလျက်ရှိသည်။ ကုန်ပစ္စည်းများဝယ်ယူရာတွင် Visa စီးပွားရေးလုပ်ငန်းသုံးကဒ် (Visa Business Card) များကို အသုံးပြု၍ ဒီဂျစ်ငွေပေးချေမှုစနစ်ကို အသုံးပြုခြင်းသည် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ဖြစ်ထွန်းမှု၊ ဒေတာအချက်အလက် အသေးစိတ်များ ရရှိနိုင်မှုစသည့် အကျိုးရလဒ်များ ဖြစ်ပေါ်စေသည့်အတွက် လုပ်ငန်းဆောင်တာများ စီမံခန့်ခွဲရာတွင် ထိထိရောက်ရောက်လုပ်ဆောင်နိုင်သည်။ Visa သည် အသေးစားနှင့် အလတ်စား လုပ်ငန်းများအား အထူးမိတ်ဖက်များအဖြစ် ပါဝင်ရန် ကမ်းလှမ်းခဲ့ပြီး Accounting Platform များ၊ ဒီဂျစ်တယ်နည်းပညာအခြေပြု စျေးကွက်ရှာဖွေရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ နည်းပညာသင်တန်းများ ပါဝင်သည့် စီးပွားရေးလုပ်ငန်းသုံးကဒ်များ အသုံးပြုနိုင်မှုဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင် နေသည်။
  • အချင်းချင်း အားပေးကူညီ ထောက်ပံ့မှုပြုခြင်း

    Visa ၏ မိတ်ဖက်များသည် စားသုံးသူများအား ဘယ်နေရာတွင် သင်ဝယ်ယူသလဲဆိုတာဟာ အရေးပါ ကြောင်း သတိပေးရင်း ဒေသထွက်ပစ္စည်းများကိုသာ ဝယ်ယူအားပေးကြရန် တိုက်တွန်းလှုံ့ဆော်ကြသည်။ Visa ကုမ္ပဏီ၏ “Back to Business Project” သည် ကူးစက်ရောဂါ သို့မဟုတ် သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ပြန်လည်ဖွင့်လှစ်နိုင်သည့် စီးပွားရေးလုပ်ငန်းများကို စားသုံးသူများ ဖော်ထုတ်နိုင်ရန် ကူညီပေးသည့် အထောက်အကူပြု အွန်လိုင်းအခြေပြု ပရောဂျက်တစ်ခုဖြစ်သည်။ ယခုအခါ ဩစတြေးလျ၊ နယူးဇီလန်နှင့် အမေရိကန်နိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ကမ္ဘာအနှံ့တွင်လည်း တိုးချဲ့လုပ်ဆောင်လျက်ရှိသည်။ Visa ၏ “Where You Shop Matters” အစီအစဉ်ကို ဩစတြေးလျနှင့် နယူး ဇီလန်နိုင်ငံတို့တွင် စတင်မိတ်ဆက်ခဲ့ပြီး  စားသုံးသူများအား အသေးစားစီးပွားရေးလုပ်ငန်းငယ်များကို ပံ့ပိုး ကူညီပေးကြရန် လှုံ့ဆော်ခြင်းဖြင့် အသေးစားနှင့် အလယ်စား လုပ်ငန်းရှင်များကို ရပ်တည် ကာကွယ်ပေး လျက်ရှိသည်။  Visa သည်အခြားအာရှပစိဖိတ်ဈေးကွက်များဖြစ်သည့် ဟောင်ကောင်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ဗီယက်နမ်တို့တွင် အဆိုပါအစီအစဥ်ကို ဆက်လက်တိုးချဲ့ လုပ်ဆောင် သွားမည်ဖြစ်သည်။

  • ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ ပြန်လည်နေရာချထားမှုနှင့် မူဝါဒချမှတ်ခြင်း

    ယနေ့တွင် Visa မှ လက်ရှိအစပြု လုပ်ဆောင်နေမှု လုပ်ငန်းစဉ်များအပြင် ၎င်း၏ စီးပွားရေးဆိုင်ရာ စွမ်းအား မြှင့်တင့်ရေး အဖွဲအစည်းတစ်ခုဖြစ်သည့် “Visa Economic Empowerment Institute” ကိုပါ တည်ထောင် လိုက်ကြောင်း ကြေညာလိုက်သည်။ ဤအဖွဲ့အစည်းသစ်တွင် Visa မှ ကျွမ်းကျင်ပညာရှင်များနှင့် မိတ်ဖက်များ ပါဝင်ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ကြုံတွေ့လာနိုင်တဲ့ အခက်အခဲ များကို ဖြေရှင်းရန်၊ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော အချက်အလက်များ ပံ့ပိုးပေးရန်၊ လူမျိုးရေးနှင့် ကျား၊ မဆိုင်ရာ ခွဲခြားဆက်ဆံမှုများ ပပျောက်ရန်အတွက် ကူညီလုပ်ဆောင်ပေးသွားမည် ဖြစ်သည်။ ထို့ပြင် နောင်လာမည့် ခြောက်လအတွင်းတွင်လည်း အကျပ်အတည်းကာလကျော်လွန်ပြီး ပြန်လည်ထူထောင်ရေးနှင့် ခံနိုင်ရည်ရှိမှု၊ မြို့ပြအတွင်း ရွေ့လျားလှုပ်ရှားမှု၊ တန်းတူညီမျှမရှိဘဲ အခွင့်အရေး ရရှိမှု ကွာခြားချက်များအပေါ်  ပိတ်ပင်တားဆီးမှု၊ ပြောင်းလဲလာသော စီးပွားရေးပုံစံများအပေါ်ထိုးထွင်း သိမြင်လာမှုစသည့် စီမံကိန်းများကို အဓိကထား၍ အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည် ဖြစ်သည်။

ယနေ့ထုတ်ပြန်ချက်သည် လာမည့် (၅) နှစ်အတွင်း အသေးစားနှင့်အငယ်စားစီးပွားရေး အသိုင်းအဝိုင်းအတွက် ရေရှည်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် COVID-19 ကယ်ဆယ်ရေးရန်ပုံငွေအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၁၀ ထောက်ပံ့ရန်အတွက် ဧပြီလတွင် ကြေညာခဲ့သော Visa Foundation ၏ ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်ပြုမှု ၏ နောက်ဆက်တွဲဖြစ်သည်။

Visa သည် ယုံကြည်စိတ်ချရသောကူးသန်းရောင်းဝယ်ရေးအင်ဂျင်အဖြစ် ကမ္ဘာကြီးကို အပြောင်းအလဲနှင့် လိုက်လျော ညီထွေစေရန်၊ ပြန်လည် ထူထောင်ရန်နှင့် လူတိုင်းလူတိုင်း စီးပွားရေးသို့ ပြန်လည်ရောက်ရှိစေရန် ကူညီပေးဖို့ ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကို အသုံးပြုခြင်းအတွက် ကတိကဝတ်ပြုထားခဲ့သည်။

Visa သည် အသေးစားစီးပွားရေးလုပ်ငန်းများကို ကူညီရန်အတွက် အချိန်နှင့်အမျှ ဖြစ်ပေါ်နေသော စွန့်ဦး တီထွင်သူများ၏ လိုအပ်ချက်များ ပြောင်းလဲလာသည်နှင့်အတူ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဆက်လက် ဖန်တီးရန် အစီအစဉ်များဖြင့် ဒစ်ဂျစ်တယ်ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် ရန်အတွက် အစပိုင်းတွင် အောက်ပါ မဟာဗျူဟာမြောက် နယ်ပယ်လေးခုတွင် အာရုံစိုက်နေခြင်းဖြစ်သည်။

PhotoCrd : VISA

Previous
Previous

Nova 7i ၏ အရောင်သစ် Skyline Grey (ငွေရောင်) အရောင်သစ် ကို မြန်မာနိုင်ငံတွင် စတင်ဝယ်ယူရရှိနိုင်ပြီ

Next
Next

နည်းပညာနယ်ပယ်ကသူတွေမဟုတ်တောင်ဘာလို့ Virtual machine ကိုစမ်းသုံးကြည့်သင့်လဲ?