ဒီနှစ်ရဲ့ Flagship ဖုန်းလေးလုံးဖြစ်တဲ့ iPhone 11 pro max , Galaxy S20 plus , OnePlus 8 pro နဲ့ Huawei P40 pro တို့လေးလုံးမှာဘယ်ဖုန်းကဘယ်နေရာတွေမှာအားသာလဲအားနည်းနေလဲ?

ဒီဆောင်ပါးမှာတော့ဖုန်းတစ်လုံးချင်းဆီကို Category အလိုက်အားနည်းချက်အားသာချက်တွေကိုဖော်ပြပေးမှာပဲဖြစ်ပါတယ်။စာရွက်ပေါ်ကအချက်အလက်တွေထက်နေ့စဉ်သုံးရတဲ့အတွေ့အကြုံတွေကိုအဓိကထားမှာဖြစ်ပါတယ်။

1.ဘယ်ဖုန်းကတစ်နေ့တာမှာကိုင်ရတာအကောင်းဆုံးဖုန်းလဲ?

အဲ့တော့ဒီဖုန်းလေးလုံးထဲမှာဘယ်အလုံးကိုင်ရတဲ့တစ်နေ့တာမှာအကောင်းဆုံးနဲ့အလိုက်ဖက်ဆုံးအလေးချိန်ကိုပေးနိုင်သလဲပေါ့။ာ Flagship အဆန်ဆုံး vibe ကိုပါပေးနိုင်ရမယ်။အဲ့တော့ဖုန်းတစ်လုံးချင်းဆီရဲ့အလေးချိန်လေးနဲ့စလိုက်ရ‌အောင်။ OnePlus 8 pro က 199 gram လေးပါတယ်။ S20 plus က 186 gram, P40 pro က 209 Gram နဲ့ ဒီထဲမှာ iPhone 11 proMax က 226 gram နဲ့အလေးဆုံးဖြစ်ပါတယ်။အပေါ့ဆုံးက S20 plus ဖြစ်ပြီး ၁၈၆ gram ပဲရှိပါတယ်။ 1 plus 8 pro ကတော့ ၁၉၉ gram နဲ့ p40 pro ကတော့ ၂၀၉ gram အသီးသီးရှိပါတယ်။ S20 plus ကကိုင်ရသမျှထဲမှာအပေါ့ဆုံးနဲ့အပါးဆုံးနဲ့ကိုင်ရတာလဲမလေးသလိုပေါ့ရွှတ်ရွှတ်လဲဖြစ်မနေပါဘူး။ ပြီးတော့ P40 pro ကလက်ထဲမှာကိုင်ရတာလုံးတယ်ပြီးတော့ သူ့ရယ် OnePlus 8 pro ရယ်က ကင်မရာ Bump တည်ဆောက်ပုံကသိသိသာသာငေါ်ထွက်နေပြီးတော့သုံးနေရင်းနဲ့လက်ကိုလာလာထိနေတယ်။iPhone 11 pro max ကျတော့ကင်မရာ Bump ကိုလက်နဲ့မထိပေမဲ့ကိုင်ရတာတော်တော်ကြီးကိုလေးကိုသူ့ကို cover တပ်ပြီးသုံးမယ်ဆိုရင်တော်တော်ကြီးကိုလေးသွားပြီး ။ S20 plusက Day to day သုံးတဲ့အခါမှာတအားကြီးလဲမလေးဘူး ကင်မရာ Bump လဲ ငေါ်မထွက်နေဘူးဆိုတော့အဲ့နှစ်ချက်နဲ့နေ့စဉ်ဘဝမှာသုံးဖို့အတွက်အကောင်းဆုံး Design ကိုပိုင်ဆိုင်ထားပါတယ်။အရှေ့ဘက်က Punch hole သေးသေးလေးကလဲကြာကြာကြည့်လေဆွဲဆောင်လေပဲ ပြီးတော့သူ့မှာ iPhone နည်းတူ unique ဖြစ်တဲ့ီဇိုင်းရှိတယ်။အဲ့တော့ဒီခေါင်းစဉ်မှာ S20 plus ကိုအကောင်းဆုံးပေးချင်ပါတယ်။

2. ဘယ်ဖုန်းကတစ်နေ့တာမှာစိတ်ကျေနပ်စရာစွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်လဲ?

နောက်တစ်ခုက‌‌တော့နေ့စဉ်သုံးတဲ့စွမ်းဆောင်ရည်ပေါ့။စွမ်းဆောင်ရည်ထဲမှာ CPU performance တွေကြီးပဲမဟုတ်ပဲ cooling ပိုင်း , UI  smoothness တွေနဲ့ Battery ပေါ့ စာရွက်ပေါ်ကအချက်အလက်တွေကတော့ကျွန်တော်တို့လက်ခံထားသလို ပဲ A 13 က အားလုံးထက်ပိုကောင်းတယ်။တစ်ကယ့် real မှာလဲ A 13 ကဂိမ်းဆော့တဲ့နေရာမှာရော social media Heavy usage တွေရောတော်တော်လေးကိုမဟန်းဘဲ မလေးဘဲ, မပူဘဲ ကိုင်တွယ်နိုင်တယ်။ CPU ranking စီရမယ်ဆိုရင်တော့ A13 ပီးရင်သူ့ရဲ့နောက်မှာတော့အစဉ်လိုက် SD 865, kirin 990 နဲ့ Exynox 990 တို့ဆက်တိုက်လာမယ်။ cooling ပိုင်းမှာအကောင်းဆုံးက P40 ဖြစ်ပြီးတော့အပူဆုံးကတော့ S20 plus ပါ။ဂိမ်းဆော့တာတွေအတွက် P40 ကပူတယ်ဒါပေမဲ့ သူကဆော့နေရင်းနဲ့အပူချိန်ကိုပြန်ထိန်းပေးတယ်။ iPhone ကကြတော့ဖြေးဖြေးချင်းအပူချိန်တက်လာတာ S20 ကကျတော့ ဆောင့်တက်တာ , OnePlus 8 pro ကျတော့သာမန်ပဲပူတယ်။ဒါပေမဲ့ Day to Day ပေါ့ပေ့ါပါးပါး usage မှာတော့ OnePlus 8 pro  ကမပူသလောက်ကိုရှိတယ်။ Samsung ကတော့ သာမန်သုံးလဲပူတယ်။များများသုံးလဲပူတယ်။နဲနဲသုံးလဲပူတယ်။Video call ပြောလဲပူတယ်။ဒါကလဲ Exynos ကြောင့်ပါ။ UI ပိုင်းလာပါပြီ။ UI မှာက IOS ကတော့သုံးဖူးတဲ့လူတွေသိလိမ့်မယ်။သူရဲ့ IOS ကိုက hardware နဲ့ Optimization ကကောင်းတယ်။မြန်တယ်သွက်တယ်။ ပြီးတော့ IOS မှာကသုံးဖူးရင်စွဲလမ်းစေတဲ့အကျင့်ရှိတယ်။အဲ့တော့ iPhone မှာက UI ဆိုတာထက်သူ့ရဲ့ OS ကြီးတစ်ခုလုံးမောင်းနှင်ပုံကိုက‌တော်တော်ကြီးလိုက်ဖက်ညီနေတာပါ။သူ့ဖုန်း,သူ့ Hardware သူ့ OS no need custom UI ပါ။ အဲ့တော့နောက်တစ်ခုက Huawei မှာဆို EMUI ပါမယ်။ S20 plus က One UI 2.0 နဲ့ OnePlus 8 Pro မှာတော့ Oxygen OSတို့ပါဝင်ပါတယ်။ အသုံးဝင်မှုပိုင်းမှာတော့ OnUI ကဗိုလ်စွဲပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Day to day usage မှာ One Handed mode ကိုသတိတရသုံးတဲ့လူတစ်ရာမှာ ငါးယောက်မရှိပါဘူး။ One UI 2.0 ရဲ့ button ထားတဲ့ပုံစံတွေ Function တွေရဲ့အထားအသိုပုံစံမှာ သုံးရတာလက်လှမ်းမှီသလိုခံစားရပါတယ်။ Smoothness ပိုင်းမှာ P40 pro ကထင်မထားလောက်အောင် One plus 8 pro နဲ့ S20 plus ရဲ့ 120 Hz တွေထက်လက်တွေ့သုံးရတာပိုကောင်းပါတယ်။ဘာဖြစ်လို့လဲဆိုတာနောက်လာမဲ့ Battery နဲ့ယှဉ်ပြောပါမယ်။ S20 plus နဲ့ OnePlus 8pro မှာ 120 Hz ကိုတစ်နေ့ကုန်ဖွင့်သုံးရင်ဖုန်းအားကတစ်ရက်အပြည့်တောင်မခံချင်ပါဘူး ပြီးတော့ နေရောင်အောက်မှာresolution အပြည့်နဲ့သုံးမယ်ဆိုရင်တော့နှစ်လုံးစလုံးရဲ့ Battery performance တွေက Power Bank ဆောင်ရမဲ့အနေအထားကိုရောက်သွားပါပြီ။ပြီးတော့ ဖုန်းနှစ်လုံးစလုံးမှာတက်လာတဲ့အပူချိန်ကဖုန်းကိုလက်ထဲကခဏချထားရပါတယ်။အဲ့တော့ 120 hz ထဲ့ထားပေးပြီးတော့မှသုံးချင်မှာပေါ့ သုံးရတာသိပ်အဆင်မပြေဘူးဆိုတော့ 60 Hz ကိုဆင်းသုံးပါတယ်။ အဲ့တာကြောင့် P40 pro ရဲ့  full resolution မှာ 90 Hz နဲ့သုံးရတာလေးကိုသဘောကျမိပါတယ်။ Overall User experience ပိုင်းမှာ iPhone 11 pro max ကိုအကောင်းဆုံးပေးချင်ပါတယ်။ Smoothness ပိုင်းမှာတော့ Huawei ရဲ့  90 Hz + full resolution ကတော်တော်လေးကိုသင့်တော်တဲ့ရွေးချယ်မှုပါ။

3. ဘယ်ဖုန်းက Entertainment ပိုင်းမှာအကောင်းဆုံးစွမ်းဆောင်ရည်ကိုပေးနိုင်လဲ?

အဲ့တော့နောက်တစ်ခု ဖုန်းတွေက display ပိုင်းတွေကကောင်းလာပြီဆိုတော့ Entertainment ပိုင်းကိုချန်ထားလို့မရပါဘူး။ display မှာ‌တော့ P 40 pro က OLED , S20 plus dynamic OLED , OnePlus 8 pro က fluid AMOLED နဲ့ iPhone 11 pro max က Super retina XDR display ပါ သူလဲ OLED ပါပဲ။ အဲ့တော့ အကောင်းဆုံးကနေစပြီး Ranking ပေးရမယ်ဆိုရင် S20 plus , OnePlus 8 pro , P40 pro နဲ့ iPhone 11 pro Max ပါ။ Samsung က Flagship ဖုန်းမဟုတ်ရင်တောင်မှ သူ့ရဲ့ Display ကတော်တော်ကောင်းတာအားလုံးလဲသိကြပါတယ်။ ဒီနေရာမှာ Entertainment ပိုင်းဖြစ်တဲ့အတွက် Notch တွေ screen to body ratio တွေရဲ့အပိုင်းကလဲချန်ထားခဲ့လိုမရပါဘူး။ Samsung ရဲ့ Punch hole ထားတဲ့ပုံစံကတော်တော်လေးကိုကြည့်ကောင်းသလို Screen to body ratio ကလဲ ရုပ်ကိုပိုကြွစေပါတယ်။ အဲ့တော့သူက Dolby Atmos ကလဲ Flagship ဖုန်းတွေရဲ့ Speaker ပိုင်းမှာတော်တော်လေးအသံညက်ပါတယ်။အဲ့တော့ S20 plus ကလေးလုံးထဲမှာ Screen to body ratio အများဆုံးနဲ့ Punch hole camera ကလဲအသေးဆုံးမှာ Field of vision အပြင် content ကိုမြင်နိုင်စွမ်းအားမှာ S20 က အကောင်းဆုံးပါ။ပြီးတော့ သူ့ရဲ့ display ကလဲ flagship ဖုန်းတွေထဲမှာအကောင်းဆုံး top of the line ဆိုတော့ ဒီ category မှာ S20 plus ကိုအကောင်းဆုံးပေးချင်ပါတယ်။

4. ဘယ်ဖုန်းက Price to performance အကောင်းဆုံးလဲ ?

ဒီမှာ‌တော့ဖုန်းတွေရဲ့စျေးနှုန်းနဲ့ချိန်ညှိကြည့်ရမှာပေါ့။ iPhone 11 pro max က 64 GB Nano sim နဲ့ဆို ၁၈သိန်း Galaxy S20 plus က Ram 8 Gb, 128 Gb ကို 1549000 , P40 pro က 1599000 နဲ့ OnePlus 8 pro ကတော့ 1080000 ကျသင့်ပါတယ်။အဲ့တော့စျေးနှုန်းမှာအများဆုံးကတော့ထုံးစံအတိုင်းပဲ iPhone 11 pro max နဲ့အနဲဆုံးကတော့ OnePlus 8 pro ပါ။ စွမ်းဆောင်ရည်ပိုင်းမှာကြည့်မယ်ဆိုရင် OnePlus 8 pro က တခြား Flag Ship ဖုန်းတွေလုပ်နိုင်တာမှန်သမျှအကုန်လုပ်နိုင်ပါတယ်။ ဥပမာ သူ့မှာ S20 plus ရဲ့ 120 hz refresh လဲပါတယ်။ SOC ဆိုလဲ Snapdragon 865 နဲ့ Ram 8 GB , WiFi 6 အပြင် Bluetooth 5.1  wireless charging ,water and dust resistance IP68 တို့နဲ့ Flagship ဖုန်းတစ်လုံးမှာရှိသင့်တဲ့ Feature တွေနဲ့ စွမ်းဆောင်ရည်တွေလွတ်နေတာမျိုးမရှိပါဘူး။အဲ့တော့ OS ပိုင်ဂျီးမများဘူး ကင်မရာကိုချွန်ထွက်နေတာမျိုးမဟုတ်လဲရတယ်ဆိုတဲ့လူတွေအတွက်က OnePlus 8 pro ဖုန်းက Price to performance အကောင်းဆုံး Flagship ဖုန်းဖြစ်ပါတယ်။

Author : Hein Htet

Photocrd : Gadgetsnow, 3G, SuperG,digitaltrends.com

Previous
Previous

စမတ်ဖုန်းတွေရဲ့နောက်လာမဲ့နည်းပညာတွေကဘာတွေဖြစ်မလဲ?

Next
Next

စတိုင်ကျနလှပသော Galaxy Tab S6 Lite Tablet အသစ်နှင့် ဖန်တီး၊ သင်ကြား၊ အပန်းဖြေလိုက်ပါ