AMD မှ Desktop အတွက်Ryzen 3000 XT series အသစ်မိတ်ဆက်
နောက်လမှာရောင်းချတော့မဲ့ AMD ရဲ့ Ryzen (ရိုင်ဇန်း) series အသစ်ဟာ အရင် series တွေလိုပဲ Zen 2 architecture နဲ့ 7nm နည်းပညာပေါ်မှာပဲအခြေခံထားတာဖြစ်ပါတယ်။ CPU အသစ်တို့ထုံးစံအတိုင်းပဲ ဒီ Ryzen XT series ဟာလဲစွမ်းဆောင်ရည်ပိုင်းကိုပိုမိုမြင့်တင်ပေးထားတာပဲဖြစ်ပါတယ်။
AMD မိတ်ဆက်ခဲ့တဲ့ Ryzen series ဟာမော်ဒယ်အသစ်သုံးမျိုးဖြစ်ပြီးအကုန်လုံးဟာXT version ဖြစ်တွေဖြစ်ပြီးအရင်ရိုးရိုး X နဲ့ G ထက်ပိုမြင့်ပါတယ်။ မော်ဒယ်အသစ်သုံးမျိုးကတော့ 3600XT, 3800XT နဲ့ 3900XT တို့ဖြစ်ပြီးအရင် 3600X,3800X,3900X တို့ကို clocked version ပိုမြှင့်ထားတာပဲဖြစ်ပါတယ်။အရင် X နဲ့ဘာကွာလဲဆိုတော့ base frequency ကတော့အတူတူပါပဲ ဒါပေမဲ့ XT က boost frequency ကပိုများပါတယ်။ AMD site ရဲ့အချက်အလက်အရ Ryzen 9 3900XT ဟာအရင် 3000 ထက် 4 ရာခိုင်နှုန်း thread တစ်ခုခြင်းစွမ်းဆောင်ရည်ပိုကောင်းပြီး 40 ရာခိုင်နှုန်း Power သုံးစွဲချွေတာမှုပိုကောင်းပါတယ်လို့ဖော်ပြထားပါတယ်။

AMD ကဒီ CPU တွေနဲ့ပတ်သက်ပြီး cooling ပိုင်းကိုအဓိကထားပြောသွားပေမဲ့ 3800XT နဲ့ 3900XT နှစ်မျိုးအတွက်ဘူးထဲမှာ cooler တွေပါဝင်မှာမဟုတ်ပါဘူး။ကြည့်ရတာ Cooling ပိုင်းကိုစိတ်ကြိုက်ဆင်ချင်တဲ့လူတွေအတွက် CPU စျေးကိုအတူတူထားရောင်းပြီး Cooling fan ကိုတစ်ခါတည်းမထဲ့ပေးထားလိုက်တာလဲဖြစ်နိုင်ပါတယ်။ဒါပေမဲ့ 3600XT မှာတော့ ဘူးထဲမှာအရင် 3000 series တွေလို Wraith Spire cooler ပါဝင်ပါတယ်။

CPU တစ်ခုခြင်းဆီရဲ့ Specification တွေကတော့ Ryzen 9 3900XT ကအမြင့်ဆုံးဖြစ်ပြီး သူ့မှာစုစုပေါင်း core အရေအတွက် ၁၂ ခုပါဝင်ပြီး Thread ကတော့ 24 Thread ပါဝင်ပါတယ်။Performance ပိုင်းမှာတော့ Base frequency က 3.8 GHZ ဖြစ်ပြီး Boost frequency ကတော့ 4.7 GHZ အထိရရှိမှာဖြစ်ပါတယ်။ Ryzen 7 3800XT ကတော့ 8 cores 16 Threads ပါဝင်ပြီး Base frequency 3.9 GHZ နဲ့ Boost frequency 4.7 GHZ အထိရရှိမှာပဲဖြစ်ပါတယ်။ Ryzen 5 3600XT ကတော့ 6 cores 12 Threads ပါဝင်ပြီး Base Frequency 3.8 GHZ နဲ့ Boost frequency 4.5 အထိအသီးသီးရရှိမှာပါ။စျေးနှုန်းတွေကတော့ Ryzen 9 က ၄၉၉ ဒေါ်လာ,Ryzen 7 က ၃၉၉ ဒေါ်လာနဲ့ Ryzen 5 က ၂၄၉ ဒေါ်လာတို့ကျသင့်မှာဖြစ်ပါတယ်။
Ref : AMD, Gsmarena
Photo crd : smartprix
Author : Hein Htet