Pac man game ကစားတာကြည့်ပြီး coding မလိုဘဲပြန်ဖန်တီးပြခဲ့တဲ့ Nvidia ရဲ့ AI
ငယ်ငယ်ကတုန်းကကို့ကိုစားမဲ့အကောင်လေးတွေကိုရှောင်ပြီးကိုကပဲစေ့လေးတွေကုန်အောင်စားရတဲ့ game ဖြစ်တဲ့Pac man ကိုအခု Nvidia ရဲ့ AI က Pac man game ရဲ့ Game play ကိုကြည့်ပြီး code တစ်ကြောင်းမှရေးစရာမလိုဘဲ Pac man ဂိမ်းနောက်တစ်ခုအသစ်ဖန်တီးပြခဲ့ပါတယ်။ Coding မပါဝင်တဲ့အပြင် ဂိမ်းအတွက်ကြိုပြီး rendered ချထားတဲ့ပုံတွေတောင်မပါဝင်ခဲ့ပါဘူး။ AI model ကဂီမ်းရဲ့ကြည့်ရုံနဲ့တင်ဂိမ်းရဲ့ လုပ်ရှားမှုတွေကိုတွက်ချက်ပြီးရလာတဲ့အချက်အလက်တွေကို Frame တစ်ခုချင်းစီအလိုက်ပြန်လည်ဖန်တီးလိုက်တာပဲဖြစ်ပါတယ်။ ရလာတဲ့ဂိမ်းကတော့လူတစ်ယောက်အနေနဲ့ဆော့ကစားနိုင်ပြီး Nvidia ကတော့ ပထမဆုံး Coding မလိုပဲ AI ကဖန်တီးထားတဲ့ဆော့လို့ရတဲ့ဂိမ်းအဖြစ်ထုတ်တော့မှာပါ။

ဒါပေမဲ့ပြီးပြည့်စုံတဲ့အရာဆိုတာမရှိတဲ့ဒီလောကကြီးမှာ ဘယ်လောက်တော်တဲ့ AI ဖြစ်ဖြစ်ထိုနည်းလည်းကောင်းပါပဲ။ AI က Game play ကြည့်ပြီးဖန်တီးထားတဲ့ဒီဂိမ်းဟာ coding နဲ့ Rendering ချထားတဲ့ဂီမ်းလောက်ကြည်လင်ပြတ်သားမှုမရှိဘဲ ဂိမ်းထဲက Ghost တွေရဲ့အပြုအမူတွေကိုလဲအတိအကျဖမ်းယူနိုင်ခြင်းမရှိပါဘူး။ Ghosts တစ်ကောင်ချင်းဆီမှာထူးခြားတဲ့အပြုအမူတွေရှိပြီးအသွားအလာတွေမှာလဲသူ့ပုံစံနဲ့သူရှိပါတယ်။ဒါပေမဲ့ Pacman Game ရဲ့အခြေခံကျတဲ့အချက်ကတော့ Ghosts ကိုရှောင် ပဲစေ့လေးတွေကုန်အောင်ပြီးမသေဖို့ပဲဖြစ်ပါတယ်။

အဲ့ဒိဂိမ်းရဲ့အခြေခံကျတဲ့အချက်သုံးချက်ကို AI ကကြည့်ရုံနဲ့တင်ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။လူတွေက Pac man game ရဲ့သဘာဝကိုကြည့်ပြီးစည်းမျဉ်းစည်းကမ်းနဲ့အခြေခံကျတဲ့အချက်တွေကိုဂိမ်းအဖြစ်ပြန်လည်ဖန်တီးလိုက်တာနဲ့တူပါတယ်။ဒီနည်းပညာဟာနောက်ပိုင်းမှာ Developer တွေအတွက်ဂီမ်းဖန်တီးရာမှာအသုံးဝင်လာမဲ့နည်းပညာတစ်ခုဖြစ်လာမှာပါ။ AI ကိုလိုအပ်တဲ့ Data ကို Developer ကကျွေးလိုက်တာနဲ့ AI ကလိုအပ်တဲ့ variation တွေဖန်တီးပေးသွားမှာပါ။ဒါပေမဲ့ကျယ်ပြန်တဲ့နည်းပညာကြောင့်ပြီးပြည့်စုံတဲ့ AI ဖြစ်လာဖို့ကတော့တော်တော်အလှမ်းဝေးပါသေးတယ်။
Author: hein htet
Ref : theverge