ဒီနေ့ညကျင်းပမဲ့ WWDC 2020 apple event ကနေဘာတွေမျှော်လင့်လို့ရမလဲ?

နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ APPLE ရဲ့ WWDC (World Wide Developer Conference ) 2020 ဟာ covid-19 ကြောင့်အရင်နှစ်တွေနဲ့မတူပဲ online ‌‌ပေါ်က digital conference ‌အနေနဲ့ပဲလုပ်သွားမှာပါ။ဒီပွဲမှာတော့ APPLE ကအရင်နှစ်တွေနဲ့မတူဘဲ သာမန် IOS version အသစ်ထက် Gadgets အသစ်တွေနဲ့ နောက်လာမဲ့ Mac product အသစ်တွေမှာ Intel processor တွေကနေ ARM base ကိုယ်ပိုင် processor အသစ်တွေပါသုံးဖို့ရှိကြောင်းအရိပ်အမွက်ချပြနိုင်ပါတယ်။ Intel ကနေ ကိုယ်ပိုင် Chipset တွေကို ပြောင်းရတဲ့ APPLE ရဲ့အဓိကရည်ရွယ်ချက်ကတော့ပိုမိုစျေးသက်သာတဲ့ Mac အသစ်တွေထုတ်ဖို့ပါ။အဲ့တော့ကျွန်တော်တို့ ဒီ WWDC ကနေဘာတွေမျော်လင့်လို့ရမလဲ?

Apple IOS 14

ထုံးစံအတိုင်းပဲ Apple ရဲ့ iPhone အသစ်ကိုမကြေငြာခင်အရှေ့ event တစ်ခုမှာအမြဲတမ်း IOS version အသစ်ကိုချပြလေ့ရှိပါတယ်။ Apple ရဲ့အရင် stable ဖြစ်ပြီးသား IOS 12 ဗားရှင်းကို Feature တွေအများကြီးထပ်ထည့်ပြီး 13 လို့လုပ်လိုက်ကာမှ Bug နဲ့ error တွေ ( battery performance ကျသွားတာတို့ app တွေထွက်ထွက်သွားတာတို့) ပိုများလာလို့ version 12 ကို ပြန်လည်တောင်းတနေလို့ Apple အနေနဲ့ IOS 13 ကိုတော်တော် Stable ဖြစ်အောင်ပြန်လုပ်လိုက်ရပါတယ်။အဲ့တော့ Apple ကဒီအမှားကိုသင်ခန်းစာယူပြီး IOS 14 ကိုတော်တော်လေး Stable ဖြစ်အောင်ဦးစားပေးလာဖို့ရှိပါတယ်။

iPad OS 14

တောက်လျှောက်အတူတူတွဲသုံးလာတဲ့ OS ကိုအရင်နှစ်ကစပြီး Apple က iPhone IOS နဲ့ iPad IOS ကိုသပ်သပ်ဆီခွဲထုတ်လိုက်ပါတယ်။ Multitasking ကိုဦးစားပေးထားတဲ့ iPad OS ဟာ improvement တွေအပြင် Mouse နဲ့ Pencil support တွေအတွက်ပါအဓိကထားလာဖို့ရှိပါတယ်။

AMD ဘက်ကိုပြောင်းသုံးလာမဲ့ Apple

WWDC မှာအ‌ရေးကြီးဆုံးသတင်းတစ်ပုဒ်ဖြစ်လာမှာပါ။ ARM Based processor တွေသုံးလာရင်တန်ဖိုးသင့် Mac book‌ တွေပါမျှော်လင့်လို့ရပါပြီ။ Apple ရဲ့ ကိုယ်ပိုင် Processor ဘက်ကိုပြောင်းလာရတဲ့အဓိကရည်ရွယ်ချက်က Intel ရဲ့ စျေးနှုန်းကြောင့်ဖြစ်စေစွမ်းဆောင်ရည်ကြောင့်ဖြစ်စေတစ်ခုခုတော့သေချာပါတယ်။ ARM base chipset အသစ်တွေမှာပိုမိုကောင်းမွန်တဲ့ Graphic စွမ်းဆောင်ရည်နဲ့ AI အပြင်ဒီထက်ပိုပြီးပါဝါသုံးစွဲမှုလျှော့ချဖို့အတွက်ဖြစ်တယ်လို့ Bloomberg သတင်းအရသိရပါတယ်။ battery performance ပိုမိုကောင်းမွန်တဲ့ Mac တွေမြင်ရတော့မှာပါ။)iPhone ရဲ့ A series chipset တွေအစွမ်းထက်လာတဲ့အမျှ Apple က Mac အတွက်လဲ intel ကိုမှီခိုနေရမှုကိုလျှော့ချပြီးအရဲစွန့်ချင်တဲ့ပုံပါပဲ။

အဲ့တော့နောက်ဆုံးအနေနဲ့ WWDC မှာဘာမဆိုဖြစ်သွားနိုင်ပါတယ်။တန်ဖိုးနည်း iPhone အသစ်လဲမိတ်ဆက်လာနိုင်သလို Mac အသစ်လဲ လာနိုင်ပါတယ်။အဲ့တော့ ခန့်မှန်းချက်တွေကိုခဏထားပြီးဒီည WWDC မှာမိတ်ဆက်တာတွေကိုစောင့်ကြည့်လိုက်ရအောင်

Ref: the verge

Author : Hein Htet

Previous
Previous

အသုံးပြုသူတွေရဲ့အရေးကြီးအချက်အလက်တွေကိုထောက်လှမ်းနေတဲ့ extension ပေါင်း ၁၀၆ ခုကိုဖယ်ရှားခဲ့တဲ့ Chrome

Next
Next

AMD မှ Desktop အတွက်Ryzen 3000 XT series အသစ်မိတ်ဆက်