အသုံးပြုသူတွေရဲ့အရေးကြီးအချက်အလက်တွေကိုထောက်လှမ်းနေတဲ့ extension ပေါင်း ၁၀၆ ခုကိုဖယ်ရှားခဲ့တဲ့ Chrome
Malicious app တွေရဲ့ အများဆုံးဝင်ပေါက်ဖြစ်တဲ့ Play Store ကို Google က security ပိုင်းကိုသေချာလုပ်ဆောင်လာခဲ့ပြီးနောက်အခုမှာတော့ chrome ကအသုံးပြုသူအချက်အလက်တွေကိုတိတ်တခိုးယူဆောင်နေတဲ့ Extension 106 ခုကိုဖယ်ရှားလိုက်ရပါပြီ။

Awake security ရဲ့ဖော်ပြချက်အရအန္တရယ်ရှိ extension ပေါင်း 111 ခုဟာ May 2020 မှာ အကြိမ်ပေါင်း ၃၃သန်းဒေါင်းလုပ်ဆွဲခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ Extension အများစုဟာအန္တရယ်ရှိတဲ့ website တွေကိုတားဆီးဖို့နဲ့ web ရှာဖွေမှုပိုင်းပိုမိုတိုးတက်အောင်ထောက်ပံ့ပေးတဲ့ Extension တွေပဲဖြစ်ပါတယ်။ဒါပေမဲ့ အဲ့လိုလုပ်ပေးတဲ့ Extension အများစုဟာ တစ်ကယ်တော့ User တွေရဲ့ desktop ကို Screenshot ရိုက် clipboard တွေဖတ်, browsing history တွေဖတ်, keyboard ကရိုက်သမျှကိုမှတ်ထားပြီး Password တွေကိုမှတ် အရေးကြီးတဲ့ Password နဲ့ email သိမ်းထားတဲ့ Cookies တွေကိုပါစုဆည်းတာတွေပါလုပ်ပါတယ်။

အဲ့တော့ဒီ Extension တွေကို Antivirus တွေ Malware ရှင်းတဲ့ Software တွေနဲ့ဖယ်လို့ရလားဆိုရင်တစ်ချို့တစ်လေကတော့ရပြီး တစ်ချို့ကတော့ အဲ့ Anti-virus software တွေလက်ထဲကမမြင်ရအောင်ပုန်းရှောင်နိုင်ပါတယ်။သုတေသနပညာရှင်တွေကဒီ extension တွေဟာ website ပေါင်းများစွာကိုချိတ်ဆက်ပြီးပုဂ္ဂိုလ်ရေးအချက်အလက်တွေကိုဖလှယ်နေတယ်လို့ဆိုပါတယ်။ဒါပေမဲ့ Chrome ကို ကိုယ်ပိုင် cooperate network မှာသုံးနေတဲ့လူတွေအတွက် ဒီ extension တွေဟာ Data တွေကိုပေးပို့နိုင်ခြင်းမရှိသလိုအန္တရယ်ရှိတဲ့ website တွေကိုလည်းချိတ်ဆက်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။
Ref : techspot
Author : Hein Htet