စမတ်ဖုန်းတွေရဲ့နောက်လာမဲ့နည်းပညာတွေကဘာတွေဖြစ်မလဲ?

Nokia ခေတ်ကထဲကဒီဇိုင်းပိုင်းသိသိသာနဲ့ပြောင်းလဲလာတဲ့ Smart phone တွေဟာနောက်ဆုံးမှာတော့ပြောင်းလဲစရာကုန်သွားပြီလို့ထင်ရနိုင်ပါတယ်။ဥပမာ ဖုန်းတွေက SOC Performance တွေမြင့်လာပေမဲ့နည်းပညာကဒီနည်းပညာပဲဖြစ်နေမယ်။

ဘောင်အပျောက်ဖြစ်ကုန်တာကလွဲရင်အမြင်ပိုင်းပြောင်းလဲစရာသိပ်မရှိတော့တဲ့ smartphone ခေတ်ရေစီကြောင်းမှာခေါက်ချိုးဖုန်းတွေကလွဲရင် Nokia ကနေ Apple ဖြစ်လာမဲ့ revolutionary စမတ်ဖုန်းနည်းပညာတွေအကြောင်းကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်။

Display အောက်က ကင်မရာ

ပထမဆုံးဘောင်အပျောက်ဖြစ်လာမဲ့အမြင်ပိုင်းသိသိသာပြောင်းလဲလာမဲ့နေရာကိုကူညီပေမဲ့ Notch တွေ Punch hole တွေနေရာတွေကိုအစားထိုးမဲ့နည်းပညာကတော့ under display selfie ကင်မရာပါ။အရင်မျိုးဆက်တုန်းက android ဖုန်းတွေရဲ့ Home button မှာခပ်ကြာကြာမနေလိုက်ရတဲ့ Finger print sensor ၂၀၂၀ မှာ display အောက်‌ရောက်သွားတယ်။ အဲ့လိုပဲ နောက်ထပ်အကြီးကြီးပြောင်းလဲလာမဲ့နည်းပညာဖြစ်တဲ့ Under display selfie camera ကကောသုံးရဖို့ဘယ်နှစ်နှစ်ကြာဦးမှာလဲ။ဒါကသိပ်မလိုတော့ပါဘူး။Vivo ရဲ့ Concept ဖုန်းဖြစ်တဲ့ Apex ဖုန်းနဲ့ OPPO ကလဲ under display font camera ပါတဲ့ဖုန်းကိုချပြခဲ့ပြီးပြီဖြစ်ပါတယ်။အဲ့တော့ကင်ရာအရည်အသွေးကလဲလက်ရှိစမတ်ဖုန်းတွေထက်မညံ့တော့ဘူးဆိုရင်စျေးကွက်ထဲကိုရောက်လာဖို့ကသိပ်မလိုတော့ပါဘူး။

လေထဲကနေအားသွင်းမယ်။

Battery နည်းပညာမှာဆိုရင်သိုလှောင်နိုင်မှုပမာဏတွေများလာမယ် Fast charging တွေဖြစ်လာမယ် နောက်ဆုံး wireless charging မှာဆိုရင် Fast wireless charging တွေပါဖြစ်လာပြီ။ ဒါပေမဲ့အဲ့တာတွေက Battery ပမာဏဘယ်လောက်များများအားသွင်းနှုန်းဘယ်လောက်မြန်မြန်အားကုန်သွားရင်တော့သုံးနေတာကိုရပ်ပြီးအားပြန်သွင်းရတာပဲဖြစ်ပါတယ်။ Over the air charge နည်းပညာကတော့လေထဲကနေအားသွင်းတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ဒီနည်းပညာရဲ့သဘောတရားကတော့အခု cell phone tower တွေထောင်ထားသလိုဖုန်းကို over the air charge အကွာအဝေးထဲဝင်သွားရင်အလိုအလျှောက်အားသွင်းပေးတာဖြစ်ပါတယ်။ဥပမာ over the air charge လွှင့်ထားတဲ့အခန်းထဲကိုရောက်သွားရင်ဖုန်းကအလိုအလျောက်အားသွင်းတာဖြစ်ပါတယ်။အဲ့တာဆိုရင်တော့ကို့ဖုန်းအားကုန်သွားမှာလုံးဝစိုးရိမ်စရာလိုတော့မှာမဟုတ်သလို Battery  သိုလှောင်မှုပမာဏနည်းတာတွေနဲ့ charging ကြိုးတွေလဲသယ်သွားစရာလိုတော့မှာမဟုတ်ပါဘူး။

ဖုန်းရဲ့ကိုယ်ထည်ကိုကြိုက်တဲ့အရောင်ပြောင်းမယ်။

ဖုန်းတွေကဒီနေ့ခေတ်မှာအရောင်ပေါင်းစုံနဲ့လာသလောက်လူတွေရဲ့စိတ်ကလဲအရောင်တွေဘယ်လောက်အသစ်ထွက်ထွက်တစ်ခုဆိုတစ်ခုစိတ်ကျေနပ်မှုမရှိကြပါဘူး။ဖုန်းတွေရဲ့အ‌ရောင်ကလဲအရင်တုန်းကဆိုအဖြူနဲ့အနက်နှစ်ရောင်ထဲရှိရာကနေအခုဆိုရင်အရောင်ပေါင်းစုံဖြစ်လာတဲ့အတွက်ဝယ်တဲ့လူတွေအနေနဲ့လဲခေါင်းကိုက်ရပါတယ်။ဖုန်းကိုတစ်ခါဝယ်ပြီးကိုယ်ကိုင်တဲ့သက်တမ်းတစ်လျှောက်ကိုယ်ကြိုက်တဲ့အရောင်သာပြောင်းလို့ရမယ်ဆိုရင်အရောင်နဲ့ပတ်သက်ပြီးတော်တော်ကြီးကိုစိတ်အေးရမှာပါ။ဖုန်းတစ်လုံးလုံးကိုဗူးစဖွင့်ထဲကအကြည်ရောင်ဖန်သားနဲ့အလင်းမှန်သမျှကိုစုပ်ယူနိုင်ပြီးအထဲက LED မီးလုံးတွေနဲ့ Setting ထဲမှာ ကိုယ်ကြိုက်တဲ့အ‌ရောင်သာပြောင်းလို့ရလားဆိုရင်ဒီနည်းပညာဟာ Revolutionary နည်းပညာတစ်ခုဖြစ်လာမှာပါ။

အနာဂတ်မှာစမတ်ဖုန်းတွေရှိကောရှိနေဦးမှမလား?

ခေတ်တစ်ခေတ်ဆိုတာအစရှိရင်အဆုံးရှိပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာမင်းမူလာတဲ့smart phone တွေနေရာမှာ smart glass တွေနဲ့ ကွေးနိုင်တဲ့ smart watch တွေပါနေရာယူလာမယ်ဆိုရင်ကော? တစ်ယောက်ယောက်ကဖုန်းခေါ်လာတဲ့အချိန်မှာကို့ရဲ့ smart glass ကနေတစ်ဆင့်ကို့မျက်စိရှေ့မှာပေါ်လာတယ်ဆိုရင်ဖုန်းကိုတစ်ကူးတစ်ကလက်ကနေကိုင်စရာမလိုတော့ပါဘူး။ကို့ရဲ့မျက်စိသွားလာမှုကိုလိုက်ပြီး အခု Google lens လို အရာဝတ္ထုကိုကြည့်လိုက်တာနဲ့အရာဝတ္ထူရဲ့ အချက်အလက်တွေကိုတစ်ခါတည်းတန်းကြည့်နိုင်မယ်ဆိုရင်အနာဂတ်ရဲ့နည်းပညာကလက်ထဲကနေမျက်စိရှေ့ကိုရောက်လာမှာပါ။

Author : Hein Htet

Ref : android authority

Previous
Previous

၂၀၁၉ ရဲ့ SSD တင်ပို့မှုစျေးကွက်ကိုဦးဆောင်ထားနိုင်တဲ့ Kingston Technology

Next
Next

ဒီနှစ်ရဲ့ Flagship ဖုန်းလေးလုံးဖြစ်တဲ့ iPhone 11 pro max , Galaxy S20 plus , OnePlus 8 pro နဲ့ Huawei P40 pro တို့လေးလုံးမှာဘယ်ဖုန်းကဘယ်နေရာတွေမှာအားသာလဲအားနည်းနေလဲ?