၂၀၁၉ ရဲ့ SSD တင်ပို့မှုစျေးကွက်ကိုဦးဆောင်ထားနိုင်တဲ့ Kingston Technology

Memory နည်းပညာထုတ်ကုန်တွေနဲ့ ပတ်သက်ရင် Kingston က တစ်ကမ္ဘာလုံးမှာ ဦးဆောင်နေတာကို အာလုံးသိကြပြီးသားဖြစ်မှာပါ။ အခုဆိုရင် သူတို့ရဲ့ SSD တွေဟာ ၂၀၁၉ နောက်ပိုင်းကနေစပြီး အရှိန်အဟုန်နဲ့ တိုးတက်လာတယ်ဆိုတာကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ သုံးစွဲသူတွေအပြင် ထုတ်လုပ်သူတွေနှင့် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ SSD လိုအပ်ချက်တွေဟာ ၂၀၂၀ အစပိုင်းအထိ ဆက်လက်မြင့်တက်နေပါတယ်။ Kingston အနေနဲ့စျေးကွက်ဖြန့်ကျက်မှုအပိုင်းမှာ Client SSD အသစ်သုံးမျိုး၊ Datacenter SSD အသစ်ငါးမျိုးတို့ကိုထုတ်လုပ်ထားပြီး၊ ထို Datacenter SSD ငါးမျိုးထဲမှာမှ နှစ်မျိုးက VMware Ready Status ရရှိထားကာ၊ တစ်မျိုးကတော့ သူ့ရဲ့ပထမဆုံး U.2 NVMe PCIe solution အဖြစ်မိတ်ဆက်ခဲ့ပါတယ်။

စျေးကွက်ဆိုင်ရာအချက်အလက်ဖော်ပြတဲ့ Forward Insights နဲ့ TRENDFOCUS တို့အဆိုအရ ၂၀၁၉ မှာ Kingston ဟာဈေးကွက်ဦးဆောင်တဲ့နေရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Forward Insights ရဲ့အဆင့်သတ်မှတ်ချက်အရ SSD တင်ပို့ရောင်းချမှုဈေးကွက်တွင် Kingston ဟာဈေးကွက်ဝေစု ၁၈.၃ ရာခိုင်နှုန်းနှင့်အတူ ပထမနေရာတွင်ရရှိထားပါတယ်။ Semiconductor ထုတ်လုပ်သူတွေဖြစ်တဲ့ Western Digital နဲ့ Samsung တို့ကတော့ စျေးကွက်ဝေစုအနေနှင့် ၁၆.၅ နဲ့ ၁၅.၁ ရာခိုင်နှုန်းဆီအသီးသီးရရှိထားပါတယ်။ Forward Insights ရဲ့အချက်အလက်အရ ၂၁၀၉ ခုနှစ် SSD ဈေးကွက်တွင် SSD အရေအတွက်သန်းပေါင်း ၁၂၀ ခန့်ကို တင်ပို့ရောင်းချခဲ့တယ်လို့သိရပါတယ်။

Forward Insight ရဲ့ ဥက္ကဌဖြစ်သူ Gregory Wong က “၂၀၁၈ မှစတင်ကာ SSD စျေးကွက်တွင် တင်ပို့‌ရောင်းချမှုစုစုပေါင်းအနေနှင့် ၃၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သောကြောင့် စျေးကွက်လိုအပ်ချက်အရမ်းမြင့်မားခဲ့တယ်” လို့ပြောကြားထားပါတယ်။ SSD တင်ပို့ရောင်းချမှုဟာ မြင့်တက်လာနေတဲ့အတွက် NAND အသုံးပြုမှုလည်းမြင့်တက်လျက်ရှိပါတယ်။ TRENDFOCUS ရဲ့ ဒုသမ္မတ Don Jeanette က “၂၀၁၉ သုံးစွဲသူဈေးကွက်တွင် သင့်တင့်မျှတတဲ့စျေးနှုန်းကြောင့် SSD ဝယ်လိုအားတိုးတက်လာတာဖြစ်ပြီး၊ Original equipment ထုတ်လုပ်သူတွေရဲ့ SSD တွဲဖက်တပ်ဆင်မှုဟာလည်းမြင့်တက်ခဲ့တယ်” လို့ပြောကြားခဲ့ပါတယ်။ “၂၀၂၀ တွင် PC တွင်း SSD တပ်ဆင်သုံးပြုမှုတွေဟာဆက်လက်မြင့်တက်နေမှာဖြစ်ပြီး၊ Data center တွေမှာလည်း SATA SSD အသုံးပြုမှုမြင့်တက်လာမှာဖြစ်သလို၊ PCIe SSDအသုံးပြုတွေလည်းမြင့်တက်လာမယ်” လို့ဆက်လက်ပြောကြားထားပါတယ်။

Kingston က “လေ့လာဆန်းစစ်သောအဖွဲ့အစည်းနှစ်ခုရဲ့ ၂၀၁၉ သုတေသနအချက်အလက်တွေအရ Kingston ဟာ SSD ဈေးကွက်မှာ  ဖွံ့ဖြိုးတိုးတက်နေတယ် အတည်ပြုနိုင်ခဲ့ပါတယ်။ Kingston ဟာဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ခိုင်မာစေရန် သုံးစွဲသူဈေးကွက်တွင် notebook နှင့် desktop ကွန်ပြုများအတွက်အကောင်းဆုံးဖြစ်အောင်ထုတ်လုပ်ထားသော စွမ်းရည်မြင့် SATA နှင့် NVMe SSD များကိုပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ Original equipment ထုတ်လုပ်သူတွေအပြင် လက်တွဲထုတ်လုပ်သူတွေတိုးများလာတာနဲ့အမျှ ကျွန်တော်တို့အနေနဲ့  ‌Application နဲ့ Host environment မျိုးစုံအတွက် ခန်းမှန်းနိုင်သောစွမ်းဆောင်ရည်ရှိပြီး နှင့် ပိုမိုအားထားရသော Enterprise solution အသစ်များကို  ပံ့ပိုးပေးရတဲ့အတွက်တစ်ကယ်ကိုဂုဏ်ယူမိပါတယ်” ဟုပြောကြားခဲ့ပါတယ်။

Kingston Technology အကြောင်း Kingston Technology ဟာ ကမ္ဘာ့ Memory နှင့် နည်းပညာထုတ်ကုန်အခန်းကဏ္ဏမှာ ဦးဆောင်ထားနိုင်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Kingston ဟာ သူ့ရဲ့ နိုင်ငံတစ်ကွန်ယက်ဖြစ်သော ကုမ္ပဏီခွဲများ ထုတ်လုပ်ရေးစက်ရုံများမှတစ်ဆင့် တစ်ကမ္ဘာလုံးဆီသို့ DRAM၊ Flash၊ Embedded memory solution နှင့် HyperX တံဆိပ်ကွန်ပြူတာဆက်စပ်ပစ္စည်းများကို ပုံစံပြုထုတ်လုပ်ဖြန့်ချီလျက်ရှိပါတယ်။ Kingston ရဲ့အရောင်းရုံးများနှင့် ကိုယ်စားပြုရုံးများဟာအမေရိကန်၊ ကနေဒါ၊ တရုတ်၊ ဥရောပ၊ အရှေဥရောပ၊ အိန္ဒိယ၊ လက်တင်အမေရိက၊ ရရှားနှင့် ထိုင်ဝမ်စတဲ့နိုင်ငံများမှာတည်ရှိပါတယ်။

For more information visit kingston.com.

Kingston can be found on:

Facebook: https://www.facebook.com/KingstonMyanmar

YouTube: http://www.youtube.com/user/KingstonAPAC

Previous
Previous

AMD မှ Desktop အတွက်Ryzen 3000 XT series အသစ်မိတ်ဆက်

Next
Next

စမတ်ဖုန်းတွေရဲ့နောက်လာမဲ့နည်းပညာတွေကဘာတွေဖြစ်မလဲ?