Messenger မှာမသမာသူတွေရဲ့အလိမ်မခံရအောင်သတိပေးတဲ့ Pop up ထည့်သွင်းတော့မဲ့ Facebook

မသမာသူတွေရဲ့လက်ထဲကနေ Facebook ကရိုးသားသူတွေကိုတနည်းတစ်ဖုံကာကွယ်ပေးချင်နေတဲ့ပုံပါပဲ။လိမ်လည်လှည့်ဖြားသူတွေနဲ့စကားပြောနေရင်း App ကမသင်္ကာတော့ဘူးဆိုရင် POP up တက်လာပြီးသတိပေးမှာဖြစ်ပါတယ်။အလိမ်ခံရတော့မဲ့ရန်ကနေတစ်နည်းတစ်ဖုံကာကွယ်ပေးမဲ့အပြင်အန္တရယ်ပေးခြိမ်းခြောက်မဲ့ message တွေပါသတိပေးသွားမှာပါ။ဒီလုပ်ဆောင်ချက်ကအသက် ၁၈ နှစ်အောက်တွေအတွက်အဓိကထားရည်ရွယ်ထားတာဖြစ်ပြီးရည်မှန်းချက်ကတော့တစိမ်းတစ်ယောက်ဆီကအလားအလာရှိတဲ့လိမ်လည်မှုတွေနဲ့ခြိမ်းခြောက်မှုတွေကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်။ Facebook ကတော့ဒီလုပ်‌ဆောင်ချက်ဟာလူကြီးတစ်စိမ်းတစ်ယောက်ဆီကနေ Message ရောက်လာပြီဆိုရင် သတိပေးမှာဖြစ်ပြီးကိုယ်နဲ့မသိတဲ့လူတွေနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာစကားပြန်မပြောခင်သတိထားတက်ဖို့အသက်၁၈နှစ်အောက်လူငယ်တွေကိုပညာပေးဖိုအဓိကဖြစ်ပါတယ်။

Messenger အနေနဲ့ကိုယ်နဲ့ friend မဟုတ်တဲ့လူကလာချက်ရင်အဲ့လူရဲ့ ရည်ရွယ်ချက်ကိုသိဖို့သူရဲ့ အရင် Messageတွေကိုဝင်စစ်ပြီးသူငယ်ချင်းအယောင်ဆောင်နေလားဆိုတာသတိပေးမှာပါ။အဲ့တော့ fake acc နဲ့ တစ်ကယ့်အကောင့်အစစ်ကိုခွဲခြားပေးသလိုဖြစ်မှာပါ။ Cyber crime နဲ့လူလိမ်တွေကိုခွဲထုတ်ဖို့ Facebook နဲ့ တခြား Social app တွေကြိုးစားနေတာတော်တော်ကိုကြာပြီဖြစ်ပါတယ်။ဒါပေမဲ့နည်းပညာတွေမြင့်မားလာတဲ့အလျှောက်တစ်ချိန်ထဲမှာပဲလူလိမ်ပညာရပ်တွေဟာလဲတိုးတက်လာပြီးသူတို့ရဲ့လိမ်နည်းတွေဟာတစ်နေ့တစ်ခြားပိရိလာပြီးခန့်မှန်းရခက်လာပါပြီ။အသုံးပြုပုံ ပုံစံကိုခန့်မှန်းတာဟာ Facebook အတွက်အရေးကြီးလာပြီးအနာဂတ်မှာဆိုရင်တော့ Message တွေကိုပုံမှန်အနေနဲ့ encrypted လုပ်ဖို့စီစဉ်နေပါပြီ။ Facebook ကတော့အနာဂတ်မှာလုံခြုံရေးအတွက် full encryption ဟာ အဓီကအရေးကြီးလာမှာပါလို့ဆိုပါတယ်။

Author : Hein Htet

Ref : Microsoft news

Previous
Previous

Pac man game ကစားတာကြည့်ပြီး coding မလိုဘဲပြန်ဖန်တီးပြခဲ့တဲ့ Nvidia ရဲ့ AI

Next
Next

Bored in the House? အိမ်မှာနေရတုန်း မိသားစု နဲ့အမှတ်တရလှလှလေးတွေ ဖန်တီးလိုက်ပါ